SSA (တောင်ပိုင်း) နှင့် နအဖ တပ်များ တိုက်ပွဲများ ဖြစ်ပွား

Monday, January 19, 2009 ·

သတင်း သန်းထိုက်ဦး မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်များနှင့် စစ်အစိုးရ တပ်များ ယခုလအတွင်း ရှမ်းပြည်တောင်ပိုင်း မြို့နယ် ၃ ခုအတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူတဦး အဆိုအရ သိရသည်။

ရှမ်းပြည်နယ် တောင်ကြီးခရိုင်အတွင်းရှိ ပင်လုံ၊ ဟိုပုန်း၊ မိုင်းကိုင်မြို့နယ်များတွင် ယခုလ ၁၂ ရက်မှ ၁၅ ရက်အထိ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) – SSA တပ်ဖွဲ့ဝင်များနှင့် ခြေလျင်တပ်ရင်း (ခလရ) ၆၄ ၊ ခြေမြန်တပ်ရင်း (ခမရ) ၅၁၃ တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"ကျနော်တို့ လှည့်ကင်းနဲ့ သူတို့ (စစ်တပ်) လှည့်ကင်းနဲ့ သွားတိုးပြီးတော့ ဖြစ်ကြတယ်။ ထိပ်တိုက် သွားတိုးလို့ ဖြစ်တဲ့ တိုက်ပွဲမျိုးပါ" ဟု SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်စိုင်းဆိုင်မိန်းက မဇ္ဈိမကို ပြောသည်။

ယခုလ ၁၂ ရက်နေ့က မိုင်းကိုင်မြို့နယ် အနောက်ဘက် တောတွင်းတနေရာ၌ နံနက် ၉ နာရီမှ မွန်းလွဲ တနာရီ အထိ ၄ နာရီအကြာ တိုက်ပွဲဖြစ်ရာ၊ အစိုးရတပ်မှ လူဦးရေ ၅၀ ခန့် ပါဝင်သည့်အနက် တဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရသွားကြောင်း သူက ဆက်ပြောသည်။ SSA (တောင်ပိုင်း) တပ်ဖွဲ့မှ တဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ရာ မိုင်းကိုင်ဒေသမှာ တောင်ကြီးမြို့နှင့် မိုင် ၁၀၀ ခန့် အကွာတွင် တည်ရှိသည်။

တိုက်ပွဲများ ဖြစ်ပြီးနောက် နှစ်ဖက် အခြေအနေမှာ တပ်အင်အား တိုးချဲ့ခြင်း မရှိသလို၊ ယခုအခါ အခြေအနေများ တည်ငြိမ်နေသည်။

၁၉၉၆ ခုနှစ်တွင် အင်အားကောင်းသည့် ခွန်ဆာ ဦးဆောင်သည့် မုံးတိုင်း Mongtai တပ်မတော်သည် မြန်မာ စစ်အစိုးရထံ လူဦးရေ ၂ သောင်းကျော်ဖြင့် လက်နက်ချသွားခဲ့သည်။

ခွန်ဆာ လက်နက်ချခဲ့ပြီးနောက် ဗိုလ်မှူးကြီး ယွတ်စစ် ဦးဆောင်သည့် အဖွဲ့က သီးခြား ခွဲထွက်၍ SSA ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */