ကုလအကြီးအကဲနှင့် ဂမ်ဘာရီ ဒေလီတွင် တွေ့ဆုံမည်

Wednesday, February 04, 2009 ·

မုံပီး | နယူးဒေလီ (မဇ္ဈိမ)။ ။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်းနှင့် မြန်မာနိုင်ငံသို့ မကြာသေးခင်က သွားရောက်လည်ပတ်ခဲ့သော သူ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီတို့သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကြာသာပတေးနေ့တွင် တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း ကုလအရာရှိတဦးအပြောအရ သိရသည်။

" သူတို့နှစ်ယောက်လုံး ကြာသာပတေးနေ့မှာ ဒီမှာရှိမယ်။ ခရီးစဉ်အသေးစိတ်တော့ မသိဘူး" ဟု နယူးဒေလီ အခြေစိုက် ကုလသမဂ္ဂရုံး အရာရှိတဦးက ပြောသည်။

ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ မာရီ အိုကာဘီက နယူးယောက်တွင် သတင်းထောက်များကို ပြောကြားရာတွင် " ကုလသံတမန် (ဂမ်ဘာရီ) သည် အထွေထွေအတွင်းရေးမှုးချုပ်နှင့် အိန္ဒိယတွင် ကြာသာပတေးနေ့တွင် တွေ့ဆုံကာ သူ၏ ခရီးစဉ်မှတွေ့ရှိရချက်များကို အစီရင်ခံတင်ပြပါမယ်" ဟု ပါရှိသည်။

ဘန်ကီမွန်းသည် နယူးဒေလီကို ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ရောက်ရှိမှာဖြစ်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပရာနတ် မူကာဂျီးနှင့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးဖွယ်ရှိသည်။

" ကျနော်တို့ (ယူအန်)က အစည်းအဝေးအတွက် မေတ္တာရပ်ခံထားပါတယ်။ ဖြစ် မဖြစ်ကတော့ မသိသေးဘူး" ဟု ကုလအရာရှိက ပြောသည်။

ဘန်ကီမွန်းသည် " ရေရှည်ခိုင်ခံ့ဖွံ့ဖြိုးရေး ဒေလီ စုံညီညီလာခံ ၂၀၀၉" ကိုလည်း တက်ရောက်မှာဖြစ်ကြောင်း ကမကထပြုသူများက ပြောကြားသည်။

source by : http://www.mizzimaburmese.com/news/regional/2371-2009-02-04-07-20-19.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */