မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ ၀န်ထမ်းရွေးချယ်လေ့ကျင့် ဥက္ကဌရာထူးအပါအ၀င် ထိပ်တန်းရာထူး အချို့ အပြောင်းအလဲ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သတင်းရပ်ကွက်များက ပြောသည်။
ပြည်သူ့ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥက္ကဌ ဒေါက်တာ သန်းညွှန့်နှင့် ပညာရေးဒုဝန်ကြီး ဦးမျိုးညွှန့်တို့ ရာထူးမှ အနားယူသွားပြီ ဖြစ်သည်ဟု သတင်းရပ်ကွက်များက ပြောသည်။
ထို့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်သူကို ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး ဥက္ကဌအဖြစ် ပြောင်းလဲခန့်အပ်လိုက်သည်။ ဤရာထူးမှာ ၀န်ကြီးရာထူးနှင့် တန်းတူအဆင့်ဖြစ်သည်။
ဦးကျော်သူသည် သမတဟောင်း ဦးမောင်မောင်၏သားဖြစ်ပြီး သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ ဥက္ကဌလည်းဖြစ်သည်။ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများတွင် ကူညီထောက်ပံ့ရေးနှင့် နိုင်ငံတကာအထောက်အပံ့များ ကွပ်ကဲရေး အတွက် ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာအစိုးရ ကိုယ်စားလှယ်တို့ဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်သည်။
ဖြစ်လာနိုင်သည့် ၀န်ကြီးအဖွဲ့အပြောင်းအလဲနှင့် ပတ်သက်၍ မဇ္ဈိမက ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သလို http://peacock-landnews.blogspot.com/2008/12/blog-post_09.html ယခုလက်ရှိအချိန်တွင် နှုတ်ထွက်ပြီးသွားသူအချို့ကို စတွေ့လာရသည်။
ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်းနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောလွင်တို့ ရာထူးမှ နှုတ်ထွက်ပြီး ဖြစ်သည်။
source by : http://www.mizzimaburmese.com/news/inside-burma/2373-2009-02-04-10-37-47.html
ထိပ်တန်း အစိုးရ ရာထူးအပြောင်းအလဲ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment