လွှတ်တော်အမတ် ဦးအုန်းကြိုင် ပြန်လွတ်လာ

Saturday, December 13, 2008 ·

သတင်း သန်းထိုက်ဦး မဇ္ဈိမ | ချင်းမိုင်။ ။ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးနှင့် ပါတီအကြောင်းကို အာဏာပိုင် များက ၂ လကြာ ဖမ်းဆီးမေးမြန်း ပြီးနောက် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ဦးအုန်းကြိုင်ကို ယမန်နေ့က အင်းစိန်ထောင်မှ ပြန်လွှတ်ပေးလိုက်သည်။

အသက် ၆၃ နှစ်အရွယ် ဦးအုန်းကြိုင်သည် မန္တလေးတိုင်း အရှေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော် ကိုယ်စားလှယ်နှင့် ပါတီ၏ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ကာ ရှိထားသည့် အချက်အလက်များနှင့် ကွဲလွဲနေသည်ဟုဆိုကာ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

"သူတို့ (အာဏာပိုင်) သိထားတဲ့ အကြောင်းတွေလည်း ရှိမှာပေါ့ဗျ။ အဲဒါတွေ ကျနော်နဲ့ ဆွေးနွေးကြည့်တဲ့ အခါကျတော့ ကျနော့်အပေါ်မှာ သူတို့ သိထားတာတွေဟာ အကုန်လုံး ဘာမှ မဟုတ်တာတွေ သိသွားလို့ ပြန်လွှတ်ပေးခဲ့တာပါ" ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

အာဏာပိုင်ဘက်က သိရှိထားသည့် အချက်အလက်များ ဆိုသည်ကိုမူ သူက ပြောဆိုရန် ငြင်းဆိုခဲ့သည်။

သူ့ကို လက်ရှိနေထိုင်ရာ ရန်ကုန်တိုင်း တောင်ဥက္ကလာပ နေအိမ်မှ ဖမ်းဆီးသွားပြီး ညတွင်းချင်းပင် ပဲခူး ထောင်သို့ ပို့ဆောင်ကာ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ရန်ကုန် အင်းစိန်ထောင်သို့ ပို့ဆောင် ချုပ်နှောင် ထားခဲ့သည်။

ယခုလို ပြန်လွှတ်ပေးမည်ဟု ထင်မှတ်မထားသော်လည်း အင်းစိန်ထောင်မှူးတဦးက ပစ္စည်းများ သိမ်းဆည်းရန် နံနက် ၁၁ နာရီခန့်တွင် ပြောဆိုပြီးနောက် နေအိမ်သို့ ပြန်ပို့ပေးခဲ့ကြသည်။

"ကျနော်ဟာ မြစ်ဝကျွန်းပေါ်က မော်လမြိုင်ကျွန်းသားဖြစ်တယ်။ ကျနော့်ကို လူကြီးတွေက တာဝန်ပေးတယ်။ နာဂစ်အပြီးမှာ အဲဒီဒေသကို ရောက်သွားတဲ့အခါ အလွန်ကြီးမားတဲ့ ဒုက္ခတွေကို တွေ့လိုက်ရတော့ ရင်ထဲမှာ အတော်ကို ခံစားရတယ်။ အလွန်ကြီးမားတဲ့ ဂရုဏာနဲ့၊ စေတနာနဲ့ အစွမ်းကုန် ဆောင်ရွက်တာပေါ့လေ။ ကျနော့် ကော်မတီနဲ့တကွ အားလုံးပဲ ဆောင်ရွက်ကြပါတယ်" ဟု သူက ပြောသည်။

၁၉၉ဝ ခုနှစ် စက်တင်ဘာလတွင် အာဏာပိုင်များက နိုင်ငံတော် အကြည်ညိုပျက်စေရန် ရေးသားဖြန့်ဝေမှုနှင့် နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်သည်ဟု စွပ်စွဲခဲ့ကာ ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ်ပေးပြီးနောက် ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်တွင် ပဲခူးတိုင်း တောင်ငူထောင်မှ ပြန်လွတ်လာခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သည်။

ဦးအုန်းကြိုင်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင် တည်ထောင်စဉ် ကတည်းက ပါဝင်ခဲ့သူဖြစ်ကာ ဗဟိုကော်မတီအဖွဲ့ဝင် ဖြစ်ခဲ့သည်။ သူသည် သတင်းထောက်တဦးလည်း ဖြစ်ခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */