မဇ္ဈိမ | နယူးဒေလီ (မဇ္ဈိမ)။ ။ ဦးကျော်သူကို ဒုနိုင်ငံခြားရေး ၀န်ကြီးရာထူးမှ အရေးမပါသော ၀န်ကြီးအဆင့် ရာထူး ဖြစ်သော ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ ဥက္ကဌရာထူးသို့ မြန်မာ စစ်အစိုးရက ပြောင်းလဲ ခန့်အပ်လိုက်ခြင်းသည် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့၏ လုပ်ငန်းများကို ထိခိုက်မှာ မဟုတ်ကြောင်း တင်္နလာနေ့က ပြောကြားလိုက်သည်။
အာဆီယံ၊ ကုလသမဂ္ဂနှင့် မြန်မာစစ်အစိုးရ ကိုယ်စားလှယ်များ ပါဝင်သည့် နာဂစ်မုန်တိုင်းဒဏ် သင့်သူများ ကူညီထောက်ပံ့ရေးနှင့် အလှုငွေများ စောင့်ကြည့်ထိန်းကွပ်ရေး အဖွဲ့ဖြစ်သော သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ ဥက္ကဌနေရာကို ဦးကျော်သူ ဆက်လက် ယူထားခြင်းနှင့် ပတ်သက်ပြီး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Bishow Parajuli က ဘန်ကောက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခြင်း ဖြစ်သည်။
"တီစီဂျီ (သုံးပွင့်ဆိုင်ဗဟို) အဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်လိမ့်မယ်လို့ ကျနော်တော့ မထင်ဘူး" ဟု Bishow Parajuli က မဇ္ဈိမသို့ ပြောသည်။
လွန်ခဲ့သည့် သီတင်းပတ်အတွင်း မြန်မာစစ်အစိုးရက ဦးကျော်သူကို ဒုနိုင်ငံခြားရေး ၀န်ကြီးအဖြစ်မှ ပြည်သူ့ ၀န်ထမ်း ရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဌ အဖြစ် ပြောင်းလဲ ခန့်အပ်လိုက်သည်။
ရာထူး အပြောင်းအလဲနှင့် ပတ်သက်ပြီး စစ်အစိုးရက တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း အင်္ဂါနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဦးကျော်သူကို ရာထူးအသစ်နှင့် တွဲလျှက် သတင်း ထုတ်ပြန် ထားသည်ကို တွေ့ရသည်။
သို့သော်လည်း အပြောင်းအလဲသည် သုံးပွင့်ဆိုင်၏ လုပ်ငန်းများ မထိခိုက်ဘဲ အဖွဲ့ဥက္ကဌအဖြစ် ဦးကျော်သူသည် ပို၍ အလုပ်လုပ်နိုင်လာမည်ဟု Bishow Parajuli က ထင်ကြေးပေးလိုက်သည်။
"သိပ်အလုပ်မများတဲ့ နေရာကို ပို့လိုက်တာဆိုတော့ သူ့ (ဦးကျော်သူ) အနေနဲ့ တီစီဂျီအတွက် ပိုလုပ်နိုင်မယ်လို့ ကျနော်တော့ မျှော်လင့်တယ်" ဟု သူက မဇ္ဈိမသို့ ပြောသည်။
လူ ၁၄၀၀၀၀ ခန့် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ပြီး ၂.၄ သန်း အိုးအိမ် အခြေပျက်ဖြစ်ခဲ့ရသည့် နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ရာတွင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါး ကုန်ကျမည်ဟု တီစီဂျီက ခန့်မှန်းထားသည်။
ဦးကျော်သူသည် တီစီဂျီ၏ လုပ်ငန်းများ ပြန်လည် သုံးသပ်ခြင်းဆိုင်ရာ အစည်းအဝေးသို့ တင်္နလာနေ့က တက်ရောက်ခဲ့သော်လည်း သတင်းစာ ရှင်းလင်းပွဲတွင် ပါဝင်ပြောဆိုခြင်း မရှိခဲ့ပါ။
(ဇာနည် သတင်းပေးပို့၍ မုံပီး ရေးသားသည်။)
source by : http://www.mizzimaburmese.com/news/news-briefs/2408-2009-02-10-09-55-24.html
ဦးကျော်သူ ရာထူးအပြောင်းအလဲ သုံးပွင့်ဆိုင်လုပ်ငန်းများ မထိခိုက်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment