တနေ့တည်း ဂျာနယ်အသစ် (၄) စောင်ထွက်

Friday, January 30, 2009 ·

သတင်း NEJ ခေတ်ပြိုင် | ဇန်နဝါရီ (၂၉) တနေ့တည်း ဂျာနယ်အသစ် (၄) စောင်ထွက်ပေါ်လာပြီး အချို့ ဂျာနယ်များ ထူးခြားမှု ရှိကြောင်း ဂျာနယ်လောကသားများက ပြောပြကြသည်။

အဆိုပါ ဂျာနယ်များမှာ Northern Star, Popular News, Phoenix နှင့် ဘုန်းရောင် ဂမ္ဘီရ ရသဂျာနယ်တို့ ဖြစ်ကြပြီး Northern Star ဂျာနယ်မှာမူ နိုင်ငံရေးအသားပေး ဂျာနယ်ဖြစ်ကြောင်း သိရသည်။

သတင်းဂျာနယ် အယ်ဒီတာတဦးက “အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနကို ဂျာနယ်ထုတ်ဖို့ လျှောက်ထားသူတွေ အများကြီးပဲ။ ချမပေးဘူး။ အထူးသဖြင့် သတင်းဂျာနယ်ဆိုရင် ချမပေးဘူး။ ဒါပေမယ့် ပြန်ကြားရေးဝန်ကြီးက သဘောကျရင်၊ ထိပ်ပိုင်း စစ်အာဏာပိုင် အသိုင်းအဝန်းနဲ့ နီးစပ်ရင်၊ ကျနော်တို့အခေါ် ပိုင်ရင်တော့ ချပေးတယ်။ ဒီလောကမှာ သတင်းဂျာနယ်အသစ် ချပေးဖို့ နေနေသာသာ ထုတ်ဝေနေတဲ့ ဂျာနယ်ကို စာမျက်နှာတိုးပြီး ထုတ်ချင်ပါတယ်လို့ တင်ပြတာတောင် ခွင့်ပြုချက် မပေးဘူး” ဟု ပြောသည်။

လက်ရှိ ထုတ်ဝေသည့် ဂျာနယ်များအနက် Northern Star ဂျာနယ်သည် နိုင်ငံရေးအသားပေး ဂျာနယ် ဖြစ်ကြောင်း ကြေညာထားချက်နှင့်အညီ နိုင်ငံရေးအကြောင်းအရာများကို အဓိကထား ဖော်ပြထားသည်ကို တွေ့ရသည်။

နိုင်ငံရေးအကြောင်းအရာများကို ဖော်ပြထားသည်ဆိုသော်လည်း စစ်အစိုးရနှင့် စစ်အစိုးရ၏ လမ်းပြမြေပုံ (၇) ချက်ကို ထောက်ခံသည့် သတင်း၊ ဆောင်းပါးများ၊ အန်အယ်လ်ဒီနှင့် အတိုက်အခံ နိုင်ငံရေးပါတီအုပ်စုများကို ရှုတ်ချ၊ အပုတ်ချသည့် သတင်းနှင့် ဆောင်းပါးများကိုသာ ထည့်သွင်းထားကြောင်း သိရသည်။

အဆိုပါ ဂျာနယ်ကို ပြန်ကြားရေးဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ ကာလများတွင် ကြံ့ဖွံ့အသင်းအတွက် ရည်ရွယ်၍ အယ်ဒီတာချုပ်အဖြစ် ဦးသီဟအောင်က ဆောင်ရွက်ပြီး အငြိမ်းစားဗိုလ်မှူးဝင်းတင်က ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျာနယ်နှင့် ပတ်သက်၍ ဝါရင့်သတင်းစာဆရာကြီးတဦးက ၁၉၈၈ စစ်အစိုးရအာဏာသိမ်းပြီးနောက်ပိုင်း စစ်ထောက်လှမ်းရေး၊ ကြံ့ဖွံ့နှင့် နိုင်ငံရေးဇာတ်ပျက်များ ထုတ်ဝေခဲ့ကြသည့် ဂျာနယ်၊ မဂ္ဂဇင်း များစွာ ရှိခဲ့ကြောင်း၊ စစ်အစိုးရကောင်းကြောင်း၊ အတိုက်အခံနှင့် ဒီမိုကရေစီ အင်အားစုအပါအဝင် ပြည်သူများ ဆိုးကြောင်း တဖက်သတ် ဝါဒဖြန့် ရေးသားခဲ့ကြသည့်အတွက် စာဖတ်သူများ၏ အားပေးမှုမရဘဲ အချိန်တို အတွင်း ရပ်ဆိုင်းသွားကြကြောင်း၊ ယခုလည်း ယခင်ပုံစံဟောင်း နိုင်ငံရေးဂျာနယ်ဖြစ်ခြင်းကြောင့် ပြည်သူများ၏ အားပေးမှု မရဘဲ မကြာမီ ရပ်ဆိုင်းသွားနိုင်ကြောင်း ဝေဖန်ပြောကြားသည်။

Popular News ဂျာနယ်မှာမူ ယခင် Popular ဂျာနယ်တိုက်ကပင် ထုတ်ဝေပြီး ပိုင်ရှင်က သေဆုံးသွားပြီ ဖြစ်သည့် ယခင် နအဖ အတွင်းရေးမှူး (၃) ဒု-ဗိုလ်ချုပ်ကြီးဝင်းမြင့်၏ သမီး ဖြစ်သည်။

အဆိုပါ ဂျာနယ်နှင့်ပတ်သက်၍ သတင်းဂျာနယ် အယ်ဒီတာတဦးက စစ်အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနက Popular News ဂျာနယ်ကိုလည်း လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ စစ်အစိုးရကို ထောက်ခံသည့် ဂျာနယ်တစောင်အဖြစ် ရပ်တည်နိုင်အောင် ထုတ်ဝေခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

၎င်းက ဆက်လက်၍ အဆိုပါဂျာနယ်ကို ဒု-ဗိုလ်မှူးကြီးဟောင်း ကိုကိုလှိုင်၊ မြသန်းစံ စသည့် စစ်အစိုးရကို ထောက်ခံ ဝါဒဖြန့်နေကြသည့် စစ်အရာရှိဟောင်းများနှင့် နေ့စဉ် သတင်းစာလုပ်ခဲ့သူများ ပါဝင်လုပ်ကိုင်နေကြပြီး စာပေစိစစ်ရေးကိုလည်း အလွန်သြဇာရှိကြောင်း၊ ၎င်းတို့ ဂျာနယ်တွင် ဖော်ပြထားသည့် ဆရာမောင်ဝံသ၏ နိုင်ငံရေးသမားကောင်း ဖြစ်မြောက်ရေး ဆိုသည့် ဆောင်းပါးသည် မိမိတို့ ဂျာနယ်၌ ဖော်ပြရန် တင်ပြ ခဲ့သော်လည်း ခွင့်ပြုချက် မရသည့် ဆောင်းပါးဖြစ်ကြောင်း၊ မိမိတို့ ဂျာနယ်က စာပေစိစစ်ရေးကို တယ်လီဖုန်းဖြင့် အကြောင်းကြားပြီး ခွင့်ပြုချက်တောင်းခံနိုင်သည့် တခုတည်းသော အခွင့်ထူးရ မီဒီယာဖြစ်ကြောင်း၊ Popular မှာမူ စာပေစိစစ်ရေးကို မိမိတို့ထက်ပင် ပိုသြဇာရှိသည့်ကို တွေ့ရကြောင်း ပြောသည်။

ကျန်ဂျာနယ်နှစ်စောင်အနက် Phoenix ဂျာနယ်သည့် ရုပ်ရှင်၊ တေးဂီတ အသားပေး ပေါ့ပ်ဂျာနယ်ဖြစ်ပြီး ဘုန်းရောင် ဂျာနယ်မှာမူ ဂမ္ဘီရလိုင်း ဂျာနယ်ဖြစ်သည်။

စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလအတွင်း ဂျာနယ်အသစ် (၆) စောင်နှင့် မဂ္ဂဇင်း အသစ် (၆) စောင် ထုတ်ဝေခွင့်ပြုထားကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */