မြန်မာ ဒုက္ခသည်များကို ဂျိုလီ ကူညီမည်

Saturday, February 07, 2009 ·

အေးလဲ့ | ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင် အင်ဂျလီနာ ဂျိုလီနှင့် ခင်ပွန်း ဘရက်ပစ်သည် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ကရင်နီဒုက္ခသည် စခန်းသို့ သွားရောက် လည်ပတ်ကာ စခန်းတွင်းရှိ မသန်မစွမ်းသူများ၊ မိဘမဲ့ ကလေးများနှင့် တွေ့ဆုံခဲ့ပြီး လိုအပ်ချက်များကို တတ်နိုင်သမျှ အကူအညီပေးမည်ဟု ပြောဆိုသွားကြောင်း သိရှိရသည်။


UNHCR ၏ ဂုဏ်ထူးဆောင် သံတမန် အင်ဂျလီနာဂျိုလီနှင့် ကရင်နီဒုက္ခသည် စခန်းအတွင်းမှ ကလေးများ အပြုံးချင်း ဖလှယ်နေစဉ် (ဓာတ်ပုံ - UNHCR)
ဂျိုလီနှင့် ခင်ပွန်းသည် တို့သည့် စခန်းတွင်းရှိ ဒုက္ခသည်များကို စိတ်ပိုင်းဆိုင်ရာ အားပေးမှုများ ပြုလုပ်ပေးခဲ့ပြီး ဒုက္ခသည်များဘဝကို တွေ့မြင်ရသည် အတွက် စိတ်မကောင်းဖြစ်ရသည်ဟု UNHCR တွင် သတင်း ထုတ်ပြန်ထားသည်။

အကယ်ဒမီ မင်းသမီးနှင့် မင်းသား စုံတွဲသည် သူတို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ကရင်နီ် အမှတ် (၁) ဒုက္ခသည် စခန်းသို့ ဖေဖော်ဝါရီလ ၄ ရက် ဗုဒ္ဓဟူးနေ့တွင်ရောက်ရှိခဲ့ပြီး ထိုင်းအာဏာပိုင် တချို့၊ UNHCR ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ကိုယ်စားလှယ် တချို့တို့နှင့်အတူ စခန်းအတွင်း သွားရောက်လည်ပတ်ခဲ့သည်။

ကုလသမဂ္ဂအဖွဲ့၏ ဂုဏ်ထူးဆောင် သံတမန်တဦးလည်းဖြစ်သူ အင်ဂျလီနာဂျိုလီ က ၂၁ နှစ်အရွယ် ကရင်နီမိန်းကလေးတဦး၏ စခန်းတွင်း၌ မွေးဖွားကြီးပြင်းရသည့် သက်တမ်းတလျှောက် စခန်းအပြင်ဘက်သို့ တကြိမ်တခါမှ ထွက်ခွင့်မရသည့် ဘဝကို မြင်တွေ့ခဲ့ရသည့်အတွက် စိတ်မကောင်း ဖြစ်ရသည်ဟု UNHCR ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ဂျိုလီသည် ပြီးခဲ့သည့် ၂၀၀၄ခုနှစ်တွင်လည်း နှစ်ညအိပ်ခရီးစဉ် ဖြင့် ယင်းဒုက္ခသည်စခန်းသို့ သွားရောက် လည်ပတ် ကြည့်ရှု အားပေးခဲ့ဖူးသည်။

ယင်းခရီးစဉ်နောက်ပိုင်းတွင် ဂျိုလီတဦးတည်းအနေနှင့် ကူညီမှုများ ပြုလုပ်ခဲ့ခြင်း မရှိသော်လည်း သူ၏ စိတ်ဝင်တစား လာရောက် လည်ပတ်မှုအပေါ် တခြားသော ကူညီထောက်ပံ့ပေးမည့် အဖွဲ့အစည်းများက အာရုံစိုက်လာနိုင်သည်ဟု မျှော်လင့်ကြောင်း ကရင်နီ သတင်းစာ ကန္တာရဝတီတိုင်းမ်စ် ၏ အယ်ဒီတာ ကိုဖဲထူ ကပြောသည်။

ကိုဖဲထူက “လက်ရှိ ထိုင်းနိုင်င်ံရေး အကြပ်အတည်းဖြစ်နေတဲ့ အချိန်မှာ သူလိုနာမည်ကျော် မင်းသမီးက လာရောက် လည်ပတ် လိုက်တယ်ဆိုတော့ ဒုက္ခသည်တွေအတွက် အများကြီး အကျိုးရှိမယ် လို့မျှော်လင့်ပါတယ်၊ ကျန်းမာရေး၊ ပညာရေး အပိုင်းတွေမှာ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်” ဟုဆိုသည်။

ထို့အတူ အင်ဂျလီနာဂျိုလီက ထိုင်းအာဏာပိုင်များက စခန်းတွင်းရှိ ဒုက္ခသည်များကို သွားလာခွင့် ထိန်းချုပ် ကန့်သတ်ထားမှုနှင့် ပတ်သက်၍ ပိုမိုလွတ်လပ်ခွင့်ပေးရန်လည်း တောင်းဆိုခဲ့သည်။

ယင်း ကရင်နီတိုင်းရင်းသားများသည် မြန်မာနိုင်ငံတွင်းရှိ ကယားပြည်နယ် (ကရင်နီ) ဒီမောဆိုး မြို့နယ်မှ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် တို့တွင် အခြေချနေထိုင်ခဲ့ရာမှ လွန်ခဲ့သည့် အနစ် ၂၀ အတွင်း မြန်မာစစ်တပ် များ၏ အဓမ္မရွှေ့ပြောင်းမှု၊ လုပ်အားပေးစေခိုင်းမှု၊ ထိုးစစ်ဆင်မှု တို့ကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးခဲ့ကြရသည်။

ကရင်နီဒုက္ခသည်စခန်းတွင် အမှတ် (၁) စခန်းနှင့် အမှတ်(၂) စခန်း ဟူ၍ စခန်း (၂) ခုရှိပြီး၊ အမှတ် (၁) စခန်း တွင် လူဦးရေ ၂ သောင်းနီးပါးရှိကာ အမှတ် (၂) စခန်းတွင် လူဦးရေ ၄ ထောင်နီးပါးရှိကြောင်း စခန်းကော်မတီစာရင်းအရ သိရသည်။

ကရင်နီ ဒုက္ခသည် ၁၀၀၀ ခန့်သည် အမေရိကန်၊ ကနေဒါ၊ နော်ဝေး၊ ဆွီဒင်၊ နယူးဇီလန်၊ ဖင်လန် နိုင်ငံများသို့ သွားရောက် အခြေချနေထိုင်ခဲ့ကြသည်။

ကရင်နီစခန်းသို့လာရောက်စဉ်အတွင်း အန်ဂျလီနာဂျိုလီသည် လက်ရှိထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာ သည့် ရိုဟင်ဂျာများအရေးနှင့် ပတ်သက်ပြီး ထိုင်းအာဏာပိုင်များက လက်သင့်ခံစဉ်းစားပေးရန်လည်း တောင်းဆိုခဲ့ သည်ဟု သိရသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=691:2009-02-06-12-20-40&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */