မက်စ်မြန်မာ ဦးဇော်ဇော်နှင့် ဒဂုံ ဦးဝင်းအောင်ကို အမေရိကန်အစိုးရက စီးပွားရေးဒဏ်ခတ်

Saturday, January 17, 2009 ·

သတင်း NEJ ခေတ်ပြိုင် | မြန်မာစစ်အစိုးရအား ငွေကြေးပံ့ပိုးပေးနေသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် နှစ်ဦးဖြစ်သည့် Max Myanmar ကုမ္ပဏီအုပ်စုပိုင်ရှင် ဦးဇော်ဇော်နှင့် ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီ အုပ်စုပိုင်ရှင် ဦးဝင်းအောင်တို့အား စီးပွားရေးဒဏ်ခတ်ထားသူများ စာရင်း (Specially Designated Nationals) တွင် ထည့်သွင်းကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးအဖွဲ့၌ ကြေညာလိုက်သည်။

မက်စ်မြန်မာ ဦးဇော်ဇော်သည် မြန်မာစစ်အစိုးရအား ဆောက်လုပ်ရေးလုပ်ငန်းများဖြင့် အဓိက ပံ့ပိုးပေး ခဲ့သူ ဖြစ်ပြီး ဒဂုံ ဦးဝင်းအောင်သည် စစ်အစိုးရအား ငွေကြေးအမြောက်အမြား လှူဒါန်းခဲ့သည့်ပြင် ဆောက်လုပ်ရေး လုပ်ငန်းများဖြင့် စစ်အစိုးရအား ကူညီခဲ့သူဖြစ်သည်ဟုလည်း ကြေညာချက်၌ ဖော်ပြထားသည်။

မက်စ်မြန်မာ ဦးဇော်ဇော်နှင့် ဒဂုံ ဦးဝင်းအောင်တို့အား စီးပွားရေးဒဏ်ခတ်ရာ၌ မက်စ်မြန်မာ ဦးဇော်ဇော်ပိုင် Max Singapore International Pte. Ltd. အပါအ၀င် ကုမ္ပဏီ (၈) ခုနှင့် ဒဂုံ ဦးဝင်းအောင်ပိုင် Dagon International Limited နှင့် Dagon Timber Limited. ကုမ္ပဏီ (၂) ခုတို့ ပါဝင်သည်။

“မြန်မာစစ်အစိုးရအနေနဲ့ ဒီမိုကရေစီရေး အတိုက်အခံများအပေါ် ဆက်လက်ဖိနှိပ်နေသမျှ ဒီစစ်အစိုးရအပေါ် ပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေ ချမှတ်ဖို့လိုတယ်ဆိုတာ အမေရိကန်အစိုးရနဲ့ ကွန်ဂရက်က ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်ပါတယ်။ ထင်ရှားတဲ့ ဒီမိုကရေစီရေး ထောက်ခံသူတွေကို စစ်အစိုးရက ထောင်ချတာဟာ နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ အလေးထားပြောဆိုချက်တွေ မလိုက်နာချင်ဘူးဆိုတာ အတည်ပြုလိုက်သလို ကမ္ဘာပေါ်ရှိ အဆိုးဆုံး လူ့အခွင့်အရေးချိုးဖောက်တဲ့ နိုင်ငံတွေထဲက တခုဖြစ်တဲ့ မြန်မာစစ်အစိုးရအပေါ် ဆက်ပြီး ဖိအားပေးထားဖို့လိုတယ်ဆိုတာ ပြသရာလည်း ရောက်ပါတယ်” ဟု နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး ညွှန်ကြားရေးမှူး Adam J. Szubin က ပြောသည်။

မက်စ်မြန်မာ ဦးဇော်ဇော်နှင့် ဒဂုံ ဦးဝင်းအောင်တို့အား စီးပွားရေးဒဏ်ခတ်ထားသူများ စာရင်းသွင်းရခြင်းသည် ၂၀၀၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် (ကွယ်လွန်သူ) အမေရိကန် အထက်လွှတ်တော်အမတ် တွန်လမ်းတော့စ်၏ မြန်မာကျောက်မျက်ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ကြေညာချက်၌ ဖော်ပြထားသည်။

စီးပွားရေးဒဏ်ခတ်ထားသူများ စာရင်းတွင် စစ်အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင် ဦးတေဇပိုင် ESPACE AVENIR EXECUTIVE SERVICED APARTMENT ကုမ္ပဏီနှင့် ဘိန်းဘုရင် လော်စစ်ဟန်၏ ချွေးမ စင်ကာပူနိုင်ငံသူ ဆစ်ဆလီအန်းပိုင် စင်ကာပူနိုင်ငံမှ ကုမ္ပဏီ (၁၀) ခုကိုလည်း စီးပွားရေးဒဏ်ခတ်ထားသူများ စာရင်းသွင်း ထားသည်။

စီးပွားရေးဒဏ်ခတ်ထားသူများ (Specially Designated Nationals) ဆိုသည်မှာ အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေခွင့်ရသူများနှင့် စီးပွားရေးမလုပ်ရန် နာမည်ပျက်စာရင်းသွင်း တားမြစ်ခြင်း ခံရသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ဆိုလိုခြင်းဖြစ်သည်ဟု အမေရိကန်အစိုးရက အဓိပ္ပာယ် ဖွင့်ထားသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */