ပူတာအိုထောင်က ကိုအောင်သူ ကျန်းမာရေးမကောင်း

Thursday, January 15, 2009 ·

သတင်း NEJ ခေတ်ပြိုင် | မြန်မာပြည်မြောက်ဖျား၊ ပူတာအိုအကျဉ်းထောင်တွင် ထောင်ဒဏ် (၆၅)နှစ် ချမှတ်ခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုအောင်သူ၏ ခြေထောက်မှာ သေးလိုက်လာပြီး အစာ မျိုချ ရာတွင်လည်း အခက်ခဲဖြစ်ကာ ကျန်းမာရေးအခြေအနေဆိုးနေသည်။

ရာသီဥတုအေးလွန်းသည့်အတွက် ကိုအောင်သူ၏ကျန်းမာရေးထိခိုက်ခဲ့ရကြောင်း ဒီဇင်ဘာလကုန်ပိုင်းက ထောင်ဝင်စာတွေ့ခွင့်ရခဲ့သူ မိသားစုဝင်တဦးက ပြောသည်။

၎င်းက “ပူတာအိုရောက်တော့ သူက အကြောသိပ်မကောင်းဘူးလေ။ ခြေထောက်နည်းနည်းဆွဲသွားတယ်။ ခြေသလုံးလေးတွေ သေးလိုက်လာတယ်။ ရာသီဥတုအေးတဲ့ဒဏ်မခံနိုင်လို့ ခြေထောက်က ဆာသွားတယ်တဲ့။ အခုဆန်ပြုတ်ပဲ သောက်နိုင်တယ်။ ဆေးတွေလည်း မျိုနိုင်တဲ့ အားမရှိဘူး။ မနက်ဘက် အေးလာပြီဆို လျှာက တိုသလိုဖြစ်သွားတယ်တဲ့။ မျိုချဖို့ ခက်တယ်တဲ့” ဟု ပြောသည်။

ကိုအောင်သူအား (၃) ကြိမ်တွေ့ဆုံခဲ့ရပြီး (၂) ကြိမ်သာ တနာရီကြာတွေ့ဆုံရပြီး နောက်ဆုံးအကြိမ်တွင် (၁၅) မိနစ်မျှသာ တွေ့ဆုံခဲ့ရကြောင်း၊ ထောင်ဝင်စာတွေ့ခွင့်ကို အထက်က ပိတ်လိုက်သည့်အတွက် ပြန်လာခဲ့ ရကြောင်း လမ်းခုလတ်မှာရောက်ရှိနေသည့် ကိုအောင်သူ မိသားစုဝင်က ပြောသည်။

ပူတာအိုဒေသတွင် အစားအစာရှားပါးဈေးကြီးကာ ရာသီဥတုဆိုးဝါးသဖြင့် ထောင်ဝင်စာတွေ့ရသည့် အခက်အခဲမှာ အလွန်ကြီးမားပြီး ဒုက္ခမျိုးစုံဖြင့်ကြုံတွေ့ခဲ့ရကြောင်း ၁၉၉၈ လွတ်တော်ခေါ်ယူရေး တောင်းဆိုမှုဖြင့် ထောင်ဒဏ် (၅၂) နှစ်ချမှတ်ခံထားရသည့် ကိုမျိုးမင်းဇော်အား ထောင်ဝင်စာတွေ့ခဲ့ရသူ အသက် (၅၆) နှစ်ရှိ မိခင်ဖြစ်သူက ပြောသည်။

၎င်းက “မြို့ထဲကနေ ထောင်ကို သွားရတဲ့ခရီးက အတော်ပန်းတယ်။ ငွေသုံးနိုင်လို့ ကားနဲ့သွားရင် တသောင်းခွဲ၊ တသောင်းနှစ်ထောင် ရှိတယ်။ ဆိုင်ကယ်နဲ့ဆို ခုနှစ်ထောင်ပေါ့။ အစောပိုင်း တပတ်ကို နှစ်ကြိမ်တွေ့ရမယ် ဆိုတော့ သွားသေးတာပေါ့။ အက်စ်ဘီပါမှ တွေ့ရမယ်ဆိုတော့၊ တွေ့ရမယ် မတွေ့ရဘူးဆိုတာ သိပ်မသေချာတော့ဘူး။ ကျမတို့လည်း ဆိုင်ကယ်တောင် မငှားနိုင်လို့ တောလမ်းကပဲ ခြေလျင်သွားရတာပေါ့။ ခရီးကပန်း၊ အစားအသောက်ကလည်း နှစ်နပ်ကို တနပ်တည်းပေါင်းစားဆိုတော့ ကျမတောင် ပူတာအိုဆေးရုံမှာ (၃) ရက် တက်ခဲ့ရတယ်။ ရာသီဥတုကလည်း အေးတော့ မခံနိုင်ဘူးပေါ့။ ရှော့ခ်ဖြစ်သွားတယ်” ဟု ပြောသည်။

၂ဝဝ၇ ခုနှစ်၊ မေအတွင်း အမေရိကန်သံရုံးစင်တာ၌ မေဒေးနေ့အခမ်းအနားပြုလုပ်သည့်အမှုဖြင့် ပူတာအိုထောင်တွင် ထောင်ဒဏ် (၂၈) နှစ် ချမှတ်ခံထားရသူ ကိုဝေလင်းအား ထောင်ဝင်စာတွေ့ရန် ကြိုစားခဲ့ရာ ယခုနှစ်ဆန်းပိုင်းမှစ၍ ထောင်ဝင်စာတွေ့ခွင့် ပိတ်ခဲ့သည့်အတွက် လုံးဝတွေ့ခွင့်မရဘဲ ပြန်လာခဲ့ရကြောင်း အစ်ကိုဖြစ်သူက ပြောသည်။

၎င်းက “ကျနော်က အခုလ (၆) ရက်နေ့က ရောက်သွားတော့ ထောင်ဝင်စာပိတ်တဲ့အော်ဒါက ထွက်သွားပြီ။ တွေ့ရမလားဆိုပြီး လေးကြိမ်သွားခဲ့တယ်။ မတွေ့ရဘဲနဲ့ ငွေကုန် လူပန်းနဲ့ ပြန်လာခဲ့တယ်။ နောက် ထောင်ဝင်စာ ဘယ်တော့ ပြန်တွေ့ရမလဲဆိုတာ မသိရသေးဘူး” ဟု ပြောသည်။

နအဖက ကျောင်းသားခေါင်းဆောင်များအပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ပြီး ထောင်ဝင်စာတွေ့ရန် ခက်ခဲသည့် ဝေးလံခေါင်ဖျားဒေသရှိ ထောင်များကို ယမန်နှစ် နိုဝင်ဘာလ အတွင်းမှစ၍ ပို့ဆောင်ခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */