နာဂစ် မုန်တိုင်းဒဏ်ခံဒေသတွင် ကျန်းမာရေးအခြေအနေ စိုးရိမ်စရာရှိနေ

Saturday, December 13, 2008 ·

သတင်း မဇ္ဈိမ | နယူးဒေလီ (မဇ္ဈိမ) ။ ။ နာဂစ်ဆိုင်ကလုံးဒဏ်သင့်သူများကို အကူအညီပေးရမည့် ငွေကြေး အခြေအနေမှာ မလုံမလောက်ဖြစ်မှု ဆက်လက် ကြုံတွေ့နေပြီး ကျန်းမာရေးကဏ္ဍတွင် ပိုမို အလေးထား အားထုတ်မှု ပျက်ကွက်လျှင် လုပ်ခဲ့သမျှ သဲထဲရေသွန်သလို ဖြစ်သွားလိမ့်မည်ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အရာရှိက ပြောကြားလိုက်သည်။

ကုလသမဂ္ဂဌာနေဆိုင်ရာ လူသားချင်း စာနာထောက်ထား အကူအညီပေးရေး အရာရှိ ဘီရှိုး ပါရာဂျူးလီက ရန်ကုန်တွင် ကြာသပတေးနေ့က ပြုလုပ်သော အလှူရှင်များ အစည်းအဝေးတွင် သတိပေးပြောကြားရာတွင် " ကျန်းမာရေးစနစ်ကို အထောက်အကူဖြစ်စေဖို့ နောက်ထပ် အားစိုက်မလုပ်ကြရင်ဖြင့် ဒီနေ့ထိ ရင်းထားတာတွေ၊ ရလာပြီးသား ရလာဒ်ကောင်းတွေဟာ စိုးရိမ်ဖွယ်ရာ အန္တရာယ်ရှိနေတယ်" ဟု ပါရှိသည်။

မုန်တိုင်းဒဏ်သင့်သူများကို ကူညီရန် နိုင်ငံတကာသို့ မေတ္တာရပ်ခံထားသော ပမာဏတွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်မှာ ရောက်မလာသေးကြောင်း သူက ပြောသည်။ ကုလအဖွဲ့ကြီးက အမေရိကန်ဒေါ်လာ ၄၈၃ သန်း တောင်းခံထားသော်လည်း ဒေါ်လာ ၃၀၃ သန်းသာ ရသေးသည်။

နယ်စည်းမခြား ဆေးပညာရှင်များ အပါအဝင် အခြားသော အစည်းအဝေး တက်ရောက်သူများက ထောက်ပြ ပြောဆိုရာတွင် နိုင်ငံရေးအခြေအနေကို ထည့်သွင်းစဉ်းစားချက်သည် နောက်ထပ်အကူအညီများ မရရှိခြင်း၏ အကြောင်းတရပ် ဖြစ်သည်ဟု ဆိုသည်။

"မြန်မာပြည်မှာ ငှက်ဖျား၊ အိတ်ခ်ျအိုင်ဗီ-အေအိုင်ဒီအက်စ် ကာကွယ်ရေးနဲ့ ကုသရေး စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ရလာဒ်ကောင်းတွေ ရခဲ့တယ်။ ဒါပေမယ့်လည်း အလှူရှင်အတော်များများက အလှူငွေတွေ တိုးဖို့တော့ လက်တွန့် နေကြတုံးပဲ၊ ကျနော်ထင်တာတော့ နိုင်ငံရေး အခြေအနေကြောင့်လို့ ထင်တယ်။ ဒါကို နိုင်ငံသားတွေ ပေးဆပ် နေကြရတာ" ဟု ဟော်လန်အခြေစိုက် နယ်စည်းမခြား ဆေးပညာရှင်များအသင်းမှ ဖရင့်ခ် စမစ်သူးယစ်က ပြောသည်။

သြဂုတ်လအတွင်းက ကုလအဖွဲ့ကြီးက ၀န်ခံပြောကြားရာတွင် ဟောင်းနွမ်းနေပြီဖြစ်သော မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေ လဲလှယ်ရေး စနစ်ကြောင့် အလှူငွေ ဒေါ်လာ တသန်းခန့်မှာ မုန်တိုင်းဒဏ်သင့်သူများထံ မရောက် ရှိဘဲ ဖြစ်ခဲ့ရာသည်ဟု ဆိုရာ တကယ်တန်း ဆုံးရှုံးမှု ပမာဏ အဘယ်မျှရှိမည်ကို မေးခွန်း ထုတ်မှု များလည်း ပေါ်ပေါက်ခဲ့သည်။

အမေရိကန် သမတကတော် လော်ရာဘုရှ်ကတော့ လူ့အခွင့်အရေး ကြေညာစာတမ်း အနှစ် ၆၀ ပြည့် အခမ်းအနား တခုတွင် ထည့်သွင်း ပြောကြားသွားရာတွင် နာဂစ် မုန်တိုင်းဒဏ်သင့်သူများထံ အလှူငွေ ရောက်ရှိသည့် အထောက်အထား အနည်းငယ်ရှိသည်ဟု ဆိုသည်။

ဓာတ်ပုံများတွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းဒဏ်သင့်သူတို့ နေအိမ်များ ပြန်လည် ဆောက်လုပ် ကြရာ၌ အသုံးပြုသော ဆန်အိတ်ခွံများတွင် အမေရိကန် ကယ်ဆယ်ရေးအဖွဲ့ USAID နှင့် အမေရိကန် အလံများ ပါရှိနေခြင်းက အကုန်လုံး မဟုတ်တောင်မှ ကယ်ဆယ်ရေးပစ္စည်းအချို့ ရောက်ရှိခဲ့ခြင်း၏ သက်သေသာဓက ဖြစ်သည်ဟု သူမက ပြောသည်။

"ဒါကြောင့် ဆိုင်ကလုံးဒေသအတွက် ပို့လိုက်တဲ့ တချို့ ကယ်ဆယ်ရေးတွေ ရောက်ပြီး လူတွေ ရတယ်ဆိုတာ ကျမတို့ သိရတယ်" ဟု သူမက ပြောသည်။

အမေရိကန်အနေဖြင့် မြန်မာမုန်တိုင်းဒဏ် သင့်သူများအတွက် နောက်ထပ် ဒေါ်လာ ၅ သန်း အကူအညီ ပေးသွားမည် ဖြစ်ကြောင်းလည်း လော်ရာဘုရှ်က ကြေညာလိုက်သည်။ ထိုငွေများကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် World Food Programme နှင့် ကလေးများကယ်ဆယ်ရေး Save the Children တို့က တဆင့် ပေးလှူမှာဖြစ်ပြီး ရေသန့်ရရှိရေး၊ လုံလောက်သော အမိုးအကာရရှိရေး၊ အခြေခံ ကျန်းမာရေး ၀န်ဆောင်မှုနှင့် အခြား မရှိမဖြစ် အရေးကြီးသော ပစ္စည်းပစ္စယများ ၀ယ်ယူရေးတွင် အသုံးပြုရမည် ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မာက်ခ့် ကန်နင်းက အလှူရှင်များ အစည်းအဝေးကို ပြောကြား ရာတွင် ဗြိတိန်အစိုးရအနေဖြင့် မုန်တိုင်းဒဏ်သင့် ဒေသများသို့ အလှုငွေများ ပိုမို ရရှိစေလိုပါကြောင်းနှင့် ပိုမိုထည့်ဝင်ကြပါရန် ပါရှိသည်။

"ဒါကြောင့် ကျနော်တို့နဲ့ မိတ်ဆွေတွေဟာ တခြား နိုင်ငံတကာ အကူအညီတွေ ပိုရတာ ဖြစ်စေချင်ပါတယ်။ မြန်မာအစိုးရ အနေနဲ့လည်း ကျန်းမာရေးဂဏ္ဍတွေမှာ ပိုမိုငွေသုံးတာ ဖြစ်စေချင်ပါတယ်။ အဲသလိုဆိုရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အထောက်အပံ့တွေလည်း ပိုရလာနိုင်ပါတယ်" ဟု ကန်နင်းက ပြောသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */