နာဂစ် ပြန်လည်ထူထောင်ရေး သန်း ၇၀၀ လိုမည်

Tuesday, February 10, 2009 ·

ဇာနည် | ဘန်ကောက် (မဇ္ဈိမ)။ ။ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများ ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတကာမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါး အကူအညီ လိုအပ်နေသေးကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ပြောလိုက်သည်။

ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာ သုံးနိုင်ငံ ပါဝင်သော မုန်တိုင်းဒဏ်သင့်သူများကို ကူညီထောက်ပံ့ရေးနှင့် အလှုငွေများ စောင့်ကြည့်ထိန်းကွပ်ရေး အဖွဲ့ဖြစ်သော သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) ၏ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တနင်္လာနေ့က ပြုလုပ်သော ပြန်လည် ထူထောင်ရေးအတွက် သုံးနှစ်စီမံကိန်း စတင်မှု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ တာဝန်ခံ Bishow Parajuli က "ဘေးဒဏ်သင့်တဲ့ ဒေသ အနေအထားနဲ့ စာရင် ဒီ လိုအပ်မှု ပမာဏက နည်းတောင် နည်းနေသေးတယ် " ဟု ပြောသည်။

လူပေါင်း ၁ သိန်း ၄ သောင်းကျော် သေကြေခဲ့ရပြီး လေဘေးသင့်သူ အိုးအိမ်မဲ့ ၂ သန်းကျော်တို့ အတွက် နာဂစ်ကာလ ကူညီမှု ငွေပမာဏသည် ၂၀၀၄ ခုနှစ် ဆူနာမီ လှိုင်းလုံးကြီးများကြောင့် ဖြစ်ပွားသော အင်ဒိုနီးရှား ပြန်လည် ထူထောင်ရေးအတွက် ကုန်ကျခဲ့သော အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံနှင့် စာလျှင် နည်းသေးသည် ဟုလည်း သူက ပြောသည်။

ထို့အပြင် ပြန်လည် ထူထောင်ရေးကာလ ၃ နှစ်တာအတွက် လိုအပ်မှုများ ရှိနေသေးသည်ဟု Parajuli က ဆိုသည်။

TCG ၏ ၃ နှစ်စီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၆၉၁ သန်း လိုအပ်မည်ဖြစ်ပြီး ပြန်လည် ထူထောင်ရေးတွင် နေအိမ်များ ဆောက်လုပ်ပေးရန်၊ စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများအတွက် လိုအပ်သည်များ ကူညီပေးရန်၊ ကျန်းမာရေးနှင့် ပညာရေးအတွက် ပြန်လည် ထူထောင်ခြင်းများ ပါဝင်မည် ဖြစ်သည်။

Parajuli က "သူတို့ကိုယ်တိုင် ပြန်လည်ရပ်တည် ထူထောင်နိုင်ဖို့အတွက်က ကူညီမှုတွေ အများကြီး လိုအပ်နေသေးတယ်။ အရေးပေါ် ကူညီမှုတွေအပြင် လိုအပ်နေတဲ့ သူတွေ အများကြီး ရှိနေသေးတယ်" ဟု ဆိုသည်။

ပြန်လည် ထူထောင်ရေးအတွက် အမေရိကန် ဒေါ်လာ ၄၇၇ သန်း ကုန်ကျစရိတ် သတ်မှတ်ထားခဲ့သည့်အနက် ၂၀၀၉ ခုနှစ် ဧပြီလအထိ ကုန်ကျမှုမှာ အမေရိကန် ဒေါ်လာ ၃၀၉ သန်း ကျော်လိမ့်မည်ဟု အဖွဲ့၏ ထုတ်ပြန် ကြေငြာချက်တွင် ပါရှိသည်။

အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်း ပစ်ဆူဝမ်း Surin Pitsuwan က မြန်မာ စစ်အစိုးရဖက် မှလည်း ၃ နှစ်စီမံကိန်းကို အပြည့်အ၀ ပူးပေါင်း လုပ်ဆောင်မည်ဟု TCG ကို ဂတိပြုထားပြီးဖြစ်ပြီး အဖွဲ့အနေဖြင့် နိုင်ငံတကာမှ အလှူရှင်များက လိုအပ်သည်များကို ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်သည် ဟုဆိုသည်။

နာဂစ်မုန်တိုင်းကျရောက်ပြီး ကနဦးကာလက နိုင်ငံတကာမှ အကူအညီများကို စစ်အစိုးရမှ ငြင်းဆန်ခဲ့သော်လည်း ယခု အချိန်တွင် စစ်အစိုးရသည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လာမှု တိုးတက်လာသည့် အခြေအနေများကို တွေ့ရသည်ဟု ပစ်ဆူဝမ်းက ဆိုသည်။

"ရှေ့ဆက်လုပ်မှာတွေမှာ သူတို့ဖက်က ဘယ်လို ပူးပေါင်းဆောင်ရွက်မှုကို မဆို၊ ဘယ်လို ထောက်ပံ့မှုကို မဆို လုပ်ပေးပါ့မယ်လို့ ယုံကြည်ပါတယ်။ ဒါကို သူတို့ လုပ်ပေးမယ်လို့လဲ သူတို့ ကတိပေးထားတယ်" ဟု သူက ပြောသည်။

မုန်တိုင်းအလွန် ကာလက အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ အကူအညီများကို စစ်အစိုးရက လက်မခံခဲ့ဘဲ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းမှ သွားရောက်ခဲ့ပြီးသည့်နောက်မှ အကူအညီများကို လက်ခံခဲ့သည်။

source by : http://www.mizzimaburmese.com/news/regional/2405-2009-02-10-08-00-27.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */