ရမည်းသင်း မှောင်ခို ရွှေမှော် ပိတ်ပြီ

Wednesday, March 18, 2009 ·

ကိုဝိုင်း | ဘန်ကောက် (မဇ္ဈိမ) ။ ။ ရမည်းသင်းမြို့ မိုးထိမိုးမိတောင် ရွှေမှော်တွင် ရွှေရှာခြင်းကို အာဏာပိုင်များက ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း ပြန်လာသူ ရွှေမှော်သမားများက ပြောသည်။

“မိုးထိမိုးမိတောင် စီမံကိန်း” သည် ရမည်းသင်းမှ မိုင် ၃ဝ ခန့်ကွာဝေးပြီး ရွှေမှော်အတွင်းမှ တားမြစ် နယ်မြေ အတွင်း တူးနေကြသူများကို ယခင်က ဒေသခံရဲနှင့် သတ္တုတွင်း ဝန်ကြီးဌာန ဝန်ထမ်းများက လာဘ်ငွေယူ၍ ခွင့်ပြုထားသော်လည်း ယခုအခါ တူးခွင့်မပေးတော့ခြင်းဖြစ်သည်။

“အရင်ကတော့ နားလည်မှုကို လုပ်လို့ရတယ်။ အခုဟာက အဲဒီလိုမျိုး မရတော့ဘဲနဲ့ အဲဒီအထဲမှာ နေထိုင် လုပ်ကိုင်နေတဲ့ လူအကုန်လုံး လုပ်ခွင့်မပေးတော့ဘဲနဲ့ မောင်းထုတ်တာ။ လူတွေရဲ့ တဲတွေဆိုလည်း မီးရှို့တယ်။ စက်ပစ္စည်းတွေဆိုလည်း သိမ်းတယ်ပေါ့။ တချို့လည်းဖမ်းတယ်။ တချို့လည်း ထောင်ချတယ်ဗျ” ဟု သူက မဇ္ဈိမကို ပြောသည်။

ကျင်းပိုင်ရှင်အချို့သည် ရွှေငါးမူးသားခန့်ပါ ဗြုန်းအိတ်ဖြင့် တနေ့လျှင် အိတ် ၅ဝ အထိပင် ရရှိကြပြီး ဗြုန်းတအိတ် ကို ငွေကျပ် ၉ သောင်းအထိ တန်သည်ဟု သိရသည်။

လာဘ်ငွေကို ရွှေထွက်နှုန်းပေါ် မူတည်၍ ရွှေကျင်းပိုင်ရှင် တဦးချင်းက တနေ့လျှင် (၅-၁ဝ) သိန်းအကြား ပေးကြရသည်။

သို့သော် ယခင်လဆန်းမှစ၍ မောင်းထုတ်ခံကြရသဖြင့် တရားဝင် တူးခွင့်ရသည့်နေရာသို့ ပြန်သွားသူ တချို့ရှိသော်လည်း အများစုမှာ မှော်အတွင်းမှ ပြန်လည်ထွက်ခွာနေကြသည်။

တားမြစ်နယ်မြေအတွင်း လာဘ်ငွေပေး၍ ခိုးတူးနေကြသည်မှာ တနိုင်တပိုးသမားများသာမက သူရိန်နိုင်၊ တိုးပွားမန်း၊ တစ်သုံးလုံး၊ မြန်မာစိုးမိုး၊ ချမ်းငြိမ်းရွှေစင်၊ အေးငြိမ်းမွန် စသည့် ကုမ္ပဏီများလည်း ပါဝင်သည်။

“အဲဒီ ကုမ္ပဏီတွေကလည်း တားမြစ်နယ်မြေထဲမှာ ပေးကမ်းပြီး လုပ်နေတာပဲ။ တရားဝင်ထဲမှာကတော့ ဟန်ပြပဲရှိတယ်။ လတ်တလော မောင်းထုတ်နေတဲ့ ကာလမှာတော့ တားမြစ်နယ်ထဲက သူတို့ စက်တွေကို ခဏရပ်ပြီး ဖြုတ်ထားတာပေါ့။ ဒါပေမဲ့ ညမှာတော့ ဗြုန်းတွေကို ပိုက်ဆံပေးပြီး ခိုးတူးတယ်။ ခိုးတူးပြီး သူတို့ရဲ့ တရားဝင် နယ်မြေထဲက ကုမ္ပဏီတွေထဲကို သယ်ပြီး ကြိတ်ကြတယ်ပေါ့ဗျာ။ အရင်ကတော့ ကန့်သတ် နယ်မြေထဲ မှာပဲ ချကြိတ်ကြတာပေါ့” ဟု ရွှေတူးသမားတဦးက ပြောသည်။

လွန်ခဲ့သည် ၈ နှစ်အတွင်းက ဒေသခံများက စတင်တွေ့ရှိခဲ့သော “မိုးထိမိုးမိတောင် စီမံကိန်း” ရွှေမှော်တွင်းမှ တားမြစ်နယ်မြေအတွင်း ရွှေတူးနေသူများသည် မိုင်းရှုး၊ မိုးကုတ် အပါအဝင် နယ်စုံမှ မှော်လုပ်ငန်း ကျွှမ်းကျင် သူများ ဖြစ်ကြပြီး ရွှေကျင်းများအနီး၌ပင် တဲထိုးနေထိုင်ကြကာ ချက်ပြုတ်စားသောက်ကြခြင်းဖြစ်သည်။

တားမြစ်နယ်မြေအတွင်း ရွှေတူးနေသူ စုစုပေါင်း လူဦးရေ ခန့်မှန်းချေ ၁ သောင်းခန့်ရှိပြီး တရားဝင်နယ်မြေ အတွင်း တူးနေသူများနှင့် ပေါင်းလျှင် ၅ သောင်းကျော်ရှိမည်ဟု ခန့်မှန်းရသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2610-2009-03-17-12-35-16.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */