မန္တလေး-မုံရွာ ပဲခွဲစက်များ ရပ်ဆိုင်းထားရ

Saturday, January 17, 2009 ·

သတင်း မင်းနိုင်သူ ခေတ်ပြိုင် | ပြည်ပအထွက်မရှိခြင်း၊ ပြည်တွင်းဝယ်လိုအား ကျဆင်းနေခြင်းတို့ကြောင့် မန္တလေးနှင့် မုံရွာ စက်မှုဇုန်များရှိ ပဲခွဲစက်များ ရပ်ဆိုင်းထားရကြောင်း လုပ်ငန်းရှင်များက ပြောသည်။

မန္တလေးတွင် ပဲခွဲစက် (၅၀) ကျော်နှင့် မုံရွာတွင်(၂၂) စက်ရှိပြီး အများစုမှာ ပြီးခဲ့သည့် (၆) လခန့်မှ စတင် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

“အခုထိလည်း လုပ်ငန်းပြန်ကောင်းမလာသေးပါဘူး။ ဒီမှာတော့ တ၀က်ကျော်ကျော်လောက်က ရပ်ထားကြရပြီ။ လက်ရှိလည်နေတဲ့စက်က (၇) ခုလောက်ပဲရှိမယ်။၂၀၀၈ ခုနှစ် ဇူလိုင်၊ သြဂုတ်လောက်ကစပြီး အိတ်စ်ပို့ မထွက်ကတည်းက လုပ်ငန်းတွေ တဖြည်းဖြည်းကျလာတာပေါ့။ အဲဒီအချိန်တွေတုန်းကတော့ အခြမ်း (ပဲခွဲပြီး အခြမ်း) ကိုပဲ ဘုရင့်နောင်ကုန်စည်ဒိုင်ကနေတဆင့် ပြည်ပကိုပို့နေတာလေးတွေရှိတယ်။ အဲဒီနောက်တော့ ဘာအကြောင်းပြချက်မှ မကြားရဘဲ အထွက်ရပ်သွားတော့ ခွဲစက်လုပ်ငန်းတွေ ထိခိုက်လာတာပေါ့” ဟု မန္တလေးမြို့မှ လုပ်ငန်းရှင်က ပြောသည်။

ယင်းကဲ့သို့ လုပ်ငန်းများ ရပ်ဆိုင်းထားရခြင်းကြောင့် အလုပ်သမားများအား အလုပ်ဖြုတ်ရသည်အထိ အခြေအနေ ဖြစ်ပွားနေကြောင်း သိရသည်။ မုံရွာ စက်မှုဇုန်မှ ပဲခွဲစက်လုပ်သားများအနေဖြင့် နေ့စဉ်လုပ်အားခ ကျပ်ငွေ (၁,၅၀၀)နှင့် (၂,၀၀၀) အကြား ရပြီး ပဲခွဲစက်အကြီးအသေးပေါ်မူတည်ကာ အလုပ်သမား (၅) ဦးမှ (၃၅) ဦး ခန့်အထိ ခန့်ထားကြသည်။

“အလုပ်သမားတွေ လျော့တဲ့စက်က လျော့ရတယ်။ အနားခိုင်းတဲ့ စက်က ခိုင်းရတယ်။ စက်ပိုင်တွေ အနေနဲ့ ကလည်း မလုပ်ချင်ပေမယ့် လုပ်ကြရတာပဲလေ။ စက်မှမလည်တော့ သူတို့ကိုလည်း အလုပ်မပေးနိုင်ဘူး ဖြစ်နေတာပေါ့။ တချို့အလုပ်သမားတွေကတော့ ရေနံတွင်းလုပ်သားတွေ ဖြစ်ကုန်ကြတယ်။ ဒါပေမယ့် သူတို့တွေလည်း အဲဒီဘက်မှာလည်း အဆင်မပြေကြဘူးကြားတယ်။ ကျနော်တို့ ခွဲစက်တွေတင် မဟုတ်ပါဘူး။ ပွဲရုံတွေလည်း အလုပ်ပါးတော့ အလုပ်သမားတွေ လျော့ကုန်တာပါပဲ” ဟု မုံရွာစက်ပိုင်က ဆိုသည်။

ယမန်နှစ်မှစကာ သိသာစွာယိုင်နဲ့လာသော ကောက်ပဲသီးနှံဈေးကွက်အတွင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပဲကုန်သည်ကြီးအချို့ ထွက်ပြေးတိမ်းရှောင်မှုကြောင့် ပိုမိုဆိုးဝါးသွားကာ နယ်ကုန်စည်ဒိုင်များလည်း ထိခိုက်ခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */