အဖွဲ့ချုပ်ဗဟိုကြေညာချက်ကို မြို့နယ်စည်းအဖွဲ့ဝင်များက ထောက်ခံ

Monday, January 19, 2009 ·

သတင်း ဘုန်းခိုင် ရိုးမ၃ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)၏ ကြေညာချက်ကို သရက်မြို့နယ်၊ မြို့နယ်စည်း အဖွဲ့ဝင်များက ထောက်ခံကြောင်း အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ကာ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်သွားမည်ဟု ဆိုသည်။

ပြီးခဲ့သည့် (၁၇) ရက်နေ့က ပြုလုပ်ခဲ့သည့် မကွေးတိုင်း၊ သရက်မြို့နယ်စည်းအဖွဲ့ဝင်များ အစည်းအဝေးတွင် ယခုကဲ့သို့ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးသို့ မြို့နယ်စည်းအဖွဲ့ဝင်များဖြစ်သည့် ဦးထွန်းအောင်ကြည်(ဥက္ကဋ္ဌ)၊ ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့်(ဘဏ္ဍာရေးမှူး)၊ အတွင်းရေးမှူးနှင့် မြို့နယ်စည်း အဖွဲ့ဝင်များ အားလုံး စုံလင်စွာတက်ရောက်ခဲ့ကြောင်း မြို့နယ်စည်းအတွင်းရေးမှူးက ပြောသည်။

"အဖွဲ့ချုပ်ဗဟိုရဲ့ (၂၂.၁၂.၀၈) ရဲ့ ၁၈/၉ ၂၀၀၈ အထူးကြေငြာချက်ကို ကျနော်တို့က အားသာတဲ့ဆုံးဖြတ်ချက် ဖြစ်တယ်ဆိုတာကို ပြောချင်တယ်၊ ကျနော်တို့ သရက်မြို့နယ်စည်းအနေနဲ့က အဲဒါကို လက်ခံပြီးတော့ ဒါဟာ လက်တွေ့ကျကျ အမျိုးသားရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေးရေးရဲ့ အဓိကဖြစ်တယ်လို့ အကြွင်းမဲ့ ယုံကြည်တယ်" ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၁၈/၉ ၂၀၀၈ အထူးကြေငြာချက်သည် ၁၉၉၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် နိုင်ငံရေးပါတီများက ပြည်သူ့လွှတ်တော် အမြန်ဆုံးခေါ်ယူကာ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်ရေးအဖွဲ့ကို ဖွဲ့စည်း၍ ပြန်လည်သုံးသပ်ရေးကို (၆) လအတွင်း ဆောင်ရွက်ပေးရန် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ တိုက်တွန်းအကြံပြုထားခြင်းများ ပါဝင်သည်။

"မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အပြောမဟုတ်ဘဲ တကယ်လိုလားတယ်ဆိုရင် အဖွဲ့ချုပ်တိုက်တွန်းချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ရေးအတွက် ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုတွေ အပါအဝင် (EU)၊ (ASEAN) နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံး အလေးနက်ထားပြီး အစွန်းကုန် အရှိန်မြှင့် တိုက်တွန်းဆောင်ရွက်ပေးကြဖို့ ကျနော်တို့ ဗဟိုဌာနချုပ်ကတဆင့် တင်ပြ တောင်းဆို သွားမှာပါ" ဟု ပြောသည်။

သရက်မြို့နယ်စည်းအဖွဲ့ဝင်များက ၎င်းအဆိုပြုချက်များကို အကောင်အထည်ဖော်နိုင်ပါက နအဖစစ် အစိုးရ အနေဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို မတရား ဥပဒေမဲ့ ဖမ်းဆီးနေမှုများ၊ မတရား ထောင်ဒဏ် ချမှတ် နေမှုများနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ် ပေးရန် ရည်ရွယ်ချက်များဖြင့် ပြောဆိုခြင်းဖြစ်ကြောင်း ပြောသည်။

(၂၀၁၀) ရွေးကောက်ပွဲနှင့်ပတ်သက်၍ "ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကတော့ ဌာနချုပ်က ချမှတ်ထားတဲ့ အတိုင်း အခြေခံဥပဒေကို လက်ခံထားခြင်းမရှိပါဘူး၊ ဆန္ဒခံယူပွဲကိုလည်း အသိမှတ်မပြုထားတဲ့အတွက် ရွေးကောက်ပွဲကိုလည်း လုံးဝ အသိမှတ်မပြုထားပါဘူး၊ ပြောစရာလဲ မလိုပါဘူး" ဟု ပြောသည်။

ပြည်သူလူထုအနေဖြင့်လည်း စစ်အစိုးရပြုလုပ်မည့် ရွေးကောင်းပွဲကို အသိမှတ်ပြု စဉ်းစားစရာမလိုကြောင်းနှင့် ပြည်တွင်းပြည်ပ ဒီမိုကရေစီအဖွဲ့အစည်းအသီးသီးအနေဖြင့်လည်း အဖွဲ့ချုပ်၏ ကြေငြာချက်ကို အစွမ်းကုန် ကူညီပံ့ပို့ပေးရန် အထူးပန်ကြားလိုကြောင်း ဆက်လက်ပြောသည်။

ယခုပြုလုပ်သည့် သရက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လစဉ်အစည်းအဝေးသည် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */