ဓာတ်တိုင်စိုက်ရန် တအိမ်ထောင် ကျပ် (၅,၀၀၀) အဓမ္မကောက်

Thursday, January 15, 2009 ·

သတင်း မြင့်မိုးဇော် ခေတ်ပြိုင် | ဇန်န၀ါရီ (၁၂) ရက်က ရန်ကုန်မြို့ တာမွေလေးရပ်ကွက်၊ ပိတောက် ရွှေဝါလမ်းအတွင်းရှိ လူနေတိုက်ခန်းများအား ဓာတ်တိုင်အသစ်စိုက်ရန်နှင့် မီးကြိုးများ လဲလှယ်ရန်အတွက် ရပ်ကွက်အာဏာပိုင်များက တအိမ်ထောင်လျှင် ငွေကျပ် (၅,၀၀၀) နှုန်းဖြင့် လိုက်လံကောက်ခံခဲ့သည်။

ရပ်ကွက်အာဏာပိုင်များ ငွေကောက်ခံခြင်းအပေါ် မကျေနပ်သည့် ရပ်ကွက်နေပြည်သူတဦးက “ဒီကိစ္စက နိုင်ငံတော်ကလုပ်ရမှာဖြစ်တယ်။ ကျနော်တို့က ကျနော်တို့သုံးတဲ့ ဓာတ်အားခကို တလတခါ အပြည့် ပေးဆောင်ပြီးသားဖြစ်တဲ့အတွက် မထည့်နိုင်ပါဘူး” ဟု ငွေလိုက်လံကောက်ခံသော ရက်ကွက် အာဏာပိုင် များအား ပြောကြားခဲ့သည်။

ထိုသို့ပြောကြားခဲ့သူအား ရပ်ကွက်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရုံးသို့ ခေါ်ပြီး အာဏာပိုင်များက ၎င်းတို့ဆောင်ရွက်နေသော လုပ်ငန်းများကို ပြန်လည်ရှင်းပြခဲ့သည်ဟု အဆိုပါ ပုဂ္ဂိုလ်က ခေတ်ပြိုင်သို့ ပြောကြားသည်။

“ကျနော့်ကို ရပ်ကွက်ရုံးကို ခေါ်တယ်ဆိုပြီး ရပ်ကွက်က စွမ်းအားရှင်ခေါင်းဆောင် ဦးလှမြင့်က လာခေါ်လို့ ကျနော် ရုံးကို လိုက်သွားပါတယ်။ ဟိုကိုရောက်တော့ မနက်ကငွေတွေကို လိုက်ကောက်ခံတဲ့ ရာအိမ်မှူး ဦးအောင်မြင့် ခေါင်းဆောင်တဲ့အဖွဲ့ကိုလည်း ခေါ်ထားတာ တွေ့ ရတယ်။ ရုံးကိုရောက်တော့ ကျနော့်ကို အတွင်းရေးမှူး ဦးလွင်မောင်က ပြေပြေလည်လည်ပြန်ရှင်းပြပါတယ်။ ဒါ့အပြင် ကောက်ခံလို့ ရတဲ့ငွေတွေကိုလည်း စစ်ကြည့်ခိုင်းပါတယ်။ ကျနော်က စစ်စရာမလိုပါဘူး။ ကျနော်စာရင်းစစ်ချင်လို့ ပြောနေတာမဟုတ်ဘူး။ ဒီကိစ္စက နိုင်ငံတော်က လုပ်ရမယ့်ကိစ္စပါ။ ကျနော်တို့နဲ့ မဆိုင်လို့ကို မထည့်နိုင်ဘူးလို့ ပြောတာလို့ ပြန်ပြောခဲ့ပါတယ်” ဟု အဆိုပါ ပြည်သူက ခေတ်ပြိုင်သို့ ပြောကြားသည်။

ယခုကဲ့သို့ ခေါ်ယူဆွေးနွေးရာတွင် ရပ်ကွက်အာဏာပိုင်များက အဆိုပါဓာတ်တိုင်များ ပြောင်းစိုက်ပြီးပါက ငွေထည့်ဝင်သည့်အိမ်များ မီးအားအပြည့်လာမည်ဖြစ်ပြီး မထည့်ဝင်သူများမှာမူ မီးအားမပြည့်ဘဲ ရမှာ ဖြစ်ကြောင်းကိုလည်း အတွင်းရေးမှူးဖြစ်သူက ရှင်းလင်းပြောကြားသည်ဟု ပြန်လည်ပြောကြားသည်။

အဆိုပါကိစ္စဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာတွင် ငွေထည့်ဝင်ခြင်းမရှိဟု ပြောဆိုသည့် လူငယ်နေထိုင်ရာ အိမ်အပါအ၀င် အခြားအိမ်များကို မီးဖြတ်တောက်ခဲ့သည်။

ယခုကိစ္စ မကျေနပ်သော ရက်ကွက်တွင်း နေထိုင်သူတဦးက ဖြစ်စဉ်အား မှတ်တမ်းတင်ဓာတ်ပုံထွက်ရိုက်ခဲ့ပြီး မကြာမီ ဖြတ်တောက် ခဲ့သောအိမ်များအား မီးပြန်ပေးသည့်အတွက် အဆိုပါလုပ်ရပ်အား ရပ်ကွက်နေပြည်သူများ မခံမရပ်နိုင်ဖြစ်နေကြကြောင်း သတင်းရရှိသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */