NEJ | ထိုင်းတက္ကသိုလ်ကျောင်းသူ (၇၀) ရာနှုန်းသည် အင်တာနက်ပြည့်တန်ဆာခန်း ၀ဂ်ဆိုက်များသို့ ခန္ဓာကိုယ် အချိန်ပိုင်း ရောင်းစားရန် ဆက်သွယ်ခဲ့ကြသည်ဟု တက္ကသိုလ် လူထုဆန္ဒစစ်တမ်းကို ကိုးကားပြီး ထိုင်းသတင်းစာ များတွင် ဖော်ပြထားသည်။
ဆူအမ်ဒူးဆစ် ရာဇဘတ် တက္ကသိုလ်မှ ထုတ်ပြန်သည့် ဆူအမ်ဒူးဆစ် လူထုဆန္ဒစစ်တမ်းတွင် ယခုကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။ ထိုင်းတက္ကသိုလ်ကျောင်းသူများကို ပျော်ပါးရန်ဆက်သွယ်နိုင်သည့် အင်တာနက် ၀ဂ်ဆိုက်ပေါင်း (၁,၀၀၀) ကျော်ရှိကြောင်း ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာန၏ အစီရင်ခံချက်ကို မအံ့သြမိကြောင်း စစ်တမ်းကောက်ရေးအဖွဲ့ လက်ထောက်ပါမောက္ခ ဆူခွန်ချာလိုဆက်က ပြောသည်။
ထိုင်းတက္ကသိုလ်များ၌ အင်တာနက်ပြည့်တန်ဆာများ ပေါ်ပေါက်နေသည့်ပြဿနာကို အသိအမှတ်ပြုရန်နှင့် စုံစမ်းစစ်ဆေးရန် သက်ဆိုင်ရာ တက္ကသိုလ်အကြီးအကဲများကို လက်ထောက်ပါမောက္ခ ဆူခွန်က တိုက်တွန်း ထားသည်။
သို့သော် ၂၀၀၂ ခုနှစ်ကပင် မလေးရှား ထိုင်းနယ်စပ်ရှိ ဟတ်ယိုင်မြို့တွင် နိုင်ငံခြားသားများအတွက် အငှားမယား လုပ်စားပြီး ကျောင်းတက်နေသည့် တက္ကသိုလ်ကျောင်းသူများရှိနေကြောင်း Bangkok Post သတင်းစာက အကျယ်တ၀င့် ဖော်ထုတ်ရေးသားခဲ့သည်။
ထိုင်းတက္ကသိုလ်ကျောင်းသူများ အချိန်ပိုင်း အွန်လိုင်း ပြည့်တန်ဆာဖြစ်နေရခြင်းအနက် ကျဆင်းနေသည့် ထိုင်းစီးပွားရေးကြောင့် ငွေပိုရအောင် ကျောင်းသူများ ရှာရခြင်းဖြစ်သည်ဟု လက်ထောက်ပါမောက္ခ ဆူခွန်ချာလိုဆက် က ယူဆသည်။
source by : http://www.khitpyaing.org/news/February_09/4-2-09c.php
ထိုင်းတက္ကသိုလ်ကျောင်းသူ (၇၀) ရာနှုန်း အချိန်ပိုင်း အွန်လိုင်း ပြည့်တန်ဆာဖြစ်နေ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment