ဘန်ကီမွန်း တိုက်တွန်းချက် အတိုက်အခံများ ကြိုဆို

Saturday, February 07, 2009 ·

ကိုစိုး | ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ စစ်အစိုးရနှင့် အတိုက်အခံ အင်အားစုများကြား ထိရောက် အကျိုးရှိသည့် ဆွေးနွေးမှုများ ချက်ချင်း ပြုလုပ်ရန် တိုက်တွန်း ပြောကြားချက်ကို အတိုက် အခံများက ကြိုဆိုလိုက်သည်။

ကုလသမဂ္ဂက ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေသော မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး ယခုကဲ့သို့ တိုက်ရိုက် ဆွေးနွေးရန် တိုက်တွန်းချက်ကို ၎င်းတို့အနေနှင့် သဘောတူလက်ခံသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကပြောသည်။

“ကျနော်တို့ သိရှိသလောက် ယူအန်က တောက်လျှောက် တိုက်တွန်းနေတဲ့ ကိစ္စ၊ တိုက်ရိုက်ဆွေးနွေးတာတွေ မလုပ်ရသေးဘူး၊ တိုက်ရိုက်ဆွေးနွေးမှသာ အဖြေပေါ်မယ်၊ ဒါကို ယူအန်က ဆက်လက်တိုက်တွန်းနေတယ်၊ ဒါကိုတော့ ကျနော်တို့ သဘောကျပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ ဂန်ဘာရီက ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး ယမန်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်ရောက်ရှိနေသော မစ္စတာဘန်ကီမွန်းထံသို့ သွားရောက် အစီရင်ခံပြီး နောက် ဘန်ကီမွန်းက ယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည် ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စ မစ်ရှဲလ် မွန်းတာ့စ် ကပြောသည်။

“အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာ စစ်အစိုးရနဲ့ အတိုက်အခံ အင်အားစုတွေအကြား ကြိုတင်သတ်မှတ် ချက်တွေ မရှိဘဲ ခြေခြေမြစ်မြစ်ရှိတဲ့ ပြောဆိုဆွေးနွေးမှုတွေ အမြန်ဆုံးပြန်စသင့်ပြီလို့ ပြောပါတယ်”ဟု ၎င်းက ဆိုသည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ယင်းဆွေးနွေးမှုများတွင် ကုလသမဂ္ဂကပါ အပြည့်အ၀ ပါဝင် လုပ်ဆောင်စေချင်သည်ဟု ပြောသည်။

“မြန်မာ့ နိုင်ငံရေးအကြပ်အတည်းအတွက် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကသာ အကောင်းဆုံးဖြစ်ပါတယ်” ဟု လည်း ဦးအေးသာအောင် က ပြောဆိုသည်။

သို့သော် လက်ရှိအခြေအနေတွင် အဓိပ္ပာယ်ပြည့်ဝသည့် အစစ်အမှန် တွေ့ဆုံဆွေးနွေးရေးများ ပြုလုပ်နိုင်သည့် အခွင့်အရေးရရှိရန် မဖြစ်နိုင်ကြောင်း၊ ဖမ်းဆီးထားသည့် နိုင်ငံရေးလှုပ်ရှားသူများကို မကြာသေးခင်လများအတွင်း က ကြီးလေးသည့် ထောင်ဒဏ် ချမှတ်မှုများ ရှိခဲ့သည့် အတွက် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“စစ်အစိုးရက ကုလသမဂ္ဂပြောဆိုတာ တွေကို တလေးတစား နားထောင်လေ့မရှိပါဘူး၊ အချိန်ဆွဲနေခြင်းသာ ဖြစ်တယ်၊ အတိုက်အခံ အင်အားစုတွေနဲ့လည်း တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ဆန္ဒမရှိဘူး၊ ဒါကြောင့် ကုလသမဂ္ဂက မြန်မာ့အရေးကို လုံခြုံရေး ကောင်စီ တင်သင့် ပါတယ်”ဟုလည်း ဦးအေးသာအောင်က ဆက်လက်ပြောဆိုသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=693:2009-02-06-12-51-24&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */