အဲပုဂံလေယာဉ် ရန်ကုန်-ကွာလာလမ်ပူ ပြေးဆွဲမည်

Thursday, February 05, 2009 ·

NEJ | မလေးရှားနိုင်ငံ အခြေစိုက် Sanbumi Air Transport ကုမ္ပဏီက အဲပုဂံလေယာဉ်တစီးကို အသုံးပြုပြီး ရန်ကုန်- ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်ကို တပတ် (၂) ကြိမ် ပြေးဆွဲမည်ဖြစ်ကြောင်း လက်မှတ်အရောင်းကိုယ်စား လှယ်ရထားသူ Sun Far လေယာဉ်လက်မှတ် အရောင်းဌာနမှ အရောင်းတာဝန်ခံတဦးက ပြောသည်။

၎င်းက “ခရီးသည် (၉ဝ) ကျော်ဆန့်တဲ့ Forker 100 အဲပုဂံပိုင် လေယာဉ်နဲ့ ပြေးဆွဲမှာပါ။ တပတ် (၂) ရက် ကြာသပတေးနဲ့ တနင်္ဂနွေနေ့တွေမှာ ဖြစ်ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ (၅) ရက်နေ့က စဆွဲမှာပါ” ဟု ပြောသည်။

အသွားအပြန် (၁၄) ရက်ခံ လက်မှတ်အတွက် အမေရိကန် ဒေါ်လာ (၃၅ဝ)၊ (၁) လခံ လက်မှတ်အတွက် အမေရိကန် ဒေါ်လာ (၃၈ဝ)၊ တကြောင်းစာ အမေရိကန် ဒေါ်လာ (၂၃၅) သတ်မှတ်ထားသည့်အတွက် ယခင်ကြေညာထားသကဲ့သို့ ဈေးနှုန်း သိပ်မသက်သာကြောင်း သိရသည်။

လောလောဆယ် ကွာလာလမ်ပူ- ရန်ကုန် ပြေးဆွဲနေသည့် လေကြောင်းလိုင်း နှစ်လိုင်းရှိပြီး မလေးရှား အဲလိုင်းသည် (၆) လခံ အသွားအပြန်လက်မှတ် (၄၁၆) ဒေါ်လာ၊ (၉) လခံ အသွားအပြန် လက်မှတ် (၄၄၆) ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာအဲဝေး အင်တာနေရှင်နယ်မှာမူ (၁၄) ရက်ခံ လက်မှတ်ကို ဒေါ်လာ (၃၈ဝ) ဖြင့် ရောင်းချသည်။

အမည်မဖော်လိုသူ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တဦးက “အဲပုဂံဟာ ဒေသတွင်းနိုင်ငံတွေကို ပြေးဆွဲဖို့အတွက် လေယာဉ်စုစုပေါင်း (၉) စီးဝယ်ယူခဲ့ကြောင်း၊ ရန်ကုန်-တောင်ကိုရီးယား အင်ချွန်းလေဆိပ် စင်းလုံးငှား ခရီးစဉ် ပြေးဆွဲခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း၊ ရန်ကုန်-ဘန်ကောက်၊ ရန်ကုန်-စင်ကာပူ ခရီးစဉ်တွေ ပြေးဆွဲခဲ့ပေမယ့်လည်း အဆင်မပြေဘဲ နောက်ဆုံး ရပ်ဆိုင်းသွားရကြောင်း၊ ဒါကြောင့် ပြည်တွင်းခရီးစဉ်တွေကိုပဲ အားပြုပြေးဆွဲတာဖြစ်ကြောင်း” ပြောသည်။

အဲပုဂံလေယာဉ်များသည် ပြည်တွင်း ပြည်ပ ခရီးစဉ်များ၌ မကြာခဏ မတော်တဆမှုများ ဖြစ်ပွားခဲ့ပြီး ပူတာအို လေယာဉ်ကွင်းတွင် (၁) ကြိမ်၊ ဟဲဟိုးလေယာဉ်ကွင်း (၁) ကြိမ် ကြီးမားသည့် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း၊ ရန်ကုန်-ဘန်ကောက် ပြေးဆွဲရာ၌လည်း ပထမဦးဆုံး ဖွင့်ပွဲနေ့က ဘန်ကောက် လေယာဉ်ကွင်းတွင် လေယာဉ် မတော်တဆ ဖြစ်၍ နေ့ချင်း မပြန်နိုင်ဘဲ ညအိပ်ခဲ့ရဖူးကြောင်း၊ ခေါ်ဆောင်သွားသည့် ပြည်တွင်းစာနယ်ဇင်း သမားများကို ပြန်လည်ရေးသားပြောဆိုခြင်း မပြုရန် နှုတ်ပိတ်ခဲ့ကြောင်း၊ ပြည်တွင်းတွင် ပျံသန်းပြေးဆွဲရာ၌ လည်း နိုင်ငံခြားသားများ အဝင်နည်း၍ ယနေ့ထက်တိုင် အရှုံးပေါ်နေကြောင်း၊ ယခု ခရီးစဉ်နှင့် ပတ်သက်၍လည်း အဲပုဂံလေယာဉ်များ အသုံးပြုသည်ကို နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် မသိနိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း အဆိုပါ လက်မှတ်အရောင်းကိုယ်စားလှယ်က ပြောသည်။

ရန်ကုန်မြို့မှ ပုံနှိပ်ထုတ်ဝေသူ တဦးကလည်း အဲပုဂံလေကြောင်းသည် ၎င်းတို့ထံတွင် အဲပုဂံလေကြောင်း စာစောင်များ ရိုက်နှိပ်ကြောင်း၊ လေကြောင်းလိုင်း အကြီးအကျယ် အရှုံးပေါ်၍ ပုံနှိပ်ခ အကြွေး သိန်းနှင့်ချီ၍ရရန် ရှိကြောင်း ပြောသည်။

source by : http://www.khitpyaing.org/news/February_09/5-2-09b.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */