KIA ထိန်းချုပ်ရာမြို့ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံရ

Friday, February 06, 2009 ·

မျိုးကြီး | ရွှေလီ (မဇျွိမ) ။ ။ ကချင် လွတ်မြောက်ရေး တပ်မတော် KIA ထိန်းချုပ်ရာ တရုတ်နယ်စပ်ရှိ မိုင်ဂျာယန် မြို့သည် ယမန်နေ့က စ၍ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းအချို့ ပြတ်တောက်နေသည်။

ယခင်က ကျေးလက်တောရွာလေး အဖြစ်မှ ယခုအခါ မြို့ငယ်အဆင့်အထိ ဖွံ့ဖြိုးလာခဲ့သည့် KIA တပ်မဟာ (၃) ဌာနချုပ် ထိန်းချုပ်ရာ မိုင်ဂျာယန်သည် တရုတ်ပြည် ယူနန်ပြည်နယ် ကျန်းဖုန်းမြို့နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး တရုတ်ဘက်မှ လျှပ်စစ်မီးကို ရယူသုံးစွဲနေခြင်း ဖြစ်သည်။

မကြာသေးခင်က ၎င်းမြို့တွင် ဖွင့်ထားသည့် လောင်းကစားဝိုင်းများသို့ လာရောက်ခဲ့သည့် တရုတ်နိုင်ငံသား လူငယ်များအား ပြန်ပေးဆွဲ ခံထားရကြောင်း သတင်းများ ထွက်လာအပြီး ယခုလို ဖြတ်တောက်ခံရခြင်း ဖြစ်သည်။

"တရုတ်အစိုးရက ပြန်လွှတ်ပေးဖို့လာရှာရင်းနဲ့ တချို့ဟာက မတွေ့ဘူး ဖြစ်သွားတာ။ လာရှာတဲ့သူ မတွေ့ဘူး ဆိုတော့ အဲဒါလိုက်ရှာပြီး အမြန်လုပ်ခိုင်းထားတာ။ အဲဒါ မရတော့ မီးတွေဘာတွေ ဖြတ်မယ်ဆိုတော့၊ မနေ့ကမှ စဖြတ်တာ'' ဟု ဒေသခံတဦးက ပြောသည်။

ပြန်ပေးဆွဲမှုဖြစ်ချိန်တွင် မြန်မာစစ်တပ်က မြို့တွင်းသို့ ထိန်းချုပ်စောင့်ကြပ်ခဲ့သော်လည်း လွန်ခဲ့သည့် တပတ်ခန့်က ပြန်ထွက်သွားကာ၊ မိုင်ဂျာယန်နှင့် ၅ မိုင်ခန့် ဝေးသည့်နေရာတွင် စခန်းချထားသည်။

ပြန်ပေးဆွဲဖြစ်ရပ် ပေါ်ပေါက်ပြီးနောက် လောင်းကစားဝိုင်းများအား အာဏာပိုင်များက ပိတ်ပစ်ခဲ့သည်။

အပိတ်ခံထားရသည့် ဖုန်းလိုင်းအချို့ဆိုသည်မှာ လောင်းကစားရုံများနှင့် ဆက်စပ်နေသည့် တရုတ် ပြည်တွင်းပြော နံပတ် ၁၁ လုံးပါ လက်ကိုင်ဖုန်းအချို့ဖြစ်သည်။

source by : http://www.mizzimaburmese.com/news/inside-burma/2391-kia-.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */