စင်္ကာပူရောက် မြန်မာများ ပြည်တော်ပြန်ရေး လေယာဉ်လက်မှတ် အခက်အခဲဖြစ်

Wednesday, December 17, 2008 ·

သတင်း နန်းဒေ၀ီ မဇ္ဈိမ | နယူးဒေလီ (မဇ္ဈိမ)။ ။ ဒီဇင်ဘာ အားလပ်ရက်အတွင်း ပြည်တော်ပြန် စင်္ကာပူရောက် မြန်မာများ များပြားနေသဖြင့် လေယာဉ်လက်မှတ် အချိန်မီရရှိရန် အခက်အခဲ ဖြစ်နေသည်။

ယခုလအတွင်း ခရစ်စမတ်၊ ၂၀၀၉ နှစ်သစ်ကူးနှင့် ဇန်န၀ါရီလ တရုတ်နှစ်သစ်ကူး ကာလများအတွင်း ကျောင်းနှင့် ရုံးပိတ်ရက် အားလပ်ရက်များတွင် နေရပ်ပြန်ကာ လည်ပတ်မည့် မြန်မာများ များပြားနေသည့် အတွက် လေယာဉ်လက်မှတ် ရရှိရေး ခက်ခဲနေခြင်း ဖြစ်သည်။

"လာမယ့် ဇန်န၀ါရီလကို မြန်မာပြည်ပြန်မလို့ လက်မှတ်ဝယ်ထားတာ စက်တင်ဘာလကတည်းက။ အခုတလော လူတွေပြုံနေတော့ လက်မှတ်တွေက ဘွတ်ကင်လုပ်ပြီးတာနဲ့ ပိုက်ဆံ ချက်ချင်း သွားချေရတယ်။ မဟုတ်ရင် waiting list ထဲ ရောက်သွားတတ်တယ်" ဟု စင်္ကာပူရောက် မြန်မာအင်ဂျင်ယာတဦးဖြစ်သူ မမေသွယ် က ပြောသည်။

MAI အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်းနှင့် စင်္ကာပူလေကြောင်းပိုင် SilkAir အဲလိုင်းတွင် မြန်မာပြည် အပြန်လက်မှတ် ကြိုတင်ယူထားသူ ပြည့်နေသည်ဟု စင်္ကာပူနိုင်ငံ ပင်နီဇွဲလားပလာဇာတွင် လေယာဉ်လက်မှတ် ရောင်းသည့် မြန်မာဆိုင်တဆိုင်က လက်မှတ်အရောင်း ၀န်ထမ်းတဦးကလည်း ယခုလို ပြောသည်။

သူက "ဘွတ်ကင်အပြည့်ပဲ အမရေ။ ဒီဇင်ဘာမှာ အပြည့်ပဲ။ ဇန်န၀ါရီလ ၂၃၊ ၂၄၊ ၂၅ အပြည့်ရှိတယ်။ လက်မှတ် လိုချင်တယ်ဆိုရင် ဇန်န၀ါရီ ၁၀ ရက် မတိုင်ခင်အထိ ဘွတ်ကင်ရမယ်။ ဖေဖော်ဝါရီလအတွင်းတော့ ချောင်သွား မှာပါ" ဟု ပြောသည်။

အလားတူ တရက်လျှင် ၂ ကြိမ်နှင့် တနင်္ဂနွေတွင် ၃ ကြိမ်အထိ ပြေးဆွဲနေသည့် ရန်ကုန်-စင်္ကာပူ SilkAir လေကြောင်းလိုင်း ခရီးစဉ်စဉ်တွင်လည်း လက်မှတ်များမှာ ဒီဇင်ဘာလအတွက် ဘွတ်ကင်အပြည့်ရှိကြောင်း ရန်ကုန်ရှိ SilkAir လေကြောင်းလိုင်း customer service မှ ကိုရဲကျော်က ပြောသည်။

"မြန်မာကော၊ နိုင်ငံခြားသားတွေပါ ပါတယ်။ ဒီအချိန်က အရင်နှစ်တွေလိုပဲ ခရီးသည် အများဆုံး သွားနေတဲ့ အချိန်ဆိုတော့ ခရီးစဉ်ကျပ်တယ်။ သွားချင်ရင်တော့ waiting list နဲ့တော့ ရတယ်။ . . ဒီဇင်ဘာလ ၂၂ ရက်နေ့အတွက် SilkAir လေကြောင်းလိုင်း တစီးထပ်တိုးမယ်။ တရက်ထဲပါ။ ခရီးစဉ် တအားကျပ်နေလို့ပါ" ဟု သူက ပြောသည်။

MAI ၏ ရက်သတ္တနှစ်ပတ်ခံ အသွားအပြန် လက်မှတ်ဖိုးခမှာ စင်္ကာပူဒေါ်လာ ၃၈၃၊ တလခံလက်မှတ်ဆိုလျှင် ၄၅၂ ဒေါ်လာနှင့် Silk ကမူ စင်္ကာပူဒေါ်လာ ၄၀၀ နှင့် ၄၄၀ အသီးသီးဖြစ်သည်။

ရန်ကုန်-စင်္ကာပူ-ရန်ကုန် လေကြောင်း ခရီးစဉ်များကို MAI နှင့် SilkAir တို့သာ ပြေးဆွဲနေပြီး၊ အဲပုဂံ (တေဇပိုင်) လေကြောင်းလိုင်းကို အမေရိကန်နိုင်ငံမှ စစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ပြီးနောက်ပိုင်း ခရီးစဉ်များ ရပ်နားခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */