![]() မခင်ဥမ္မာ [photo:womenpeacesecurity.org] |
မခင်ဥမ္မာအား ပါဝင် တက်ရောက်ခွင့် ပြုပါက ၎င်းတို့အနေဖြင့် ဆွေးနွေးပွဲမှ ထွက်ခွာရမည်ဖြစ်ကြောင်း မြန်မာ စစ်ခေါင်းဆောင်များက ခြိမ်းခြောက် ခဲ့ကြသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ ချအမ်းမြို့တွင် အာဆီယံ ၁၀ နိုင်ငံ အစိုးရ ၀န်ကြီးများ ပါဝင်သည့် အစည်းအဝေးကို ၃ ရက်ကြာ ပြုလုပ်လျက်ရှိသည်။
ဆွေးနွေးပွဲ တက်ရောက်ရန် ပြင်ဆင်ထားသည့် ကမ္ဘောဒီးယားမှ Pen Somony ကိုလည်း ကမ္ဘောဒီးယား အစိုးရ ၀န်ကြီးများက တားမြစ်နိုင်ခဲ့ကြသည်ဟု သိရသည်။
၎င်းတို့ ၂ဦးသည် မြန်မာနှင့် ကမ္ဘောဒီးယား ၂ နိုင်ငံကို ကိုယ်စားပြုပြီး လက်ရှိပြုလုပ်နေသော အာဆီယံ အစည်းအဝေးတွင် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ပါဝင် ဆွေးနွေးနိုင်ရန် ဒေသတွင်း အဖွဲ့အစည်းများက စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။
၎င်းတို့ ၂ဦး ပါဝင်ခြင်းမရှိဘဲ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။
အာဏာရှင် နိုင်ငံတခုဖြစ်သည့် လာအိုနိုင်ငံမှ ကိုယ်စားလှယ်သည်လည်း ၎င်း၏ အာဏာပိုင်များက အရေးယူမည်ကို စိုးရိမ်သဖြင့် အစည်းအဝေးသို့ လာရောက်ခြင်းမရှိဟု AFP သတင်းတွင် ရေးသားထားသည်။
ထို့ကြောင့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်စဉ် ဒေသတွင်း တခြား နိုင်ငံ ၇ ခုမှ လူထုအခြေပြု အဖွဲ့များသာ ပါဝင်ခွင့် ရခဲ့သည်ဟု ဆိုသည်။
![]() အာဆီယံအစည်းအဝေးပြုလုပ်စဉ် မြန်မာစစ်အစိုးရကို စက်ဘီးစီးပြီး ကန့်ကွက်ကြသူများ (ဓာတ်ပုံ-Reuters) |










0 comments:
Post a Comment