မန္တလေးမီး အိမ်ခြေ သုံးရာကျော် ဆုံးရှုံး

Tuesday, February 10, 2009 ·

သန်းထိုက်ဦး | ချင်းမိုင် ။ ။ မန္တလေးမြို့ မြရည်နန္ဒာ မြို့သစ်တွင် ယမန်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ အနည်းဆုံး ၃၀၀ ကျော် မီးလောင်ကျွမ်းသွားခဲ့သည်။

ချမ်းမြသာစည် မြို့နယ်အတွင်း၌ ရှိသော မြရည်နန္ဒာ မြို့သစ်တွင် တင်္နလာနေ့ မွန်းလွဲ ၃ နာရီခန့်မှ စတင်ခဲ့ပြီး ၁၄၊ ၁၇၊ ၁၈ ရပ်ကွက်ရှိ နေအိမ်များ မီးလောင်ဆုံးရှုံးမှုထဲ ပါသွားသည်။

" အခုအချိန်ထိပေါ့နော် ကြက်ခြေနီကားတွေလည်း လာတုန်း ရှိသေးတာပေါ့နော်။ မနေ့တုံးက ၃ နာရီလောက်က စလောင်တာ၊ အဲဒါ ၄ နာရီခွဲပြီးမှ နည်းနည်း မီးညွန့်ကျိုးသွားတယ် " ဟု ဒေသခံ မျက်မြင် တဦးက မဇ္ဈိမကို ပြောပြသည်။

ချမ်းမြသာစည် မြို့နယ်တွင်းရှိ မီးသတ်ဌာနကတော့ မီးစတင် လောင်ကျွမ်းပုံနှင့် ပတ်သက်ပြီး စုံစမ်းဆဲဖြစ်ကြောင်း နှင့် အသေးစိတ် ပြောကြားရန် ငြင်းဆန်သွားသည်။

မီးဘေး ဒုက္ခသည်များအား မြရည်နန္ဒာလမ်းတွင်းရှိ ဆေးရုံနှင့် ဓမ္မာရုံများတွင် ခေတ္တနေရာချထားပေးသည်ဟု သိရသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2407-2009-02-10-08-45-51.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */