မီးသတ်အဖွဲ့ရဲ့အားနည်းချက်ကြောင့် အဆုံးအရှုံးများပြား

Wednesday, January 28, 2009 ·

သတင်း ဘုန်းခိုင် ရိုးမ၃ | ရေနံချောင်းမြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွားရာ သက်ဆိုင်ရာမီးသတ်ဌာနက အချိန်မှီ ငြိမ်းသတ်နိုင်ခဲ့ခြင်းမရှိသည့်အတွက် အဆုံးအရှုံးများပြားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် သောကြာနေ့ညက ရေနံချောင်းမြို့နယ်၊ လေးတိုင်စင်ကျေးရွာတွင် စိတ်ရောဂါဝေဒနာရှင်တဦး ရှို့လိုက်သည့်မီးကြောင့် အိမ်ခြေ နှစ်ရာနီးပါး ဆုံးရှုံးသွားခဲ့ရပြီး ရေနံချောင်းမြို့နယ် မီးသတ်က ထိထိ ရောက်ရောက် လုပ်ဆောင်ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ ဆုံးရှုံးရခြင်းဖြစ်ကြောင်း ဒေသခံရွာသားတဦးက ပြောသည်။

“ည (၇) နာရီလောက်မှာ ဖြစ်တာ၊ မီးလောင်တော့ မီးသတ်ကားက သွားမငြိမ်းဘူး၊ တကယ်လို့ သွားမယ်ဆို ရင်ရတယ်၊ စက်နဲ့ငြိမ်းလို့ရတဲ့ကားက မသွားဘဲ ရေဘောက်ဆာလေးပဲ သွားတဲ့အခါကျတော့ မီးက မနိုင်ဘူး ဖြစ်တာ၊ ရှို့သွားတဲ့ လူကိုတော့ ဖမ်းလို့မိလိုက်တယ်” ဟု ပြောသည်။

မီးလောက်ခံလိုက်ရသည့် အိမ်ခြေအရေအတွက်မှာ (၁၇၅) အိမ်ဖြစ်ပြီး အဆိုပါအိမ်များတွင် နွားတင်းကုတ်များ အပါအဝင် လှောင်ထားသည့် ပဲ၊ နှမ်းများပါ ဆုံးရှုံးသွားကြောင်း အဆိုပါရွာသားက ဆက်ပြောသည်။

“အဲဒီအိမ်တွေက အိမ်ကြီးအိမ်ကောင်းတွေချည်းပဲ၊ နွားတင်ကုတ်တွေက တအိမ်ကို နှစ်လုံးလောက်ကို ရှိတာ၊ ပဲတွေ နှမ်းတွေ ဈေးမကောင်းတော့ မရောင်းရသေးဘဲ သိမ်းထားတာတွေကရှိတော့ ကာလပေါက်ဈေးနဲ့ဆိုရင် တော်တော်ကို ဆုံးရှုံးသွားတာ၊ လောလောဆယ်တော့ မတွက်ရသေးဘူး” ဟု ပြောသည်။

ယခုလက်ရှိ မီးဘေးဒုက္ခသည်များကို ရေနံချောင်းမြို့ပေါ်မှ ထမင်းထုပ်များ ပို့ပေးနေရပြီး အာဏာပိုင်များက မီးလောင်သွားသည့်နေရာတွင် ပြန်လည်နေထိုင်ခွင့်မပေးဘဲ ရပ်ကွက်အသစ်ပြန်ရိုက်ပေးမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မကြာခဏ မီးလောင်းမှုများဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့က အချိန်မှီ မီးငြိမ်းသတ်နိုင်ခြင်း မရှိသည့်အတွက် ဒေသခံပြည်သူများမှာ ဆုံးရှုံးမှုများနှင့်သာ ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောဆိုနေလျှက်ရှိသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */