မြန်မာတယ်လီ ဆာဗာပျက်နေ

Tuesday, February 10, 2009 ·

နန်းဒေ၀ီ | နယူးဒေလီ။ ။ ပုဂ္ဂလိက အင်တာနက် ၀န်ဆောင်မှုတခုဖြစ်သည့် မြန်မာတယ်လီပို့တ်၏ ဆာဗာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ထိုမှ ချိတ်ဆက်ယူထားသည့် အင်တာနက်လိုင်းများ ယနေ့နံနက်တွင် သုံးစွဲမရနိုင်ဘဲ ဖြစ်နေသည်။

နံနက် ၇း၀၀ နာရီမှ စတင်ကာ ယခု သတင်းရေးသားချိန်အထိတိုင် ယခင် ပုဂံဆိုင်ဘာဟု ခေါ်တွင်ခဲ့သည့် Myanmr Teleport မှ အင်တာနက်လိုင်း သွယ်တန်းထားသူများ သုံးစွဲ၍ မရခြင်းဖြစ်သည်။

"ဆာဗာ ကေဘယ်လ် တလိုင်း ပျက်နေတယ်လို့ ပြောတယ်။ Technicians တွေတော့ လုပ်နေကြတယ်။ ဒီနေ့တော့ မသေချာဘူး။ ကျမတို့ ရုံးမှာလဲ လိုင်းမရဘူး" ဟု မြန်မာတယ်လီပို့တ် ဝန်ထမ်းတဦးက မဇ္ဈိမသို့ ပြောသည်။

မြန်မာနိုင်ငံတွင် အင်တာနက် ၀န်ဆောင်မှုပေးသည့် လုပ်ငန်းဌာန သုံးခုရှိရာ မြန်မာတယ်လီပို့တ်နှင့် အမ်ပီတီလိုင်းဟု လူသိများသည့် စာတိုက်နှင့် ကြေးနန်း ဆက်သွယ်ရေး ၀န်ကြီးဌာနပိုင် ဆာဗာနှင့် Information Technology Central Services (ITCS) အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများ ဖြစ်သည်။

အင်တာနက် ဝန်ဆောင်မှု အားလုံးကို အစိုးရက ထိန်းချုပ်ထားခြင်း ဖြစ်သည်။ Information Technology Central Services (ICTS) ကို ၂၀၀၇ ခုနှစ်က စတင် တည်ထောင်ထားသည်။ မြန်မာတယ်လီပို့တ်မှာ ပုဂ္ဂလိကပိုင် ဖြစ်ခဲ့သော်လည်း ထောက်လှမ်းရေး အကြီးအကဲဟောင်းနှင့် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို ရာထူးမှ ဖြုတ်ချပြီးကတည်းက စစ်တပ်က ထိန်းချုပ်လာခဲ့သည်။

"ဆိုင်က မနက် ၇ နာရီကတည်းက ဖွင့်တာ။ ပုဂံလိုင်း မလာဘူး။ ဒါပေမဲ့ MPT (ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန) နဲ့ဘဲ သွားနေတာ" ဟု ရန်ကုန်မြို့ အမေ့အိမ် အင်တာနက်ဆိုင်မှ ၀န်ထမ်းတဦးက ပြောသည်။

အလားတူ ရွှေမန်းတောင် အင်တာနက်ဆိုင်မှ ၀န်ထမ်းတဦးကလည်း " မနက်ကတည်းက မလာတာ ခုထိပဲ။ ပုဂံ တလိုင်းပဲ ယူထားတာ။ ဒါကြောင့် ဆိုင်ပိတ်ထားရတယ်။ " ဟု ပြောသည်။

ယခုအခါတွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ရာတနာပုံ ဆိုင်ဘာ မြို့တော်ကို တည်ဆောက်နေပြီး၊ နောင်တွင် မြန်မာနိုင်ငံ တနိုင်ငံလုံးကို အင်တာနက် ဖြန့်ဖြူးပေးမည့် တခုတည်းသော အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်သွားမှာ ဖြစ်သည်။

source by : http://www.mizzimaburmese.com/news/inside-burma/2406-2009-02-10-08-28-00.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */