ကုလ ကိုယ်စားလှယ် ဂမ်ဘာရီ မကြာမီ မြန်မာပြည် လာဦးမည်

Friday, January 23, 2009 ·

သတင်း မဇ္ဈိမ | နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံရေး ဆွေးနွေးရန်အတွက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် မြန်မာနိုင်ငံကို သွားရောက်ဖွယ်ရှိသည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။

မစ္စတာ ဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ရန် ဖိတ်ကြားစာကို လက်ခံရရှိထားပြီးဖြစ်ကာ၊ အရှေ့တောင်အာရှနိုင်ငံ ခရီးစဉ်ကို မကြာမီ စတင်ဖွယ်ရှိသည်ဟု အဆိုပါပုဂ္ဂိုလ်က မဇ္ဈိမကို ပြောခြင်းဖြစ်သည်။

"မြန်မာပြည်ကို လာဖို့ ဖိတ်ခေါ်စာကို သူ ရထားပါပြီ။ ဒါပေမဲ့ အခုအချိန်မှာ ဘာကိုမှ အတည်ပြု မပြောနိုင် သေးပါဘူး" ဟု ဆိုကာ သူက ခရီးစဉ် အသေးစိတ်ကို ရှင်းပြရန် ငြင်းဆိုသည်။

အေပီ သတင်းတရပ်တွင်မူ မြန်မာ့နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရန်အတွက် မစ္စတာ ဂမ်ဘာရီသည် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် မြန်မာပြည်ကို ထပ်မံသွားရန် စီစဉ်ထားသည်ဟု အမည်မဖော်ပြထားသော သံအမတ်တဦး၏ ပြောဆိုချက်ကို ကိုးကားဖော်ပြထားသည်။

မြန်မာပြည်သို့ နောက်ဆုံးတခေါက် ရောက်ခဲ့သည့် ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်းက မစ္စတာ ဂမ်ဘာရီသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်သာမက နေအိမ်အကျယ်ချုပ်ကျနေသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံခွင့် မရခဲ့ပေ။

မြန်မာ့နိုင်ငံရေးအတွက် သူ၏ အကြံပေးချက်ဖြစ်သော တွေ့ဆုံဆွေးနွေးရေးကို စစ်အစိုးရက ဥပက္ခာပြုကာ၊ သူတို့ ချမှတ်ထားသော လမ်းပြမြေပုံ၏ အဆင့် ၅ ဖြစ်သော ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင် ကျင်းပသွားမည်ဟု ကြေညာထားသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */