မြန်မာအလုပ်သမားတဦး ကားတိုက်ခံရ၍ သေဆုံး၊ တရားခံ ထွက်ပြေးလွတ်မြောက်နေဆဲ

Monday, January 19, 2009 ·

သတင်း ဖြိုးကြီး ရိုးမ၃ | ယခုလ (၁၇) ရက်နေ့ ညနေပိုင်းတွင် မြန်မာအလုပ်သမားနှစ်ဦး ကားတိုက်ခံရပြီး တဦးသေဆုံးကာ ကျန်တဦးမှာ မဲဆောက်ဆေးရုံကြီးတွင် ဆေးကုခံနေရသည်ကို မိသားစုဝင်များက ယနေ့မှ သိရှိရသည်ဟု ဆိုသည်။


သေဆုံးသူ ကိုဇော်ဌေးအောင်
မဲဆောက်မြို့၊ (တီကေလေး)အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင် နေသည့် ကိုဇော်ဌေးအောင်နှင့် ကိုနိုင်လင်းအောင် တို့ စက်ဘီး စီးလာစဉ် ကပ်ပီဘမ်းကျေးရွာအနီးရှိ အာရှအဝေးပြေးလမ်းမပေါ်တွင် အတိုက်ခံရခြင်း ဖြစ်သည်။

“သူတို့ ကားတိုက်ခံရတာကို ဒီနေ့မှသိတာ၊ အဲဒါတောင် အခု ဆေးရုံမှာ နိုင်လင်းအောင်က မသေဘူး၊ ဒါပေမဲ့ ဒဏ်ရာက တော်တော်ပြင်းတယ်၊ သူ့ကို သူ့သူငယ်ချင်းတယောက်က ဆေးရုံသွားရင်းတွေ့တော့ ဒီကိုလှမ်းပြီး ဖုန်းဆက်အကြောင်းကြားလို့ ကျနော်တို့ လိုက်သွားတာ၊ ဟိုရောက်တော့ ဇော်ဌေးအောင်ရဲ့အလောင်းကို ရေခဲတိုက်ထဲမှာ တွေ့တယ်၊ ပွဲချင်းပြီးဆုံးတာလားဆိုတာတော့ ကျနော် တို့လဲမသိရဘူး” ဟု သေဆုံးသူ၏ ညီက ပြောသည်။

ကိုဇော်ဌေးအောင်နှင့် ကိုနိုင်လင်းအောင်တို့ နှစ်ဦးသည် (၁၇) ရက်နေ့၊ ညနေ (၃) နာရီဝန်းကျင်ခန့်က နေအိမ်မှ ထွက်သွားပြီးနောက် မည်သည့်သတင်းမှ မကြားရဘဲ ပျောက်ဆုံးနေပြီး ယနေ့ နေ့လည်မှ ကားတိုက်ခံရကြောင်းကို သိရသည်ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့နှစ်ဦးအား တိုက်သွားသည့်ကားကို မြင်လိုက်ရပြီးနောက် ကားပိုင်ရှင်မှာ မောင်းပြေးသွားသဖြင့် မည်သူမည်ဝါဖြစ်သည်ကို မသိလိုက်ရကြောင်း အခင်းဖြစ်ပွားစဉ် အနီးဝန်းကျင်၌ရှိနေသည့် မျက်မြင်သက်သေ မြန်မာပြည်သားတဦးက ပြောသည်။

“ကျနော်က အဲဒီကားတိုက်တဲ့နေရာနဲ့ သိပ်မဝေးဘူး၊ ဈေးရောင်းနေတာ၊ သူတို့နှစ်ယောက်က စက်ဘီးနင်းလာရင်း ကားက တိုက်ပြီး မောင်းပြေးသွားတာ၊ ကားက အဖြူရောင် ဇိမ်ခံကားလေး၊ နောက်တော့ လူတွေဝိုင်းအုံလာပြီး လူနာတင်ကားလဲ ရောက်လာတော့ သူတို့ကို အဝတ်ဖြူအုပ်ပြီး တင်သွားတာ၊ အဲဒီနဲ့ သိပ်မဝေးတဲ့နေရာမှာ ထိုင်းရဲလည်း ရှိတယ်” ဟု မျက်မြင်သက်သေက ပြောသည်။

အဆိုပါ ကားတိုက်ခံရသူ နှစ်ဦးစလုံးတွင် အလုပ်သမားလက်မှတ်(ဘတ်)ရှိပြီး ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာအပြည့်အစုံရှိသော်လည်း သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များက ဆက်သွယ်အကြောင်းကြားခြင်းမရှိကြောင်း မိသားစုဝင်တဦးက ပြောသည်။

“အလုပ်သမားဘတ်မှာ ဆက်သွယ်ဖို့ လိပ်စာတွေအကုန်ရှိတာ၊ ဘာလို့မဆက်သွယ်တာလဲကို မသိဘူး၊ အခု ဆေးရုံမှာ မသေဘဲကျန်တဲ့ နိုင်လင်းအောင်ရဲ့အိတ်ထဲမှာ ဖုန်းနံပါတ်ရေးထားတဲ့ စာရွက်အပိုင်းလေးတခုတွေ့လို့ ဆက်ကြည့်တာ ထိုင်းရဲဖြစ်နေတယ်၊ ကျနော်တို့ကလဲ သိပ်နားမလည်တော့ အခြေနေကို ဘာမှ မသိဘူးဖြစ်နေတာ၊ နိုင်လင်းအောင်က စကားလဲမပြောနိုင်ဘူး၊ ဘာမှ မေးလို့မရသေးဘူး” ဟု ပြောသည်။

ယခုကားတိုက်ခံရပြီး သေဆုံးသွားသူ ကိုဇော်ဌေးအောင်မှာ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ညောင်ကန်ရွာသားဖြစ်ပြီး ၎င်းသေဆုံးချိန်တွင် ဇနီးဖြစ်သူ မဝင်းဝင်းမော်နှင့် သားသမီးနှစ်ဦး ကျန်ရစ်ခဲ့ကာ ကျန်ရစ်သူမိသားစုမှာ မဲဆောက်မြို့၊ (တီကေလေး) အထည်ချုပ်စက်ရုံအနီးတွင် နေထိုင်လျှက်ရှိသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */