ရန်ကုန် အ၀င်အထွက် အစစ်အဆေးတွေ ထူထပ်

Monday, January 19, 2009 ·

သတင်း ဖနိဒါ မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ အ၀င်အထွက် လမ်းများနှင့် လူစည်ကားရာ နေရာများ၌ ယနေ့ လုံခြုံရေး တင်းကျပ်စွာ ချထားပြီး ခရီးသွားများကို အာဏာပိုင်များက အစစ်အဆေးများ လုပ်နေသည်။

ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံ တောင်ပိုင်းနှင့် မြောက်ပိုင်း၊ မြေနီကုန်း၊ လှည်းတန်း စသည့် အ၀င်အထွက် လမ်းနှင့် နေရာတချို့တွင် သွားလာနေသည့် လိုင်းကားများ၊ Taxi အငှားကားများအား ရဲ၊ မီးသတ်၊ ကြက်ခြေနီ၊ ကြံ့ဖွံ့ အသင်းဝင်များက ရပ်တန့်စေကာ စုပေါင်းစစ်ဆေးနေခြင်း ဖြစ်သည်။

"လက်နက် စစ်တယ်။ Taxi တွေ အဓိကထား စစ်တာ။ လူဘယ်နှယောက်ပါလဲ၊ ကျား ဘယ်လောက်၊ ဘယ်ရပ်ကွက် ကို သွားမှာလဲ၊ အကုန် လိုက်မေးနေတာ။ အိမ်ထောင်စု ပါ၊ မပါ စစ်တယ်။ ရဲ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ ရယက၊ မီးသတ် အကုန်ပါတယ်။ မြို့ထဲကလာတဲ့ Taxi တွေပေါ့နော်။ ဘယ်ရီဂိတ် (သံဆူးကြိုး အတား) ထိုးပြီး စစ်တာ" ဟု Taxi မောင်းသူတဦးက မဇ္ဈိမကို ပြောသည်။

လှိုင်သာယာမြို့နယ်ရှိ အောင်ဇေယျနှင့် ဘုရင့်နောင်တံတားများတွင် ဖြတ်ကျော်လာသည့် ကားကြီး၊ ကားငယ်များကိုလည်း စုပေါင်း အဖွဲ့များက စစ်ဆေးနေသည်။

သူက "စစ်တယ်။ သန်းခေါင်စာရင်းတွေရောပဲ။ အခု ရဲတွေ အပြည့်မြင်နေရတယ်။ ပြည်လမ်းတလျှောက်၊ မြေနီကုန်း၊ ဒဂုံ တောင်ဘက်၊ မြောက်ဘက် ပိုမြင်နေရတာပေါ့နော်။ စစ်တပ်၊ မီးသတ်၊ ကြက်ခြေနီ၊ ကြံ့ဖွံ့တွေ ပေါင်းပြီးတော့ စစ်တာပဲ။ ကားသမားတွေကိုလည်း ညဘက်ဆို ဘယ်သွားမလဲ၊ ဘယ်ကို ပို့မှာလဲ၊ မိန်းကလေး၊ ယောက်ျား ဘယ်နှယောက်ဆိုပြီး စစ်တယ်" ဟု ပြောသည်။

အာဏာပိုင်များက ဧည့်စာရင်းတိုင်ရန် လိုက်လံ နှိုးဆော်ခြင်းများ ရန်ကုန် နေရာအနှံ့အပြား ကြားနေရပြီး လုံခြုံရေး တပ်ဖွဲ့များအတွင်း ဖောက်ခွဲရေးသမားများ မြို့တွင်း ၀င်ရောက်လာဖွယ် ရှိသည်ဆိုသော သတင်းများ ၀င်ရောက်နေသည်ဟု လုံခြုံရေး အရာရှိတဦးက ပြောသည်ဟု ပြည်တွင်းရှိ မဇ္ဈိမ သတင်းထောက်က ဆိုသည်။

မရမ်းကုန်း၊ ရန်ကင်း၊ တောင်ဒဂုံ၊ အင်းစိန်၊ လှိုင်သာယာ စသည့် မြို့နယ်များတွင် ဧည့်စာရင်းများ တိုင်ကြရန် ဒေသ အာဏာပိုင် များက ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကပင် ပြောဆိုထားခဲ့သော်လည်း နေအိမ်များသို့ လာရောက် စစ်ဆေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */