ဦးတင်ဦး၏ နေအိမ်အကျယ်ချုပ် သက်တမ်းတိုး

Saturday, February 14, 2009 ·

မဇ္ဈိမ | နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၏ နေအိမ် အကျယ်ချုပ် သက်တမ်းကို တိုးမြှင့်လိုက်ပြန်ကြောင်း သတင်းရပ်ကွက်များ အပြောအရ သိရသည်။

မကြာမီအသက် ၈၂ နှစ် ပြည့်မှာဖြစ်သော စစ်မှုထမ်းဟောင်းကြီး ဦးတင်ဦးကို နေအိမ် အကျယ်ချုပ် ချထား သည်မှာ ငါးနှစ် ပြည့်မြောက် သည့် သောကြာနေ့တွင် သက်တမ်း တိုးလိုက်ခြင်းဖြစ်သည်ဟု သတင်းရပ်ကွက်က ပြောသည်။

သက်တမ်းတနှစ် တိုးမြှင့်လိုက်ခြင်း ဖြစ်သည်ဟု သတင်းရပ်ကွက်များက ပြောသော်လည်း စစ်အစိုးရက ထုတ်ပြန်ခြင်း မရှိသေးသည့် အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကျန်ခေါင်းဆောင်များပင် အတည်ပြုရန် ခက်ခဲနေသည်။

"အကျယ်ချုပ်သက်တမ်းတိုးလိုက်တာကို အသေအချာမပြောနိုင်သေးပေမယ့် ဒီနေ့မှာ သူရဲ့ အကျယ်ချုပ် သက်တမ်းက ငါးနှစ်ပြည်တယ် ဆိုတော့ အစိုးရက သက်တမ်းတိုးတာဖြစ်နိုင်ပါတယ်" ဟု ပါတီပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းကပြောသည်။

ရန်ကုန်အခြေစိုက် မဇ္ဈိမသတင်းထောက်တဦးကလည်း အငြိမ်းစား ဗိုလ်ချုပ်ကြီးဦးတင်ဦး၏ နေအိမ်အကျယ်ချုပ် သက်တမ်း တိုးမြှင့်သည် ဟု ကြားသိရသော်လည်း ပြည်ထဲရေး ၀န်ကြီးဌာနဘက်မှ အတည်ပြုချက် မရနိုင်သေးဘဲ ရှိသည်ဟုဆိုသည်။

ဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂၀၀၃ ခုနှစ် မေလအတွင်းက မြန်မာပြည်အထက်ပိုင်း ဒီပဲယင်းဒေသတွင် နိုင်ငံရေး စည်းရုံးရေးခရီး လှည့်လည်စဉ် စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသော လူဆိုး၊ လူမိုက်များက အကြမ်းဖက် တိုက်ခိုက်ခံရပြီး အဖမ်းခံခဲ့ရသည်။

သူ့ကို ဗွေဆော်ဦးတွင် စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ချုပ်နှောင်ထားပြီးနောက် ၂၀၀၄ ခုနှစ်တွင် ရန်ကုန်နေအိမ်သို့ ခေါ်ဆောင်ပြီး အိမ်ချုပ်ချထားခြင်း ဖြစ်သည်။

အဖွဲ့ချုပ်အဆိုအရ လက်ရှိဥပဒေတွင် နေအိမ်အကျယ်ချုပ် သက်တမ်းသည် ဆက်တိုက် ငါးနှစ်ပြည့်ပြီးလျှင် ဆက်လက် တိုးမြှင့်၍ မရဟု ဆိုသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2439-2009-02-13-13-04-27.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */