မြန်မာနိုင်ငံမှာတည်ငြိမ်မှု တွေ့လိုလျှင် ဆန်ရှင် ရုပ်သိမ်းလိုက်ပါဟု ၀န်ကြီးချုပ်ပြော

Wednesday, February 04, 2009 ·

မုံပီး | နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှုကို ကမ္ဘာ့အသိုင်းအ၀ိုင်းက မြင်တွေ့လိုလျှင် စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်း ပေးရမည်ဟု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ကုလသမဂ္ဂအထူးသံတမန် အီဘရာဟင် ဂမ်ဘာရီကို အင်္ဂါနေ့က ပြောကြားလိုက်သည်။

ဝန်ကြီးချုပ်က စီးပွားရေးပိတ်ဆို့မှုသည် လူ့အခွင့်အရေးနှင့် အလုပ်အကိုင်အခွင့်အရေးများကို ဆုံးရှုံးစေကြောင်း၊ ပြည်သူများ၏ စီးပွားရေး လူမှုရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်းများကို ထိခိုက်စေကြောင်း ဂမ်ဘာရီကို ပြောလိုက်သည်ဟု ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။

" တကယ်တန်းမြန်မာနိုင်ငံကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံရေးတည်ငြိမ်စေချင်သည်ဆိုလျှင် ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများကို အရင်ဖယ်ရှားပေးရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း " ဗိုလ်ချုပ်ကြီးသိန်းစိန်၏ ပြောကြားချက်ကို မြန်မာ့အလင်းက ကိုးကားထားသည်။

ကုလအထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဂမ်ဘာရီ၏ လေးရက်တာ ခရီးစဉ်အတွင်း ဆွေးနွေးခဲ့မှုတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ရာတွင် စီးပွားရေးပိတ်ဆို့ အရေးယူမှုက အတားအဆီးတခုဖြစ်နေကြောင်း ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောကြားခဲ့သည်။

" ခြေနှစ်ဖက်ကို ကြိုးများနှင့် ချည်နှောင်ထားပြီး မြန်မြန်ပြေးခိုင်းသည်နှင့် တူနေကြောင်း " ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့သည် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူထားသည်။

ရန်ကုန်ရှိ ဇေယျာသီရိဗိမာန်တွင် ဆွေးနွေးရာတွင် နိုင်ဂျီးယီးယားနိုင်ငံသား ကုလသံတမန်က ဗိုလ်ချုပ်ကြီး သိန်းစိန်ကို နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန်နှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းဆောင်တာများ တိုးမြှင့်ခွင့်ပြုဆောင်ရွက်ရန်တို့ တောင်းဆိုခဲ့သည်။

တောင်းဆိုချက်အပေါ် ၀န်ကြီးချုပ်က ရေရေရာရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ " မိမိတို့နိုင်ငံ၏ ပကတိ အခြေအနေနှင့် အချိန်အခါအရ မိမိတို့နိုင်ငံတွက် အကောင်းဆုံးလမ်းစဉ်ကို ချမှတ်ဆောင်ရွက် နေခြင်း ဖြစ်သည်" ဟု ပြန်လည်ဖြေကြားသွားပြီး အစိုးရ၏ တိုးတက် လုပ်ဆောင်မှုများကို မြင်တွေ့မှာဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားအားလုံး ပါဝင်ယှဉ်ပြိုင်ပြီး အတူတကွ လက်တွဲ လုပ်ရန် ဂမ်ဘာရီအနေဖြင့် တိုက်တွန်းဖို့ ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောသွားသည်။

အင်္ဂါနေ့က ပြီးဆုံးသွားခဲ့သည့် ဂမ်ဘာရီ၏ လေးရက်တာခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း အပါအ၀င် ၀န်ကြီးများနှင့် တွေ့ဆုံခွင့်ရခဲ့သော်လည်း နေပြည်တော်မှ ဖိတ်စာမရ၍ စစ်အစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့် မရဘဲ ပြန်သွားရခြင်းဖြစ်သည်။

သို့ပေမယ့်လည်း ယခင်တခေါက်က တွေ့ဆုံခွင့် ငြင်းပယ်ခဲ့သည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် က ဂမ်ဘာရီကို ယခုတခေါက်တွင် လက်ခံတွေ့ဆုံခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့် ဆွေးနွေးခွင့်ရခဲ့သည်။

ဂမ်ဘာရီက နားထောင်သွားပြီး တစုံတရာ မှတ်ချက်ချ ပြောကြားသွားခြင်းမရှိဟုဆိုကာ ခရီးစဉ်နှင့် ပတ်သက်ပြီး ကောင်းကျိုး ရလာဒ်ထွက်သည် မထွက်သည်ကို ပြောရန် အန်အယ်ဒီက ငြင်းဆန်ထားသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2369-2009-02-04-06-08-50.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */