အောင်သက်ဝိုင်း | ပဲခူးတိုင်း အတွင်းရှိ မြို့နယ် ၁၅ ခုတွင် ကြက်သား၊ ဘဲသား၊ ကြက်ဥ၊ ဘဲဥ ရောင်းဝယ်ခွင့် များကို ယခုလဆန်း ၁ ရက် နေ့မှစတင်၍ ပိတ်ပင်ထားကြောင်း ပဲခူးဒေသခံများနှင့် ပဲခူးတိုင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့မှ စုံစမ်းသိရှိရသည်။
ပဲခူးတိုင်း သာယာဝတီ ခရိုင်၊ ပြည် ခရိုင် အတွင်းရှိ မြို့နယ် ၁၅ ခုတွင် အပြင်းစား ကြက်လည်လိမ် ရောဂါ ကူးစက်ခြင်းကြောင့် ထိုသို့ ရောင်းဝယ်ခွင့် ပိတ်ပင်လိုက်ရခြင်းမှာ ဖြစ်ကြောင်း ပဲခူးတိုင်း မွေးမြူနေနှင့် ကုသရေး ဦးစီးဌာန အရာထမ်းတဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၁ ရက်နေ့က ပြည်မြို့ရှိ ကြက်ကောင်ရေ တထောင်နီးပါး မွေးမြူထားသော ကြက်ခြံ တခုတွင် ကြက်ကောင် ရေ ၂၆၀ နီးပါး စတင်သေဆုံးခဲ့ရာမှ အနီးပတ်ဝန်းကျင်ရှိ ကြက်မွေးမြူရေး ခြံများတွင်ပါ ရောဂါကူးစက်ပြီး ကြက်ကောင်ရေ ရာချီသေဆုံးမှုများ ရှိလာကြောင်းလည်း သိရသည်။
"ကြက်ငှက် တုပ်ကွေး ရောဂါ မဟုတ်ပါဘူး။ ကြက် လည်လိမ်ရောဂါ အပြင်းစား ရောဂါပါ။ လောလောဆယ်တော့
ကြက်သား၊ ကြက်ဥ၊ ဘဲသား၊ ဘဲဥ ရောင်းဝယ်တာတွေကို တရားဝင် ပိတ်ထားပါတယ်"ဟု အဆိုပါအရာရှိက ဆိုသည်။
ယခုအခါ ကြက်လည်လိမ် ရောဂါကြောင့် ကြက်ကောင်ရေ တသောင်းနီးပါး သက်ဆိုင်ရာက သုတ်သင် လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
ကြက်ဥ၊ ကြက်သား၊ ဘဲဥ၊ ဘဲသား ရောင်းဝယ်မှုများကို မပြုလုပ်ရန် သာယာဝတီ ခရိုင်နှင့် ပြည်ခရိုင်အတွင်း ဈေးများအားလုံးတွင် သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက် အာဏာပိုင်များက တရားဝင် လိုက်လံ အကြောင်း ကြားထားသည်။
ထိုသို့ ပိတ်ပင် ထားသော်လည်း ဈေးများတွင် ဆက်လက်၍ ခိုးဝှက်ရောင်းချနေဆဲ ဖြစ်ပြီး စားသုံးသူများကလည်း စားသုံးနေကြဆဲ ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ကြက်သားက တချို့ဈေးတွေမှာ တပိဿာ ကျပ် ၃၀၀၀၊ တချို့နေရာတွေနဲ့ မတူဘူး။ ရောဂါဖြစ်တဲ့ ပြည်မြို့နဲ့ နီးတဲ့ နေရာမှာဆို ပိုပြီးတော့ ကြက်၊ ဘဲ ဈေးပိုကျတယ်။ ကြက်ဥ၊ ဘဲဥက အရင်က ၁၅၀ ကနေ အခု ၈၀၊ ၇၀ ပဲရှိတယ်။ ငုံးဥက အရင်က ၆ လုံးကို ၂၀၀ ကနေ အခု ၆ လုံး ၁၀၀ နဲ့ ရောင်းပေမယ့် ၀ယ်စားတဲ့သူ မရှိဘူး”ဟု အုတ်ဖို ဒေသခံ တဦးက ပြောသည်။
ကြက်လည်လိမ် ရောဂါဖြစ်ပွားသည့် ကြက်ဘဲကို စားသုံးပါက နမိုးနီးယား အဆုတ်ရောဂါ တမျိုး ဖြစ်ပွားနိုင်သည် ဟု တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဆိုင်ရာ စာအုပ်စာတမ်း များတွင် ဖော်ပြထား သော်လည်း ရောဂါ ဖြစ်ပွားသည့် ကြက်ဘဲကို မစားသုံးသင့်ဟု ဖော်ပြထားခြင်း မရှိကြောင်း၊ သို့ရာတွင် ကြက်လည်လိမ် ရောဂါမှာ ကြက်၊ ဘဲများတွင် ကူးစက်မှု မြန်ဆန်သည့်အတွက် မစားသုံး သင့်ကြောင်း ရန်ကုန်တိုင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန် ဆေးကု ဆရာဝန်တဦးက ပြောသည်။
source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=683:2009-02-05-06-38-42&catid=1:news&Itemid=2
ပဲခူးတိုင်းမှာ ကြက်၊ ဘဲ မရောင်းရ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment