ယခုနှစ် ဘွဲ့တံဆိပ်တော်လျှောက်သည့် သံဃာနည်းပါး ဓမ္မကထိက ဆရာတော်များအား စစ်အစိုးရက လိမ်လျှောက်ခိုင်း

Thursday, January 15, 2009 ·

သတင်း NEJ ခေတ်ပြိုင် | ယခုနှစ် သံဃာတော်များအား ဆက်ကပ်သည့် ဘွဲ့တံဆိပ်တော်ရလိုကြောင်း လျှောက်ထားသည့် သံဃာအရေအတွက် နည်းပါးသည့်အတွက် အချို့ စာချဆရာတော်များ၊ ဓမ္မကထိက ဆရာတော်များကို ဘွဲ့တံဆိပ်တော် လျှောက်ထားအောင် စစ်အစိုးရက မလိမ့်တပတ် လိမ်ခဲ့သည်ဟု စုံစမ်းသိရသည်။

“သံဃာတော်တွေ စစ်အစိုးရပေးတဲ့ ဘွဲ့တံဆိပ်တော်တွေကို ဒီနှစ် အလျှောက်နည်းသွားကတော့ ရှင်းပါတယ်။ ၂၀၀၇ က သံဃာတွေကို စစ်အစိုးရက ရက်ရက်စက်စက် ဖြိုခွဲခဲ့တော့ သပိတ်မှောက်တဲ့အနေနဲ့ မလျှောက်ကြ တာပါ” ဟု ရန်ကုန် တိုက်အုပ်ဆရာတော်တပါးက ခေတ်ပြိုင်သို့ အမိန့်ရှိသည်။

ဘွဲ့တံဆိပ်တော်ရလိုကြောင်း လျှောက်ထားသည့် သံဃာအရေအတွက် နည်းလာသည့်ပြင် ယခုနှစ် နေပြည်တော်တွင် ဘွဲ့ပေးရန် စစ်အစိုးရက ပြင်ထားသည့်အတွက် အချို့ ဓမ္မကထိက ဆရာတော်များကို ဘွဲ့လျှောက်ထားလျှင် သိမ်းထားသည့် လိုင်စင်မဲ့ကား ပြန်ပေးမည်ဆိုသည့် မက်လုံးဖြင့် လိမ်လည်လျှောက် ထားခဲ့ကြောင်း ရန်ကုန် သံဃာတပါးက အမိန့်ရှိသည်။

နာမည်ကြီး ဓမ္မကထိက ဆရာတော်ဖြစ်သည့် တွံတေး ဦးဣန္ဒကအား ဘွဲ့တံဆိပ်တော်ရလိုကြောင်း လျှောက်ထားလျှင် သိမ်းထားသည့် လိုင်စင်မဲ့ကားပြန်ပေးမည်ဟု အာဏာပိုင်များက လိမ်လည်လျှောက်ထားခဲ့ပြီး နောက်ဆုံး ဘွဲ့တံဆိပ်တော်လည်းမပေး၊ ကားလည်းမပေးဘဲ လုပ်ခဲ့ကြောင်း တွံတေး ဦးဣန္ဒက ဆရာတော်နှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။

စစ်အစိုးရသည် ဘွဲ့တံဆိပ်တော်ရ သံဃာတော်များအား ယခုနှစ် ဘွဲ့ဆက်ကပ်ရာတွင် ယခင်ကကဲ့သို့ ကမ္ဘာအေး၌ မလုပ်ဘဲ နေပြည်တော်တွင် ကျင်းပမည့်ဖြစ်ပြီး နေပြည်တော် ဥပ္ပါတသန္တိစေတီ ထီးတင်ပွဲနှင့်အတူ မတ်လတွင် တပေါင်းတည်းလုပ်ရန် ပြင်နေသည်။

“နေပြည်တော် ဥပ္ပါတသန္တိစေတီ ဆိုတာ သန်းရွှေအစိုးရအတွက် အန္တရာယ်ကင်းအောင်ဆိုတဲ့သဘောနဲ့ ယတြာချေပြီးတည်တဲ့ ဘုရားသာ ဖြစ်တယ်။ ဥပ္ပါတသန္တိဂါထာဆိုတာ ဘုရားဟောအစစ်မဟုတ်ပေမယ့် ဘုရားဟောဂါထာတွေ စုပေါင်းထားတဲ့ ဂါထာသာဖြစ်တယ်။ ၂၀၀၃ ဗိုလ်ချုပ်ခင်ညွန့်လက်ထက်မှာ ကျုပ်တို့ ရန်ကုန်က ဘုန်းကြီးတွေကို နာမယ်ကြီးဘုရားတွေမှာ တလတကြိမ် (၉) လ နဲ့ (၉) ရက်တိတိ ဥပ္ပါတသန္တိဂါထာ ရွတ်ဖို့ အမိန့်ပေးလို့ ရွတ်ခဲ့ရသေးတယ်လေ။ တကယ်ရွတ်ရင် တနာရီခွဲလောက်ကြာအောင် ရွတ်ရတော့ ပင်ပန်းလို့ ဘယ်သူမှ အဲလောက်မရွတ်ဘူး။ နာရီဝက်နဲ့ကျော်ရွတ်ကြတယ်။ နောက်တော့ ဘာပြဿနာဖြစ် တယ်မသိပါဘူး။ (၉) လမပြည့်ခင် အတင်းရပ်ခိုင်းလို့ ရပ်ရတယ်။ မကြာပါဘူး ၂၀၀၄ မှာ ဒကာကြီး ခင်ညွန့် ပြုတ်သွားတာပဲ။ ဒါကြောင့် ဥပ္ပါတသန္တိစေတီလည်း ဒကာကြီး ဦးသန်းရွှေအစိုးရအတွက် အန္တရာယ် ကင်းမယ်လို့ ဘယ်ပြောနိုင်မလဲ” ဟု အမည်မဖော်လိုသည့် တိုက်အုပ်ဆရာတော်ကြီးက အမိန့်ရှိသည်။

၁၉၉၁ ခု အောက်တိုဘာ (၂၄) ရက်နေ့ထုတ် စစ်အစိုးရအမိန့် ၄၂/၉၁ အရဆိုလျှင် ယခင်လက်ထက်က သံဃာတော်များအား ပေးအပ်သည့် ဘွဲ့တံဆိပ်အမျိုးအစားက အဘိဓဇ မဟာရဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတနဲ့ တိပိဋကဓရ ဆိုပြီး (၃) မျိုးသာရှိသော်လည်း စစ်အစိုးရလက်ထက်တွင် ဘွဲ့တံဆိပ်တော်ပေါင်း (၂၁) ခုထိ ထပ်မံတိုးချဲ့ထားသည်ကို တွေ့ရသည်။

စစ်အစိုးရလက်ထက် သံဃာတော်များအား ပေးသည့် ဘွဲ့များကို ပြန်ကြည့်ပါက ပညာပိုင်းဆိုင်ရာ ဘွဲ့ (၂) မျိုးအနက် အဘိဓဇမဟာရဌဂုရုဘွဲ့က အမြင့်ဆုံးဖြစ်ပြီး သာသာနာပြုပိုင်းဆိုင်ရာဘွဲ့ (၅) မျိုးမှာ အဘိဓဇ မဟာသဓမ္မ ဇောတိက ဘွဲ့က အမြင့်ဆုံးဖြစ်သည်။

သင်ပြမှုပိုင်းဆိုင်ရာဘွဲ့ (၃) မျိုးအနက် အဂ္ဂမဟာ ဂန္ဒဝါစက ပဏ္ဍိတဘွဲ့က အမြင့်ဆုံးဖြစ်ပြီး တရားပြသမှု ဆိုင်ရာဘွဲ့ (၃) မျိုးမှာ အဂ္ဂမဟာ ကမ္မဌာနာစရိယဘွဲ့က အမြင့်ဆုံး ဖြစ်သည်။ တရားဟောပိုင်းဆိုင်ရာ ဘွဲ့ (၂) မျိုးအနက် မဟာဓမ္မကထိက ဗဟုဇန ဟိတဓရဘွဲ့က အမြင့်ဆုံးဖြစ်ပြီး ဝိသိဌ တိပိဋကဓရ တိပဋက ကောဝိဒဘွဲ့ က ပိဋကတ်ဆိုင်ရာ အမြင့်ဆုံး ဖြစ်သည်။

အဘိဓဇနှင့်တိပိဋကဘွဲ့တံဆိပ်တော်ရ ဆရာတော်များကို မြန်မာနိုင်ငံတွင်း အစိုးရပိုင် ကုန်းကြောင်း ရေကြောင်း လေကြောင်းမျိုးဖြင့် ခရီးကြွရာ၌ အခမဲ့စီးနင်းခွင့်ပေးထားပြီး ကပ္ပိယဒကာနှစ်ဦးပါ အစိုးရစရိတ်နှင့် လိုက်ပါခွင့်ပေးသလို၊ အဂ္ဂမဟာကဏ္ဍိတနဲ့ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇဘွဲ့ရ ဆရာတော်များကိုမူ ကုန်းကြောင်း ရေကြောင်း အခမဲ့ စီးနင်းခွင့်ပြူသည့်အပြင် တနှစ်ကို ဆွမ်းစရိတ် ငွေတသောင်း ထောက်ပံ့သည်။

ဘွဲ့တံဆိပ်များ ယခုကဲ့သို့ ဖောင်းပွနေသည့်အကြောင်းများအနက် ကျမ်းများ မပြုစုဖူးဘဲ ငွေနှင့်လာဘ်ထိုးပြီး လျှောက်ယူ၍ရသည့် ဆရာတော်များလည်းရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ ဥက္ကဋ္ဌ ဆရာတော် ဦးခေမာစာရက အမိန့်ရှိသည်။

စစ်အစိုးရလက်ထက်တွင် သိန်း (၅ဝ) အထက် စစ်အစိုးရအား ပေးလှူနိုင်သူမှန်သမျှကို အမျိုးသား သူဌေး သူကြွယ်ဘွဲ့၊ အမျိုးသမီး သူဌေးသူကြွယ်ဘွဲ့များ ပေးလေ့ရှိသည်ဟု သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။ အမျိုးသားများအား ပေးသည့် သူဌေးဘွဲ့ (၄) မျိုးအနက် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓဇ ဘွဲ့မှာ အမြင့်ဆုံးဖြစ်ပြီး အမျိုးသမီးများအတွက် အဂ္ဂမဟာ သီရိသုဓမ္မ သိင်္ဂီဘွဲ့က အမြင့်ဆုံး ဖြစ်သည်။

အမြင့်ဆုံး အမျိုးသမီး သူဌေးသူကြွယ်ဘွဲ့ရသူတွေထဲတါင် ကမ္ဘောဇဘဏ်ပိုင်ရှင် ဆရာကျောင်းခေါ် ဦးအောင်ကိုဝင်း ၏ဇနီး ဒေါ်နန်းသန်းထွေး၊ ရွှေသံလွင်ကုမ္ပဏီပိုင်ရှင်၏ဇနီး ဒေါ်နီနီ စသည့်စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးသမားများ ပါဝင်သည်။

အမြင့်ဆုံး အမျိုးသား သူဌေးသူကြွယ်ဘွဲ့ ရသူများထဲတွင် နအဖစစ်ခေါင်းဆောင်များနှင့် ရင်းနှီးသူဟု နာမည်ထွက်သည့် ဇေကမ္ဘာ ကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ရင်းနှီးသူ ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းခေါ် ဆရာကျောင်း၊ အပစ်အခတ်ရပ်စဲရေးအဖွဲ့ဖြစ်သည့် ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် ခေါင်းဆောင် ဦးအောင်ခမ်းထီ စသည့် ပုဂ္ဂိုလ်များ ပါဝင်သည်။

ဦးအောင်ခမ်းထီသည် အပစ်အခတ်ရပ်စဲထားသည့် လက်နက်ကိုင်အဖွဲ့ (၁၇) ဖွဲ့အနက် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓဇ သူဌေးဘွဲ့ရသည့် တဦးတည်းသော တိုင်းရင်းသားခေါင်းဆောင် ဖြစ်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */