တခါသုံး GSM ဖုန်းဆင်းကဒ်များ စမ်းသပ်ရောင်းချမည်

Friday, December 05, 2008 ·

သတင်း သဲသဲ မဇ္ဈိမ | နယူးဒေလီ။ ။ GSM လက်ကိုင်ဖုန်း နံပါတ်တပါတည်း ပါရှိသည့် ကြိုတင်ငွေချေကဒ်များကို ယခုလအတွင်း စတင်စမ်းသပ်ရောင်းချသွားခြင်းဖြင့် လက်ဝါးကြီးအုပ် ထိန်းချုပ်ခဲ့သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် အရဲစွန့်ခြေလှမ်း လှမ်းလိုက်သည်။

ဖုန်းနံပါတ် sim card တခုပါရှိမည်ဖြစ်ပြီး လက်ကိုင်ဖုန်း Hand set ရှိလျှင် ထိုနံပါတ်ကို တယ်လီဖုန်းအတွင်း ထည့်သွင်းအသုံးပြု ဆက်သွယ်မှု ပြုလုပ်၍ရမည့် GSM ဆင်းကဒ်များကို ဒီဇင်ဘာ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ မန္တလေးတိုင်း ပြင်ဦးလွင်အနီးရှိ ရတနာပုံ အိုင်တီစီပြပွဲတွင် Central Marketing Co.Ltd က ဖြန့်ဖြူးရောင်းချသွားမှာဖြစ်သည်။

ကုမ္ပဏီကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကိုယ်စားလှယ်ပေးလိုက်ခြင်းဖြစ်သည်။

FEC ၁၀ နှင့် ၂၀ တန်ဖိုးရှိ GSM ဖုန်း ကြိုတင်ငွေချေကဒ် နှစ်မျိုးကို စမ်းသပ်ကာလအဖြစ် ၃ လ ရောင်းချသွားမှာဖြစ်ကြောင်း ကုမ္ပဏီ ဈေးကွက်မန်နေဂျာ ကိုစိုင်းက မဇ္ဈိမကို ပြောသည်။

ပြပွဲတွင် ကဒ် တသောင်းခန့် ထုတ်လုပ်နိုင်ဖွယ်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးဌာနမှ အိုင်တီအင်ဂျင်နီယာချုပ် ဗိုလ်မှူးဇော်မင်းဦးက ပြောသည်။

FEC 10 တန် ကဒ် အသုံးပြုနိုင်သည့် သက်တမ်းမှာ စတင်အသုံးပြုချိန်မှ ရက်သတ္တ ၂ ပတ်နှင့် FEC 20 တန်မှာ တလဖြစ်သည်။ ကဒ်ဝယ်ယူရာ၌ နိုင်ငံခြားသားဖြစ်ပါက ပတ်(စ)ပို့ ပြရမည်ဖြစ်ကာ မြန်မာနိုင်ငံသားဖြစ်ပါက မှတ်ပုံတင်ပြ၍ ၀ယ်ယူရမည်။

ခေါ်ဆိုခ ကျသင့်နှုန်းထားများမှာ ပြည်တွင်း တယူနစ်လျှင် FEC 00.30 ဖြစ်ပြီး၊ နိုင်ငံခြားသို့ ခေါ်ဆိုနှုန်းထားမှာ မည်သည့် နိုင်ငံမဆို တယူနစ်လျှင် ဒေါ်လာ FEC 1.50 ကျခံရမည်ဖြစ်ကာ ဖုန်းလက်ခံ ပြောဆိုနှုန်းကို ပြည်တွင်းရော ပြည်ပကိုပါ တမိနစ်လျှင် FEC 00.05 အဖြစ် သတ်မှတ်ထားသည်။ ထို့အပြင် SMS စာတိုလည်း ပေးပို့/လက်ခံနိုင်ပြီး အ၀င်အထွက်လျှင် FEC 00.05 ပေးဆောင်ရမည်။

မြန်မာနိုင်ငံတွင် တယ်လီဖုန်းဆက်သွယ်ရေးကို ဆက်သွယ်ရေးဝန်ကြီးဌာနကသာလျှင် ပုံမှန်အားဖြင့် ထိန်းချုပ်ထားခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငှားရမ်းပေးခြင်းဖြစ်သော GSM မိုဘိုင်းဖုန်းလိုင်း (နံပါတ်) ပေါက်ဈေးမှာ ကျပ်ငွေ ၁၅ သိန်းခွဲဖြစ်ပြီး ပြင်ပဈေးကွက် ပေါက်ဈေးမှာမူ အနည်းဆုံး ကျပ်ငွေ ၁၇ သိန်းဖြစ်သည်။

အကန့်အသတ်ဖြင့် ရောင်းချခဲ့၍ အစိုးရ အရာရှိကြီးများနှင့် သူတို့၏ နီးစပ်သူများမှ ထုတ်ကာ ပြန်ရောင်းစား၍ ရသည့် ဈေးကွက်ကြီးဖြစ်သည်။

ထို့အပြင် SMS စနစ်ကိုလည်း ပြည်ပနှင့် ပေးပို့ခြင်းကို ပိတ်ထားပြီး ပြည်တွင်းပေးပို့ချက်ကိုမူ ထိန်းချုပ်စိစစ်ထားသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */