NEJ | ပြည်တွင်းဂျာနယ်တခုဖြစ်သည့် News Watch ဂျာနယ် အယ်ဒီတာ ဦးခင်မောင်အေးနှင့် သတင်းထောက် မနောထွန်းတို့ နှစ်ဦး ဖေဖော်ဝါရီ (၄) ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့် နိုဝင်ဘာ (၆) ရက်နေ့၌ အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လအတွင်းက ထုတ်ဝေခဲ့သော News Watch ဂျာနယ်ပါ တရားရုံးဝန်ထမ်းများ လာဘ်ပေး လာဘ်ယူမှုနှင့် ပတ်သက်သည့် သတင်းတပုဒ်ကြောင့် ၎င်းတို့နှစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်း သတင်းရပ်ကွက်က သိရသည်။
အဆိုပါသတင်းမှာလည်း စစ်အစိုးရ၏ သတင်းစာတွင်ပါသော သတင်းအား မှီငြမ်းပြီး ရေးသားခဲ့ခြင်းသာ ဖြစ်ကြောင်း၊ သို့သော် ရေးသားသည့် သတင်းထောက်က ဗဟိုတရားရုံး၏ တာဝန်ရှိသူတဦးက ပြောကြား သည်ဟု ရေးသားခဲ့ကြောင်း သိရသည်။
အဆိုပါသတင်း ရေးသားသူ သတင်းထောက် မနောထွန်း၏ အမည်ရင်းမှာ ကိုထွန်းထွန်းသိန်းဖြစ်ပြီး ရွှေကူမြို့နယ်မှဖြစ်ကြောင်း၊ မိုးထက်နေ ကလောင်အမည်များဖြင့်လည်း ရေးသားသူဖြစ်ကြောင်း သိရသည်။
ဂျာနယ်၏သတင်းများကို တာဝန်ခံဖော်ပြခဲ့သူ အယ်ဒီတာ ဦးခင်မောင်အေးမှာ သတင်းစဉ်မှ အငြိမ်းစားယူထားသူတဦးဖြစ်သည်။
ယခုလွတ်မြောက်လာသော သတင်းထောက်နှင့်အယ်ဒီတာနှစ်ဦးတို့ကို အဆိုပါဂျာနယ်တိုက်၏ ပိုင်ရှင်က အလုပ်ဆက်ခန့်ရန် စိုးရိမ်နေကြောင်း၊ သို့သော် သတင်းထောက် မနောထွန်းက ယင်းဂျာနယ်တိုက်တွင် ဆက်လက် အလုပ်လုပ်လိုသူတဦးဖြစ်ကြောင်း ပြည်တွင်း အယ်ဒီတာတဦးက ပြောသည်။
source by : http://www.khitpyaing.org/news/February_09/5-2-09a.php
အဖမ်းခံရသော အယ်ဒီတာနှင့်သတင်းထောက် ပြန်လွတ်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment