ဧည့်လာရန်သာ အရေးကြီးဟု ဟိုတယ်လုပ်ငန်းရှင်များပြော

Friday, January 23, 2009 ·

သတင်း NEJ ခေတ်ပြိုင် | ငွေဆောင်ကမ်းခြေဟိုတယ်များသို့ ဧည့်သည်ဝင်ရန် ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်း (၂၀၀၈-၂၀၀၉ ဘဏ္ဍာရေး နှစ်ခရီးသွားရာသီမကုန်မီ) တွင် ဟိုတယ်ဇုန်တခုလုံး မည်သည့်နည်းဖြင့် ဧည့်သည် ၀င်ရောက်နိုင်မည်ကို တွေးတောကြံဆကြကာ ဖျော်ဖြေရေးကဏ္ဍများ ဆောင်ရွက်ခြင်း၊ မြန်မာ့ရိုးရာပြိုင်ပွဲများ ပြုလုပ်ခြင်း စသည်ဖြင့် နည်းမျိုးစုံသုံး၍ ပရိုမိုးရှင်းပြုလုပ်နေရကြောင်း အဆိုပါ ဟိုတယ်ဇုန်သတင်းရပ်ကွက်က ပြောသည်။

“ကျနော်တို့ ဒီငွေဆောင်ကမ်းခြေမှာ ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ဖျော်ဖြေရေးကဏ္ဍတွေ စတင်တာပါ။ ဒီနှစ်မှာ ကရင်ဒုံးယိမ်း ပြိုင်ပွဲလုပ်တယ်။ အောင်မြင်မှု ရတယ်။ အဲဒီလိုပဲ ရိုးရာအက၊ ရိုးရာအစားအစာနှင့် ပတ်သက်တဲ့ ပြိုင်ပွဲတွေရော၊ ပြိုင်ပွဲမဟုတ်တဲ့ ဖျော်ဖြေရေး သီးသန့်တင်ဆက်မှုတွေရော လုပ်သွားမှာပါ။ ဘာပဲဖြစ်ဖြစ် ဧည့်သည်ဝင်ဖို့ပဲ အရေးကြီးတယ်။ ပြည်တွင်းဧည့်သည်ပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားပဲဖြစ်ဖြစ်ပါ။ ပြီးတော့ ဒီလို ပွဲတွေကို လုပ်ရတဲ့အတွက် ကုန်ကျစရိတ်ရှိပါတယ်။ အဲဒီစရိတ်တွေဟာလည်း ဟိုတယ်တွေ အားလုံးက မျှပြီး ကျခံရတာပါ။ အားလုံးကလည်း ရှုံးရင်ရှုံးပါစေ ဧည့်သည်လာဖို့ပဲ အဓိကထားကြတယ်ဗျ” ဟု အမည်မဖော်လိုသူ ဟိုတယ်လုပ်ငန်းရှင်တဦးက ပြောသည်။

ငွေဆောင်ဇုန်တွင် ဟိုတယ်များသို့ ဧည့်သည်ဝင်ရောက်မှု နည်းရခြင်းမှာ ပြည်တွင်းနိုင်ငံရေးအခြေအနေများကြောင့်သာမက အခြား သဘာဝဘေးအန္တရာယ်၊ ကမ္ဘာ့စီးပွားရေးကျခြင်းတိုနှင့်လည်း ရောယှက်နေသည်ဟု ငွေဆောင်ဟိုတယ်ဇုန်၏ ၀န်ထမ်းတဦးက ပြောသည်။

“လွန်ခဲ့တဲ့ ၂၀၀၆-၂၀၀၇ က မာလာမုန်တိုင်းဒဏ်ကပဲ စတာပါ။ အဲဒီမာလာမုန်တိုင်းပြီးတော့ စက်တင်ဘာအရေးအခင်းကြောင့် ဧည့်သည်တွေက မြန်မာနိုင်ငံက မလုံခြုံဘူးဆိုပြီး မလာကြဘူး။ အဲဒီနောက် နာဂစ်မုန်တိုင်း၊ အခု ကမ္ဘာ့စီးပွားရေးပျက်ကပ်၊ ဒီဒဏ်တွေ ငွေဆောင်ဟိုတယ်ဇုန်တခုလုံးက ဟိုတယ်တွေ ခံနေရတယ်” ဟု ၎င်းက ဆိုသည်။

ပြည်ပဧည့်သည်များကို အဓိကအားထားရန်အတွက် အဆင့်မြင့်တည်ဆောက်ထားကြ သည်ဆိုသော ဟိုတယ်များတွင် နိုင်ငံခြားသား ခရီးသွားများ ပိုမိုနည်းလာသော ကာလမှာ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးသည့်နောက်မှ ၂၀၀၉ ခုနှစ် ရောက်သည်ထိဖြစ်ကြောင်း ငွေဆောင်၏ ဟိုတယ်ဇုန်တွင် ဟိုတယ်ဖွင့်ထားသူတဦးက ပြောသည်။

“နိုင်ငံခြားသားတွေကို သွားတာလာတာအတွက် ပါမစ်ယူရတယ်လေ။ ပါမစ်က ယူတာ မကြာဘူးဆိုပေမယ့် ဧည့်သည်တွေရဲ့ စိတ်က ဒီကိစ္စကို နှစ်သက်ချင်မှ နှစ်သက်မယ်။ အဲဒီတော့ လာချင်တဲ့ ဧည့်သည်တွေက မလာတော့ဘူးဆိုတာတွေ ဖြစ်ကုန်ရောဗျာ။ ခရီးသွား လုပ်ငန်း တိုးတက်ဖို့ဆိုတာ အစိုးရအပေါ်မှာ အများကြီး မှီတည်တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ် ခရီးသွားရာသီက (၂၀၀၆ ခုနှစ်အောက်တိုဘာလမှ ၂၀၀၇ ခုနှစ် ဧပြီလထိ) နိုင်ငံခြား ဧည့်သည့်ဝင်ရောက်မှုမှာ ၂၀၀၆ အောက်တိုဘာလက (၂၃၅) ဦး၊ နိုဝင်ဘာတွင် (၂,၀၇၀) ဦး၊ ဒီဇင်ဘာတွင် (၁,၁၃၉) ဦး၊ ၂၀၀၇ ခုနှစ် ဇန်န၀ါရီတွင် (၁,၃၉၈)၊ ဖေဖော်ဝါရီတွင် (၁,၅၃၂) ဦး၊ မတ်လတွင် (၁,၃၇၀) ဦး ၀င်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း စာရင်းအရ သိရသည်။

၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်အတွင်း (၂၀၀၇ ခုနှစ် ဧပြီလတွင် ၂,၅၈၇ ဦး) ၀င်ခဲ့ပြီး ယင်းမှာ အများဆုံးဝင်ရောက်မှုအဖြစ် စံချိန်တင် ခဲ့ကာ ယင်းနောက်ပိုင်း ခရီးသွားရာသီတွင် လုပ်ငန်းအခြေအနေမှာ သုညအထိ ကျသွားခဲ့သည်ဟု ဟိုတယ်လုပ်ငန်းရှင်တဦးက ပြောသည်။

၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်အတွက်ကို ငွေဆောင်ဟိုတယ်ဇုန်လုပ်ငန်းရှင်များ မျှော်လင့်ထားရန် ကျန်ရှိနေသော လများမှာ ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်လ တို့သာ ရှိတော့ကြောင်း ပြက္ခဒိန်နှစ်အရ ဆိုပါက ၂၀၀၉ ခုနှစ်၏ မေလထိကို မျှော်လင့်နေကြကြောင်း သိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */