သတင်း ဆော်လမွန် မဇ္ဈိမ | နယူးဒေလီ။ ။ သတင်းစာဆရာကြီး ဦးဝင်းတင်သည် နှလုံးအားနည်းနေသဖြင့် ယမန်နေ့က ရန်ကုန် အထူးကုဆေးခန်းတွင် တက်ရောက်ကုသနေရသည်။
ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်ရှိ အင်းလျားလမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ ရန်ကုန် အထူးကုဆေးခန်း (္မညေါသသည္နနိငခေူ ဃနညအနမ) တွင် ကုသနေရခြင်းဖြစ်သည်။
“ဒီကနေ့ စစ်ဆေးစရာရှိတာတွေ ဆက်စစ်မယ်။ လူနာကတော့ နည်းနည်းတော့ သက်သာတာပေါ့နော်။ အတိအကျတော့ မသိသေးပါဘူး။ နှလုံးကတော့ အားမကောင်းဘူးရှင့်။ ပုံမှန်ခုန်တာမရှိလို့ ဆေးတွေ ပေးထားပါတယ်။ သွေးပေါင်ကျနေလို့ သွေးပေါင် ပြန်တင်ပေးနေတာပေါ့နော်။ လူကြီးဆိုတော့လေ စိုးရိမ် ရတယ်လို့လည်း ပြောနိုင်တာပေါ့နော်” ဟု သူက မဇ္ဈိမကို ပြောသည်။
ဆရာကြီးတွင် သွေးချိုရောဂါလည်း ရှိပြီး လက်ရှိ ချောင်းဆိုးနေကြောင်းနှင့် ကျန်းမာရေး အခြေအနေကို ပိုမိုသိရှိရန်အတွက် ရင်ဘတ်ကို ဓာတ်မှန်ရိုက်ထားသည်မှာ ယနေ့ ညနေပိုင်းတွင် အဖြေထွက်မည်ဟု သူနာပြုဆရာမက ပြောသည်။
အသက် ၇၉ နှစ်အရွယ် ဦးဝင်းတင်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အကျဉ်းထောင်မှ ပြန်လည်လွတ်လာကတည်းက သူငယ်ချင်း ဦးမောင်မောင်ခင်၏ နေအိမ်တွင် နေထိုင်သည်။
အဆက်မပြတ် ချောင်းဆိုးကာ အသက်ရှူရခက်ခဲလာရာမှ ဆေးရုံသို့ တင်လိုက်ရကြောင်း ဦးမောင်မောင်ခင်၏ သားဖြစ်သူ ဦးလှဦးက ပြောသည်။
ဆရာကြီး ဦးဝင်းတင်သည် ၁၉၈၉ ခုနှစ်အတွင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းထူထောင်ရာတွင် ပါဝင်ခဲ့ပြီးနောက် ၁၉ နှစ်ခန့် အကျဉ်းကျခံခဲ့ရသည်။ အဖမ်းအဆီး မခံရခင်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် လူအများက ပြောဆိုခဲ့ကြသည်။
သတင်းစာဆရာကြီး ဦးဝင်းတင် ဆေးရုံတက်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment