သတင်း မြင့်မောင် မဇ္ဈိမ | နယူးဒေလီ။ ။ မန္တလေးမြို့ အောင်ပင်လယ်ရပ် ၃၅ လမ်းထိပ်ရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တခု ယနေ့ နံနက်ပိုင်းက မီးလောင်ခဲ့သည်။
မေမြို့အထွက်လမ်းရှိ ပြည်ကျော် ဓာတ်ဆီဆိုင်တွင် နံနက် ၁၀ နာရီ ၄၀ မိနစ်မှ စတင်ကာ မိနစ် ၂၀ ခန့်အထိ ဓာတ်ဆီပေပါများ ပေါက်ကွဲလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
"အခုဟာက သူတဆိုင်ထဲ လောင်တာပါ။ ဆီပေပါ ၁၀ လုံးလောက် လောင်တာပါ။ လောင်တဲ့အထဲမှာ ကားတစီးလည်း ပါသွားတယ်" ဟု မန္တလေး ဗဟိုမီးသတ်ဌာနမှ တာဝန်ကျပုဂ္ဂိုလ်က မဇ္ဈိမကို ပြောသည်။
အောင်ပင်လယ်ရပ်ကွက်သည် လူနေအိမ်ခြေ ကျဲပါးကာ၊ ပုဂ္ဂလိက စက်သုံးဆီဆိုင်များ အများအပြားရှိသည်။
ယခုလ ၁ ရက်နေ့ကလည်း မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြီးအတွင်းရှိ ဆိုင်ခန်းများလည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
မန္တလေး ဓာတ်ဆီဆိုင် မီးလောင်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment