ဆလိုင်းပီပီ | နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးအနီး ဖွင့်လှစ်ထားသည့် ဓာတ်ဆီဆိုင် တဆိုင်တွင် ယနေ့မွန်းလွဲပိုင်းက မီးလောင်ခဲ့သည်။
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းပေါ်တွင် တည်ရှိသည့် အန်အယ်ဒီ ရုံးချုပ်အနီး လမ်းဘေးမှောင်ခို ဓာတ်ဆီဆိုင်တွင် လောင်ကျွမ်းခြင်းဖြစ်သည်။
"မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်က ဖြစ်တာပါ။ ဒါပေမဲ့ အထိအခိုက် မရှိပါဘူး။ ဆိုင်ငယ်လေးဆိုတော့ အပျက်အစီးက ဘယ်များမလဲဗျာ" ဟု ဗဟိုမီးသတ်ဦးစီးဌာန အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
မီးလောင်ကျွမ်းမှု မည်ကဲ့သို့ စတင်ခဲ့သည်ကို မီးသတ်ဌာနက ပြောဆိုနိုင်ခြင်း မရှိဘဲ၊ စုံစမ်းနေဆဲဟု ဆိုသည်။ မီးသတ်ဖွဲ့ဝင်များက မိနစ်အနီးငယ်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်အရာရှိက ဆိုသည်။
မီးသင့်သော ဓာတ်ဆီဆိုင်အနီးတ၀ိုက်တွင် အန်အယ်ဒီ ပါတီဝင်များ၏ လှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည့်နေသော ထောက်လှမ်းရေးများအမြဲတစေ ရှိနေသည်။
" အရပ်ဝတ် ထောက်လှမ်းရေးတွေပဲ ဒီနားမှာ ဆိုင်ခန်း ဖွင့်လို့ရတာ" ဟု မျက်မြင်သက်သေတဦးက ထင်ကြေးပေးသည်။
ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကမူ "သူတို့ ဘယ်သူတွေလဲတော့ မသိဘူး။ ဒါပေမဲ့ ရုံးအနီးမှာ ဓာတ်ဆီဆိုင် ၃ ဆိုင်တော့ ရှိတယ်" ဟု ပြောဆိုသည်။
source by : http://www.mizzimaburmese.com/news/inside-burma/2395-2009-02-06-13-56-00.html
ဒီချုပ်ရုံးအနီး မီးလောင်မှုဖြစ်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment