ထိုင်းက မြန်မာ့အရေး ပိုမိုလုပ်ဆောင်မည်

Friday, January 16, 2009 ·

သတင်း ဇာနည်ဝင်း ဧရာဝတီ | ထိုင်း ဝန်ကြီးချုပ်သစ် အဖိဆစ် ဝေ့ချာချီဝက မြန်မာပြည် အကြပ် အတည်းသည် ဒေသတွင်း နိုင်ငံများကို ထိခိုက် သောကြောင့် ၎င်း၏ အစိုးရက မြန်မာပြည် အရေးကို ယခင်ကထက် ပိုမို လုပ်ဆောင်သွားမည်ဟု ယမန်နေ့က ပြောကြားလိုက်သည်။

ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်းက ပြုလုပ်သည့် ညစာစားပွဲတွင် ယင်းသို့ ပြောကြား လိုက်ခြင်းဖြစ်သည်။

မြန်မာပြည် အပြောင်းအလဲအတွက် စီးပွားရေးပိတ်ဆို့မှုဖြင့် ဖိအားပေးသည့် အနောက်နိုင်ငံများ၏ နည်းလမ်းသည် အလုပ် မဖြစ်ဟု ဝန်ကြီးချုပ်သစ်က ဆိုသည်။

ထိုင်းနိုင်ငံ The Nation သတင်းစာ အယ်ဒီတာ ကဝီ ချောင်ခစ်တာဗွန် က ဝန်ကြီးချုပ်သစ်သည် မြန်မာပြည် အရေး နှင့်ပတ်သက်၍ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ဖွယ်ရှိသည်ဟု သုံးသပ်သည်။

“လက်ရှိအစိုးရက ဒီမိုကရက်တစ်ပါတီအစိုးရ ဆိုတော့ အရင် မစ္စတာသက်ဆင် အစိုးရထက် စာရင် မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး ချည်းကပ်ပုံ ကွာခြားမှာပါ။ အဖိဆစ်က အများကြီး လုပ်နိုင်ပါလိမ့်မယ်” ဟု မစ္စတာ ကဝီက ပြောပြသည်။

ဒီဇင်ဘာ ၂၄ ရက်နေ့က ထုတ်လွှင့်သည့် အယ်လ်ဂျာ ဇီးယား ရုပ်မြင်သံကြားဌာနနှင့် တွေ့ဆုံ မေးမြန်းခန်း တွင်လည်း ဝန်ကြီးချုပ်သစ်က “(အရှေ့တောင်အာရှနိုင်ငံများအသင်း - အာဆီယံ) အဖွဲ့ဝင်နိုင်ငံတွေရဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေဆိုတာ နိုင်ငံတကာရဲ့အမြင်မှာ အင်မတန် အရေးကြီးပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ကျနော်တို့ကို အထင်သေးမယ်၊ မယုံကြည်ဘူးဆိုရင် (အာဆီယံ) အဖွဲ့ကြီးရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်မှာမဟုတ်ဘူး” ဟု မစ္စတာ အဖိဆစ်က ဆိုသည်။

မြန်မာနိုင်ငံတွင် အပြောင်းအလဲများဖြစ်ပေါ်ရေးအတွက် အာဆီယံနိုင်ငံများက ကူညီရမည်ဟုလည်း ပြောကြား လိုက်သည်။

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ လက်ရှိ အလှည့်ကျ ဥက္ကဌ ဖြစ်သည်။ မစ္စတာ အဖိဆစ်သည် ပြီးခဲ့သည့်လ ၁၅ ရက်နေ့က ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံခဲ့ရသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အနောက်နိုင်ငံများက ဖိအားပေး ဆောင်ရွက်နေပြီး၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဧရာဝတီကပြုလုပ်သည့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး မတ်ခ် ကန်းနင်းနှင့် ဆက်သွယ် မေးမြန်းခန်းတွင် သံအမတ်ကြီးက “ဒေသတွင်းက နိုင်ငံတွေ အဓိက လုပ်ဆောင်ရမယ့် အချက်ကတော့ ကုလသမဂ္ဂက (မြန်မာ့အရေး) ကြိုးပမ်း လုပ်ဆောင်နေတာတွေကို ပိုပြီး တညီတညွတ်တည်း ထောက်ခံမှုရအောင် လုပ်ဖို့ ဖြစ်ပါတယ်”ဟု ထည့်သွင်း ပြောကြားသွားသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */