တခါသုံး GSM ဖုန်းကဒ်များ အရောင်းသွက်နေ

Saturday, December 13, 2008 ·

သတင်း သဲသဲ မဇ္ဈိမ | နယူးဒေလီ။ ။ မန္တလေးတိုင်း ပြင်ဦးလွင်အနီးရှိ ရတနာပုံ ဆိုက်ဘာစီးတီးတွင် ကျင်းပပြုလုပ်သည့် အိုင်စီတီ နည်းပညာပြပွဲ၌ ယနေ့ စတင်ရောင်းချသည့် တခါသုံး GSM ဖုန်းကဒ်များကို ကျိတ်ကျိတ်တိုး ၀ယ်ယူနေသည်။

မြန်မာ့ဆက်သွယ်ရေးဌာန၏ အရောင်းကိုယ်စားလှယ်ဖြစ်သော Central Marketing Co., ltd မှ တခါသုံး GSM ဖုန်းကဒ်များကို ယနေ့ ဖွင့်လှစ်လိုက်သည့် ပြပွဲတွင် စတင်ရောင်းချပေးရာ မြန်မာများသာမက နိုင်ငံခြားသားများပါ အားပေး ၀ယ်ယူနေကြသည်။

"ရိုးရိုး GSM တလုံးကို ၁၅ သိန်းပေးရတာ၊ အခု FEC ၂၀ (ကျပ်ငွေ - နှစ်သောင်း လေးထောင်ခန့်) လောက်နဲ့ တလလောက် သုံးနိုင်တော့ လူတွေက အရမ်းဝယ်နေကြတယ်" ဟု ကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာ ကိုစိုင်းက မဇ္ဈိမကို ပြောသည်။

တဦးလျှင် ဖုန်းကဒ် တကဒ်စီသာ ရောင်းချပေးခြင်း ဖြစ်သည်။ ပြပွဲရက်အတွင်း FEC 10 တန် ကဒ် တသောင်းနှင့် FEC 20 တန် ကဒ် တသောင်းကို နေ့စဉ် အချိုးကျ ရောင်းချပေးသွားရန်ပင် စီစဉ်နေသည်။

ဖုန်းကဒ်သက်တမ်း ကန့်သတ်မှုရှိပြီး ခေါ်ဆိုခနှုန်းထား မြင့်မားသော်လည်း FEC 10/20 နှင့်ပင် ၀ယ်ယူနိုင်သဖြင့် လူအများအပြား ၀ယ်ယူနေခြင်းဖြစ်ကြောင်း ပြပွဲတွင် ပါဝင်ပြသနေသည့် Fortune Int'l Co.,Ltd မှ မန်နေဂျာတဦးကလည်း ပြောသည်။

FEC 10 တန် ကဒ် အသုံးပြုနိုင်သည့် ကဒ်သက်တမ်းမှာ စတင်အသုံးပြုချိန်မှ ရက်သတ္တ ၂ ပတ်နှင့် FEC 20 တန်မှာ တလဖြစ်သည်။ ၀ယ်ယူရာ၌ နိုင်ငံခြားသားဖြစ်လျှင် ပတ်(စ)ပို့ ပြရပြီး၊ နိုင်ငံသားဖြစ်ပါက မှတ်ပုံတင်ပြရသည်။

ပြည်တွင်း ခေါ်ဆိုခ ကျသင့်ငွေမှာ တယူနစ်လျှင် FEC 00.30 ဖြစ်ပြီး၊ နိုင်ငံခြားသို့ ခေါ်ဆိုခမှာ မည်သည့် နိုင်ငံသို့မဆို တယူနစ်လျှင် FEC 1.50 ကုန်ကျမည်။ ဖုန်းအ၀င် လက်ခံပြောဆိုခမှာ ပြည်တွင်း-ပြည်ပ တမိနစ်လျှင် FEC 00.05 အဖြစ် သတ်မှတ်ထားသည်။ ထို့အပြင် SMS စာတိုလည်း ပေးပို့/လက်ခံနိုင်ပြီး အ၀င်အထွက်ကို FEC 00.05 ပေးဆောင်ရမည်။

တယ်လီဖုန်း ဆက်သွယ်ရေးကို မြန်မာနိုင်ငံ ဆက်သွယ်ရေး ဝန်ကြီးဌာနကသာ ပုံမှန်အားဖြင့် ထိန်းချုပ် ထားသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငှားရမ်းပေးခြင်းဖြစ်သော GSM မိုဘိုင်းဖုန်းလိုင်း (နံပါတ်) ပေါက်ဈေးမှာ ကျပ်ငွေ ၁၅ သိန်းခွဲဖြစ်သည်။ ပြင်ပဈေးကွက် ပေါက်ဈေးမှာမူ အနည်းဆုံး ကျပ်ငွေ ၁၇ သိန်းဖြစ်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */