သတင်း မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ အနည်းဆုံး ၀န်ကြီး ၈ ဦးနှင့် မြို့တော်ဝန် တဦးသည် လက်ရှိရာထူးများမှ အနားယူပြီး နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် အမတ်များအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ် လျက်ရှိကြောင်း အစိုးရ သတင်းရပ်ကွက်များ အဆိုအရ သိရသည်။
သစ်တော၊ ဆောက်လုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ မွေးမြူရေး၊ အမှတ် (၁) စက်မှု၊ ပို့ဆောင်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ၀န်ကြီး ၈ ဦးနှင့် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် မဝေးလှသော အနာဂတ်တွင် အစိုးရအဖွဲ့ဝင် ရာထူးများမှ နှုတ်ထွက်မည်ဖြစ်ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း နေပြည်တော်ရှိ သတင်းရပ်ကွက်များက ပြောသည်။
အတိုက်အခံများနှင့် ဝေဖန်သူများ အပြင်းအထန် ကန့်ကွက်ထားသော်လည်း စစ်အစိုးရက နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင်လမ်းပြမြေပုံ ချမှတ်ထားကာ ၂၀၁၀ ခုနှစ်တွင် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲ ကျင်းပရေး လည်း ပါရှိသည်။
ပြည်တွင်း အကဲခတ်တဦးက "၀န်ကြီးဟောင်းတွေက ကြိမ်းသေနိုင်တဲ့ နေရာတွေမှာ ၀င်ပြိုင်လာကြလိမ့်မယ်" ဟု ပြောလိုက်ရင်း လက်ရှိ အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်းအနေဖြင့် မန္တလေးတွင်လည်းကောင်း၊ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်သည် မြစ်ကြီးနားတွင် ၀င်ပြိုင်နိုင်ဖွယ်ရှိသည်ဟု သူက ဆက်ပြောသည်။
စစ်အစိုးရမှသည် အရပ်သားအနည်းငယ် ရောစွက်လာမည့် အစိုးရပုံစံသစ် ဖြစ်ပေါ်လာရေး ဖန်တီးမည့် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပါဝင်ခွင့် မရအောင် ကန့်သတ်မှုများ ပြုလုပ်ဖွယ်ရှိသည်ဟု သူက ပြောသည်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် အနိုင်ရခဲ့သော်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပေးရန် စစ်အစိုးရက ငြင်းဆန်ထားသည်။ ထို့အပြင် ပါတီခေါင်းဆောင်နှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် သူမကိုပါ နေအိမ်၌ အကျယ်ချုပ်ချထားသည်။
နှုတ်ထွက်မည်ဆိုသော ၀န်ကြီး ၈ ဦးနှင့် မြို့တော်ဝန်၏ စာရင်းကို အောက်တွင် ဖော်ပြထားသည်။
ဝန်ကြီး ၈ ဦးနှင့် ရန်ကုန်မြို့တော်ဝန် ရာထူးမှ နှုတ်ထွက်မည်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment