ဒီချုပ်တွင် ဟောပြောပွဲလုပ်

Wednesday, January 28, 2009 ·

သတင်း ကိုဝိုင်း မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန် ရုံးချုပ်တွင် နှစ်ပတ်တကြိမ် လူငယ်ဟောပြောပွဲ တခုကို ယနေ့မွန်းလွဲက ပြုလုပ်ခဲ့သည်။


ရှေ့နေ ဦးသိန်းညွန့် ဦးဆောင်ဟောပြော ဆွေးနွေးနေစဉ်
သင်္ဃန်းကျွှန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဗဟို ဥပဒေအထောက်အကူပြု အဖွဲ့ဝင် ရှေ့နေ ဦးသိန်းညွန့်က "မြန်မာနိုင်ငံ ဥပဒေနှင့် လက်တွေ့ ပြဿနာများ" ဆိုသည့် ခေါင်းစဉ်နှင့် သွားခဲ့သည်။

ဦးသိန်းညွန့်က အန်အယ်ဒီ၏ မဟာဗျူဟာဖြစ်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေး။ နည်းဗျူဟာများဖြစ်သည့် တရား ဥပဒေ ဘောင်အတွင်းမှ ပါဝင်ရေး၊ နိုင်ငံရေးကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရေး အပေါ်အခြေခံ၍ ဥပဒေအကြောင်းအရာများ ပါဝင်ကြောင်း ဟောပြောပွဲသို့ ကိုယ်တိုင်တက်ရောက်ခဲ့သူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ဦးဝင်းတင်က "အန်အယ်ဒီက တလျှောက်လုံး နိုင်ငံရေး ပြဿနာတွေကို ဥပဒေကြောင်းအရ ဥပဒေဘောင်အတွင်းကပဲ ဖြေရှင်းခဲ့ပါတယ်။ အခုလည်း လုပ်နေတယ်ပေါ့ဗျာ။ အဲဒါကို ဥပဒေလမ်းကြောင်းတွေ အတွေ့အကြုံတွေနဲ့ ရှင်းပြသွားတာပေါ့ဗျာ" ဟု ပြောသည်။

မေးဖြေကဏ္ဍတွင် တောင်အာဖရိကနိုင်ငံတွင် ပြုလုပ်ခဲ့သော အသားရောင် ခွဲခြားအုပ်ချုပ်ခဲ့သော လူဖြူအစိုးရကို ဖြုတ်ချခဲ့သူများက အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပြုလုပ်ခဲ့သည့် Truth Commission အကြောင်းလည်း ပါရှိသည်။ ၀န်ခံမှုပြုလျှင် အပြစ်ကျူးလွန်ခဲ့သူများကို ခွင့်လွှတ်သည့် အစီအစဉ် ဖြစ်သည်။

ဟောပြောပွဲကို အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးဝင်းတင်၊ ဦးညွန့်ဝေ၊ သခင်စိုးမြင့်၊ ဦးခင်မောင်ဆွေတို့ အပါအ၀င်၊ လူငယ်များ၊ အမျိုးသမီးအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၅၀) ကျော် တက်ရောက်ခဲ့သည်။

ယနေ့ ဟောပြောပွဲသည် ရန်ကုန်တိုင်း လူငယ်အကူအညီပေးရေး အဖွဲ့နှင့် မြို့နယ်လူငယ်များ ပူးပေါင်းဆောင်ရွက်သည့် လူငယ်ပညာပေးရေး အစီအစဉ်အရ ကျင်းပခြင်း ဖြစ်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */