တက္ကစီအားလုံး မီတာတပ်ရန်အမိန့်ထုတ်

Saturday, January 17, 2009 ·

သတင်း NEJ ခေတ်ပြိုင် | ရန်ကုန်ရှိ City Taxi အားလုံး မီတာတပ်ရန် ထပ်မံအမိန့်ထုတ်ပြန်သည်ဟု ရန်ကုန်တိုင်း City Taxi မောင်းသူများထံမှ သိရသည်။

“တက္ကစီဆွဲနေတာမှာ စီအန်ဂျီပြောင်းတဲ့ ကတ္ကစီနဲ့ ဓာတ်ဆီ၊ ဒီဇယ်သုံး တက္ကစီတွေဆိုပြီး ရှိတယ်။ မီတာ စ တပ်ခိုင်းတော့ စီအန်ဂျီပြောင်းပြီး Taxi တွေကို တပ်ခိုင်းတာ။ အခုတော့ စီအန်ဂျီပဲဖြစ်ဖြစ်၊ ဓာတ်ဆီ၊ ဒီဇယ်ဆီပဲ ဖြစ်ဖြစ်၊ City Taxi ဆိုလို့ကတော့ မီတာတွေ တပ်ဆိုတပ်ပဲ” ဟု ယာဉ်မောင်းတဦးက ပြောသည်။

ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ ပြောရေးဆိုခွင့်ရှိသူတဦးက “ဟုတ်တယ်၊ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ (၂၈) ရက်နေ့ နောက်ဆုံးအပြီးတပ်ရမယ်လို့ တိုင်းမှူးက ညွှန်ကြားထားတယ်” ဟု ပြောသည်။

အဆိုပါ ညွှန်ကြားချက်ကို မလိုက်နာပါက စီအန်ဂျီ ပြောင်းပြီးသော ယာဉ်စာရင်းနှင့် မီတာတပ်ဆင်ပြီး ယာဉ်စာရင်းတို့ကို တိုက်၍စစ်ဆေးကာ မီတာမတပ်ရသေးသော ယာဉ်များကို တွေ့ရှိပါက စာရင်းပြုစု၍ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနတို့ကို ပေးပို့ကာ လုပ်ငန်းလိုင်စင် ပြုလုပ်ပေးခြင်းကို ဆိုင်းငံ့ခိုင်းမည်ဖြစ်ပြီး သက်တမ်းတိုးခွင့်မပြုခြင်း၊ လက်ရှိမောင်းနှင်နေသော လိုင်စင်အနီကို လိုင်စင်အနက်သို့ ပြောင်းကာ City Taxi စာရင်းမှ ထုတ်ပယ်မည်ဟု သိရသည်။

ထို့အပြင် စက်သုံးဆီအရောင်းဆိုင်များတွင်လည်းကောင်း၊ လမ်းပေါ်တွင်လည်းကောင်း ယာဉ်ထိန်း တပ်ဖွဲ့ ရဲများက စောင့်၍ စစ်ဆေးမည်ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ရန်ကုန်တွင် တက္ကစီစီးရေ (၁၅,၈၉၅) စီးရှိပြီး စီအန်ဂျီပြောင်းပြီးယာဉ်မှာ (၁၂,၂၃၉) စီးရှိကာ မီတာတပ်ဆင်ပြီး ယာဉ်မှာ (၉,၈၀၂) စီးရှိကြောင်း စီအန်ဂျီပြောင်းထားသော်လည်း မီတာမတပ်ရသေးသော ယာဉ်မှာ (၂,၄၃၇) စီးရှိပြီး ဓာတ်ဆီ၊ ဒီဇယ် City Taxi ယာဉ် (၁,၂၁၉) စီး၊ စုစုပေါင်း မီတာမတပ်ရသေးသော City Taxi မှာ (၃,၆၅၆) ရှိနေသေးကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

မီတာတပ်ရန် ကုမ္ပဏီ (၅) ခုက ရရှိထားရာတွင် ကုမ္ပဏီများအား မီတာတပ်ဆင်မှုများကို ခွဲတမ်းချရန် ညွှန်ကြားထားပြီး ဖြစ်သည်ဟု ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီဝင် အစည်းအဝေးများ အရ သိရသည်။

LYNX Co., Ltd မှ မီတာအလုံးရေ (၅၇၆) လုံး၊ Aye Family Co., Ltd မှ (၃,၃၈၀) လုံး၊ SAUKR Co., Ltd မှ (၁၂၀) လုံး၊ ASIA Value Co., Ltd မှ (၁,၀၀၀) လုံး၊ Champion Co., Ltd မှ (၁၂၀) လုံး စုစုပေါင်း (၁၁,၃၈၈) လုံးကို ပထမအကြိမ် တပ်ဆင်ကြရန် ပြီးခဲ့သည့် ၂၀၀၈ ခု ဇန်န၀ါရီ၌ တိုင်းမှူးက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကုမ္ပဏီ (၅) ခုမှ တပ်ဆင်ပေးရန် ခွဲတမ်းမှ ကျန်ရှိသော မီတာများမှာ စုစုပေါင်း (၁,၅၀၀) ကျော် ရှိနေသေးကြောင်း၊ မီတာတပ်ရန် စတင်ညွှန်ကြားခဲ့သည်မှာ စီအန်ဂျီပြောင်းပြီး တက္ကစီများကို ဖြစ်သော်လည်း ယခုအခါ စီအန်ဂျီအပြင် ဓာတ်ဆီ၊ ဒီဇယ် ယာဉ်များကိုလည်း မီတာတပ်ရန် အမိန့် ထုတ်ထားကြောင်း၊ LYNX Co., Ltd နှင့် Aye Family Co., Ltd ကုမ္ပဏီက မီတာထပ်မံတင်သွင်းခွင့် ရထားကြောင်း သိရသည်။

“အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေကို တခုပြီးတခု လုပ်နေတာဗျ။ တက္ကစီတွေကို စီအန်ဂျီ ပြောင်းမယ်ဆိုလို့ ပြောင်းကြရတယ်။ ပြီးတော့ မီတာ တပ်ရမယ်ဆိုလို့ တပ်ရပြန်ရော။ ဆီဈေးတွေကျလာတော့ စီအန်ဂျီ မပြောင်းကြတော့ဘူးလေ။ အဲဒီတော့ မီတာတပ်ရမယ့်ကိစ္စက စီအန်ဂျီယာဉ်တခုတည်းဆိုတော့ ဓာတ်ဆီ၊ ဒီဇယ်နဲ့ မောင်းတဲ့ သူတွေအနေနဲ့ မီတာခ သက်သာသွားလို့ နေကြတာ။ အခု ဒီဇယ်၊ ဓာတ်ဆီယာဉ်ကိုပါ တပ်ရမယ်လို့ လုပ်လာတယ်။ မတပ်ရင် လိုင်စင်သိမ်းမယ်ဆိုတော့လည်း အာဏာအောက်မှာ ခံကြရတာပေါ့။ ဒီလိုကိစ္စတွေ ဖြစ်စဉ်အားလုံးမှာ တက္ကစီလုပ်ငန်းလုပ်တဲ့လူတွေ၊ မောင်းသူတွေ၊ ကားပိုင်ဆိုင်သူတွေရော၊ မပိုင်သူတွေရော ကိုယ်ပိုင်ဆန္ဒ လုံးဝမပါကြဘူးဗျာ” ဟု တက္ကစီပိုင်ရှင် တဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ (၁) ရက်နေ့မှစ၍ စီအန်ဂျီပြောင်းပြီး တက္ကစီများ မီတာမတပ်ရသေးဘဲ ကျန်ရှိ နေသေးသည် ကို မီတာတပ်ရန် ရန်ကုန်တိုင်း တိုင်းမှူးသစ် ဗိုလ်ချုပ်ဝင်းမြင့်က အမိန့်ထုတ်ခဲ့သေးသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */