အဋ္ဌမအကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ် ကုန်စည်ပြပွဲ ကျင်းပ

Wednesday, December 17, 2008 ·

သတင်း မျိုးကြီး မဇ္ဈိမ | ရွှေလီ (မဇ္ဈိမ)။ ။ အဋ္ဌမအကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို မြန်မာဘက်ခြမ်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုံတွင် ယနေ့ စတင်ကျင်းပနေပြီ ဖြစ်သည်။

၃ ရက်ကြာကျင်းပမည့် ယခုပြပွဲတွင် မြန်မာက ကုန်ပစ္စည်းပြခန်းပေါင်း ၈၀ ခန့်ဖြင့် သစ်တောထွက်၊ လယ်ယာ စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်းများ ခင်းကျင်းပြသနေသလို၊ တရုတ်ကလည်း ပြခန်း ၁၀၀ ကျော်ဖြင့် စက်မှုနှင့် လျှပ်စစ်ပစ္စည်းများ ပြသနေခြင်း ဖြစ်သည်။

"ဒီနေ့တော့ လူတော်တော်စည်တယ်။ တရုတ်တွေလည်း လာကြတယ်။ မြန်မာဘက်က စီးပွားကူးသန်းက ဒုဝန်ကြီး ဗိုလ်ချုပ်အောင်ထွန်း တက်ရောက်တယ်။ တရုတ်ဘက်ကတော့ တယ်ဟုတ်ပြည်နယ် ခွဲမှူးအဆင့်ပဲ လာဖြစ်တယ်'' ဟု လက်မှုအနုပညာပစ္စည်း ပြခန်းဖွင့်ထားသည့် မူဆယ် ကုန်သည်များ အသင်းဝင် ကုမ္ပဏီတခုမှ ၀န်ထမ်းတဦးက ပြောသည်။

မြန်မာက သစ်အချောထည် ပစ္စည်းများဖြစ်သည့် စားပွဲကုလားထိုင်၊ တိုင်းရင်းဆေးဝါးများ၊ ငါးသေတ္တာများ လယ်ယာထွက် ပဲ၊ ပြောင်း၊ နှမ်းနှင့် ကျောက်မျက် ရတနာများ အပါအ၀င် ပန်းချီပန်းပု အနုပညာပစ္စည်းများ ပြသနေသည်။

စက်မှု (၁) ၊ (၂) ၀န်ကြီးဌာနမှ ထွက်ကုန်ပစ္စည်းများ၊ ဦးပိုင်လီမိတက်မှ ကျောက်မျက် မြစ်ဝါကုမ္ပဏီနှင့် ရန်ကုန်၊ မန္တလေးမှ ကုမ္ပဏီများက သစ်အချောထည်ပစ္စည်းများ၊ မူဆယ်ကုန်သည်ကြီးများအသင်းက ပဲပြောင်းနှမ်းများ ပြသာ အဓိက မြင်တွေ့ရသည်က သစ်အချောထည်များသာဖြစ်ကြောင်း အဆိုပါ ၀န်ထမ်းက ပြောသည်။

မြန်မာကုန်သည်များသည် ပြခန်း တခန်းစီ ယူရသည့်အခါ ကျပ် ၁ သိန်းခွဲစီ ပေးဆောင်ရကြောင်း မူဆယ် ကုန်သည်ကြီးများ အသင်းမှ ကုန်သည်တဦးက ယခုလို ပြောသည်။

"တရုတ်ဘက်က လာပြတဲ့ ပြခန်းတွေတော့ မသိဘူးဗျ။ မြန်မာ ပြခန်းတွေကတော့ ၁၀ ပေ ပတ်လည် အခန်း တခန်းကို ၁ သိန်းခွဲပေးရတယ်။ တရုတ်ဘက်ကိုတော့ ပိုတောင်းသလား မသိဘူး'' ဟု သူက ပြောသည်။

အရောင်းအ၀ယ် ကိစ္စများတွင် ငွေလက်ငင်းချေ စနစ်အပြင် စာချုပ်စာတမ်းများလည်း အရောင်းအ၀ယ်လုပ်မည့် အစီအစဉ် ရှိကြောင်းနှင့် ပြပွဲသို့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံအား မြန်မာက ဖိတ်ကြားခဲ့သော်လည်း လာရောက်နိုင်ခြင်း မရှိကြောင်း အဆိုပါ ကုန်သည်က ဆက်ပြောသည်။

ယခုလို တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို ၂၀၀၁ ခုနှစ်မှ စတင်ကာ တရုတ်ဘက်ခြမ်း ကြယ်ခေါင်မြို့နှင့် မြန်မာဘက် မူဆယ်မြို့ မန်ဝိန်းကြီး ကားဝန်းအနီးတွင် နှစ်စဉ် တလှည့်စီ ပြောင်းရွှေ့ ကျင်းပလာရာ ယခု မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၌ ကျင်းပခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် တရုတ်ဘက်ခြမ်း ကြယ်ခေါင်မြို့၌ ကျင်းပခဲ့သည့် ပြပွဲတွင် ပြခန်းပေါင်း ၄၀၀ ခန့်ပြသခဲ့သည်။

ယခုနှစ် နိုဝင်ဘာလကုန်ပိုင်းက တရုတ်နိုင်ငံ ကွမ်းရှီးပြည်နယ် နန်နင်မြို့၌ ကျင်းပခဲ့သည့် ကုန်စည်ပြပွဲတခုတွင် မြန်မာ ၀န်ကြီးချုပ် သိန်းစိန်က ၂၀၀၇ ခုနှစ်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၁ ဒဿမ ၅ သန်းနှင့် ၂၀၀၈ ခုနှစ်တွင် ၂ ဒဿမ ၄ သန်းဖြစ်လာကြောင်း ပြောခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */