အိန္ဒိယ ဒု-သမ္မတ၏ မြန်မာနိုင်ငံသို့ ၄ ရက်ကြာခရီး

Thursday, February 05, 2009 ·

မဇ္ဈိမ | နယူးဒေလီ (မဇ္ဈိမ)။ ။ နှစ်နိုင်ငံ အကျိုးတူဆက်ဆံရေးကို အထောက်အကူဖြစ်ရေးအတွက် အိန္ဒိယ ဒုသမ္မတ အမ် ဟာမစ် အန်ဆာရီသည် မြန်မာနိုင်ငံသို့ ၄ ရက်ကြာ အလည်အပတ်ခရီးစဉ်အဖြစ် ကြာသပတေးနေ့တွင် စတင်ထွက်ခွာမည်ဖြစ်သည်။

ခရီးစဉ်နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ဗုဒ္ဓဟူးနေ့က ပြောပြခြင်းဖြစ်သည်။

"သူ (အန်ဆာရီ) ဟာ ၄ ရက်ကြာခရီးစဉ်ကို မနက်ဖြန် (ကြာသပတေးနေ့) မှာ စတင်မှာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန (MEA) မှ ထုတ်ပြန်သော ကြေညာချက်အရ ဒုသမ္မတ M. Hamid Ansari သည် သူ့ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ မြန်မာ-အိန္ဒိယ စီးပွားရေးလုပ်ငန်း စွမ်းဆောင်ရှင်များ ဖွံ့ဖြိုးရေးဗဟိုဌာန (Entrepreneurship Development Centre - EDC) ကို ဖွင့်လှစ်ပေးသွားမည်။

MIEDC ကို တည်ထောင်ရန် အိန္ဒိယနှင့် မြန်မာတို့ ၂ဝဝ၄ ခုနှစ် ဇူလိုင်လအတွင်းက နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြသည်။

အန်ဆာရီသည် မန္တလေးတွင် အိန္ဒိယနိုင်ငံ ကြေးနန်းဆက်သွယ်ရေး အတိုင်ပင်ခံလီမိတက် (TCIL) က တည်ဆောက်ပေးထားသည့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့နှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသမှ မဏိပူပြည်နယ် နယ်စပ်မြို့ မိုးရေးကို ဆက်သွယ်ထားသည့် ဖန်နန်းကြိုးမျှင် ဆက်သွယ်ရေးလိုင်းကိုလည်း ဖွင့်လှစ်သွားမည်။

စီမံကိန်းအတွက် ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၇ သန်းကို အိန္ဒိယက သူ၏ သွင်းကုန်ထုတ်ကုန် ဘဏ်မှ တဆင့် မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာဘက်မှ မြန်မာ စာတိုက်နှင့် ကြေးနန်းဌာန (MPT) က အကောင်အထည်ဖော်ရေး ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ မြန်မာနိုင်ငံတဝှမ်း နေရာ အနည်းဆုံး ၈ဝ တွင် ADSL 2+2 အင်တာနက်လိုင်းများ ဆက်သွယ် တပ်ဆင်ပေးခဲ့သည်ဟု အဆိုပါ ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

အိန္ဒိယ ဒု-သမ္မတသည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် မည်သည့်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည်မှာ မသိရသေး သော်လည်း၊ အိန္ဒိယ-မြန်မာ စက်မှုသင်တန်းကျောင်း (ITC) နှင့် အင်္ဂလိပ်ဘာသာ သင်ကြားလေ့ကျင့်ရေးဌာန (CELT) အတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးသည့် အခမ်းအနားများကိုလည်း တက်ရောက်ကြည့်ရှုမည်။

ITC သည် မြန်မာနိုင်ငံအလယ်ပိုင်း ပခုက္ကူမြို့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး၊ မြန်မာအစိုးရနှင့် အိန္ဒိယနိုင်ငံ HNT (International) တို့ ပူးပေါင်းလုပ်ဆောင်သည့် ဖက်စပ်လုပ်ငန်းဖြစ်သည်။ CELT မှာ အရှေ့တောင်အာရှ အာဆီယံနိုင်ငံများနှင့် အိန္ဒိယတို့ ပူးတွဲလုပ်ကိုင်သည့် စီမံကိန်းဖြစ်သည်။

ယခုခရီးစဉ်သည် ၂ဝဝ၉ ခုနှစ်အတွင်း အိန္ဒိယအဆင့်မြင့် တာဝန်ရှိသူတဦးအနေဖြင့် မြန်မာပြည်သို့ ပထမဆုံး ခရီးစဉ်ဖြစ်မည်။ အန်ဆာရီနှင့်အတူ စီးပွားကုန်သွယ်ကိုယ်စားလှယ် အဖွဲ့တဖွဲ့လည်း လိုက်ပါသွားမည်ဟု MEA ထုတ်ပြန်ချက်အရ သိရသည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံသည် မကြာသေးခင် နှစ်များအတွင်း နှစ်နိုင်ငံ အကျိုးတူဆက်ဆံရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ MEA မှ ထုတ်ပြန်သော စာရင်းအင်းများ အရ ၂ဝဝ၇-ဝ၈ ခုနှစ်အတွင်း နှစ်နိုင်ငံ အကျိုးတူကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၉ဝ၁ ဒဿမ ၃ သန်းရှိခဲ့ပြီး၊ မြန်မာဘက်မှ အိန္ဒိယဘက်သို့ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၂၇ ဒဿမ ၈၅ သန်း ရှိသည်ဟု ဆိုသည်။

ထိုနှစ်အတွင်း အိန္ဒိယဘက်မှ မြန်မာသို့ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၃ ဒဿမ ၄၆ သန်း ရှိခဲ့သည်။

(မုံပီးနှင့် ဆလိုင်းပီပီတို့ သတင်းပေးပို့သည်။)

source by : http://www.mizzimaburmese.com/news/regional/2377-2009-02-05-05-33-23.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */