ဗိုလ်ချုပ်မွေးနေ့ပွဲ ဒီချုပ် ကျင်းပ

Saturday, February 14, 2009 ·

ကိုဝိုင်း | ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို အမှတ်တရ ကျင်းပသည့် ကလေးများနေ့ပွဲသည် ဒီမိုကရေစီအတွက် ကျင်းပသည့် ပွဲပင်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ပြောဆိုသည်။

"မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း" ၏ ၉၄ နှစ်မြောက်မွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် ရန်ကုန်မြို့ အန်အယ်ဒီ ဗဟိုရုံး၌ ယနေ့ နေ့လယ်ပိုင်းတွင် အနှောင့်အယှက်မရှိ ကျင်းပခဲ့ပြီးနောက် ယခုလို ပြောဆိုခြင်းဖြစ်သည်။

"ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပြောခဲ့တဲ့ နိုင်ငံရေးမိန့်ခွန်းတွေမှာကို ဒီမိုကရေစီရဲ့ အနှစ်သာရ အဓိပ္ပာယ်တွေ အများကြီးပါပါတယ်။ ဒီနေ့ မိန့်ခွန်းပြိုင်ပွဲမှာလည်း အဲဒီမိန့်ခွန်းမျိုးတွေ ထည့်ပြီးတော့ ကလေးတွေကို ပြိုင်ခိုင်းပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီမိုကရေစီကို ယုံကြည်တယ်။ တိုင်းပြည်တိုးတက်ရေးအတွက် ဒီမိုကရေစီဝါဒသာလျှင် အကောင်းဆုံး ဖြစ်တယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း စကားပဲ။ ဒါ ဒီမိုကရေစီအတွက် ကျင်းပတဲ့ ပွဲတပွဲလို့ ပြောရင်ရပါတယ်" ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ပြည်သူလူထုအတွက် အနစ်နာခံဆောင်ရွက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်များကို လူငယ်များ သိရှိစေရေး၊ အတုယူနိုင်ရေးအတွက် ရည်ရွယ်၍ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ကလေးများနေ့အဖြစ် အန်အယ်ဒီက နှစ်စဉ် ကျင်းပလာခဲ့သည်။

အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးဝင်းတင်၊ သခင်စိုးမြင့်၊ ဦးလှဖေ၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေတို့ အပါအဝင် အန်အယ်ဒီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းရှိ မြို့နယ်များမှ ကလေးများ၊ တိုင်းနှင့်ပြည်နယ်များမှလာသော ကလေးများ၊ ကလေးမိဘများ စုစုပေါင်း လူဦးရေ ၃၀၀ ခန့် တက်ရောက်သည်။

ကလေးများအား ပန်းချီပြိုင်ပွဲ၊ ဗိုလ်ချုပ်မိန့်ခွန်း ဟောပြောပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲများ ကျင်းပပေး၍ ဆုများလည်း ချီးမြင့်သည်။

အင်္ဂလိပ်ကိုလိုနီလက်အောက်မှ မြန်မာတနိုင်ငံလုံး လွတ်လပ်ရေးရရှိစေရန် တိုင်းရင်းသားပေါင်းစုံနှင့် လက်တွဲ၍ ဦးဆောင်ခဲ့သူ၊ မြန်မာ့တပ်မတော်ကို ဦးဆောင်တည်ထောင်ခဲ့သူ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းကြောင်းကို ယနေ့ခေတ် ငယ်ရွယ်သူများအတွင်း သိရှိသူနည်းပါးလာမှုနှင့် ပတ်သက်၍ လက်ရှိအုပ်ချုပ်သူများ၏ စေတနာသာဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

"လက်ရှိပုဂ္ဂိုလ်များရဲ့ စေတနာပေါ့။ ဗိုလ်ချုပ်အကြောင်းကို နိုင်ငံတော်ဘက်က အများပြည်သူအတွက် ထုတ်လွှင့်ပေးတာတွေ မရှိသလောက် ဖြစ်ပါတယ်။ ပြီးတော့ ကျောင်းသင်ခန်းစာတွေထဲက ဆွဲထုတ်တယ် မထုတ်ဘူးဆိုတာ သူတို့ စေတနာပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်ဟာ မြန်မာနိုင်ငံ တပ်မတော်သမိုင်းနဲ့ လွတ်လပ်ရေးသမိုင်းမှာ ဘယ်တော့မှ ပျောက်သွားမှာ မဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်ထားပါတယ်" ဟု သူက ပြောသည်။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း ရွှေတိဂုံစေတီတော်၌ ဆုတောင်းလေ့ရှိသည့် "အင်္ဂါမိသားစု" ကလည်း "မြန်မာနိုင်ငံကလေးများနေ့ - ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့" ကို ဒဂုံမြို့နယ် ၅၄ ရပ်ကွက်တွင် ယနေ့ ညနေပိုင်းက ကျင်းပခဲ့ပြီး ဒဂုံ အမက ၆ မှ ကျောင်းသူကျောင်းသားလေးများကို ထမင်းကျွေး၍ အလှူအတန်းလုပ်ခဲ့ကြောင်း သိရသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2437-2009-02-13-12-48-25.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */