ရွှေပြည်အေးမြို့သစ်တည်ဆောက်ရေး သဘာဝပတ်ဝန်းကျင်ယိုယွင်း

Friday, January 23, 2009 ·

သတင်း မင်းနိုင်သူ ခေတ်ပြိုင် | နအဖစစ်အစိုးရအနေဖြင့် ထမံသီရေအားလျှပ်စစ်စီမံကိန်းကြောင့် ၎င်းတို့ ရွှေ့ပြောင်းခိုင်းထားသော ကျေးရွာများအား နေရာ အစားပေးရန် ဟုမ္မလင်းမြို့၏ အောက်ဘက် (၂၂) မိုင်ခန့်အကွာတွင် ရွှေပြည်အေး မြို့သစ်ကို အပူတပြင်း တည်ဆောက် နေခြင်းကြောင့် သစ်တောများ ပြုန်းတီးကာ သဘာဝပတ်ဝန်းကျင် သိသာစွာယိုယွင်းလာနေကြောင်း ဒေသခံများက ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါမြို့သစ်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးတို့၏ အဖျားဆွတ်အမည်နှစ်ခု အကြား “ပြည်” ဆိုသော စကားလုံးထည့်သွင်းစေလျက် “ရွှေပြည်အေး” ဟု အမည်ပေးထားသည်ဟု ဒေသခံများက ပြောသည်။

ထမံသီစီမံကိန်းကြောင့် ဖယ်ရှားပေးရမည့် ကျေးရွာ (၇၀) ကျော်အား နေရာအစားပေးရန် အိမ်ခြေ (၁) သောင်း ၊ မြို့နယ်ဆေးရုံ (၁) ရုံ ၊ တိုက်နယ်ဆေးရုံ (၄) ခု၊ ဆေးပေးခန်း (၂၈) ခု၊ အထကကျောင်း (၃) ကျောင်း၊ (က) အဆင့်ရဲစခန်း (၃)ခု၊ သင်္ဘောဆိပ်ကမ်းနှစ်ခု၊ နန်တော-ရွှေပြည်အေး-မုံရွာ မဟာဗျူဟာ လမ်းမကြီးတခုပါ မြို့ ကြီးတမြို့အဖြစ် ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင် တည်ဆောက် နေခြင်းဖြစ်သည်။

ယင်းတည်ဆောက်မှုကိုအကြောင်းပြု၍ နအဖက သစ်ထုတ်ခွင့်ချထားပေးခဲ့ရာ JLC ကုမ္ပဏီနှင့် ၎င်းလက်အောက်ခံ ကျန်းဝေကုမ္ပဏီ၊ မခင်ဆုံကုမ္ပဏီတို့က မိုင် (၅၀) ပတ်လည်ခန့်အထိ သစ်ခုတ်လှဲခဲ့ကြပြီး သစ်တန်လေးသိန်းထက်မနည်း ထုတ်ယူခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။

“သိသာတယ်ဗျာ။ မနှစ်ကတည်းက တော်တော်ပူလာတယ်။ ဒီအထက်ပိုင်းဆိုတာ နဂိုကတော်တော် အေးတဲ့နေရာတွေဗျ။ အခုတော်တော်ပူလာပြီ။ သဘာဝပတ်ဝန်းကျင်လည်း တော်တော်ထိခိုက်လာပြီ။ နန်တောဘက်မှာ ရွှေလုပ်ငန်းတွေအခွန်ဆောင်ခိုင်းပြီး လုပ်ခိုင်းတယ်ဗျာ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အသိပညာပေးတာတွေ ဘာတွေလည်းမရှိဘူး။ သူတို့ကိုအခွန်ဆောင်ပြီးရော ကျန်တာကြိုက်တာလုပ်ဆိုတဲ့ သဘောမျိုးဖြစ်နေတော့ ရေမျှော (တောင်ကြောများအားရေအားသုံးဖြိုချကာ ရွှေရှာသူများ) သမားတွေက တောင်မှန်သမျှ အကုန်ဖြိုချနေကြတာ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အထိ ချင်းတွင်းမြစ်ရေဟာ ကြည်စိမ်းနေတာ။ အခုတော့သွားပြီ” ဟု ဟုမ္ပလင်းမြို့ခံက ပြောသည်။

ရွှေပြည်အေးမြို့သစ်တည်ရာတွင်လည်း JLC ကုမ္ပဏီအနေဖြင့် ယမန်နှစ်က သစ်ထုတ်လုပ်ခွင့် တန် (၁) သိန်းသာ ရရှိခဲ့သော်လည်း အာဏာပိုင်အဆင့်ဆင့်နှင့်ပေါင်းကာ တန်ချိန် (၂) သိန်းထက်မနည်း ထုတ်ယူခဲ့ ကြောင်း ဒေသခံများက ဆိုသည်။

“သစ်ပင်ကြီးကြီးငယ်ငယ်အကုန်လှဲတာပဲ။ ကြီးတာ စံချိန်မီတာတွေကိုတော့ အိတ်စ်ပို့ဆိုက်ဆိုပြီး အောက်ဆိပ်တွေကို ပို့တယ်။ နည်းနည်းသေးတာတွေကို လိုကယ်ဆိုက်ဆိုပြီး ကားတွေနဲ့တင်တယ်။ သူ့ထက်သေးတာတွေကျ ပါးလွှာစက်နဲ့ခွဲပြီး ရွှေပြည်အေး မြို့သစ်ကို အပြောင်းခံရတဲ့ ရွာသားတွေကို ရောင်းတယ်။ နောက်ဆုံး ဘာမှလုပ်မရရင် မီးသွေးပါဖုတ်ရောင်းသွားကြတာ။ ဒီနားဝန်းကျင်ကတော့ သစ်တောမရှိသလောက်ဖြစ်သွားပါပြီ” ဟု ရွှေပြည်အေးဒေသခံက ပြောသည်။

သို့ရာတွင် ယခုနှစ် ပြည်ပသို့ သစ်တင်ပို့မှုကျဆင်းနေသဖြင့် အဆိုပါဒေသတွင် သစ်ကုမ္ပဏီအချို့ ၀င်ရောက်မှု နည်းပါးနေပြီး လောလောဆယ် မခင်ဆုံကုမ္ပဏီ ဟု ဒေသခံများခေါ်ဆိုကြသော ကုမ္ပဏီတခုသာ သစ်ထုတ် နေကြောင်း သိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */