ရေနံချောင်း အန်အယ်ဒီ - လွတ်လပ်ရေးနေ့ စည်းဝေးပွဲ တားမြစ်ခံရ

Wednesday, December 17, 2008 ·

သတင်း မြင့်မောင် မဇ္ဈိမ | နယူးဒေလီ (မဇ္ဈိမ)။ ။ မကွေးတိုင်း ရေနံချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်း အဖွဲ့ဝင် ၁၀ ဦး၏ လွတ်လပ်ရေးနေ့ အကြို အစည်းအဝေးပွဲကို ဒေသအာဏာပိုင်များက ယနေ့ တားမြစ်ခဲ့သည်။

ရေနံချောင်းမြို့နယ် အန်အယ်ဒီ ဘဏ္ဍာရေးမှူး ဦးတင့်လွင် နေအိမ်တွင် အစည်းအဝေး လုပ်နေသည်ကို ရပ်ကွက် အာဏာပိုင်များက အကြိမ်ကြိမ် လာရောက် တားမြစ်ခဲ့ခြင်း ဖြစ်သည်။

"ရုံးတွေကို ပိတ်ထားတာ ၂၀၀၃ ခုနှစ်က စပိတ်ခဲ့တယ်။ ရုံးကိုလည်း ပိတ်ထားတယ်။ အဖွဲ့လုပ်ငန်းတွေ လုပ်တဲ့ အခါမှာ၊ အဖွဲ့ဝင်တွေ အိမ်မှာ လုပ်တဲ့အခါမှာ မလုပ်ရဘူးဆိုပြီး လာပိတ်တယ်။ ကျနော်တို့ လုပ်ငန်းတွေ လုပ်ဖို့ရာအတွက် ရုံးရှိဖို့လိုတယ်ဆိုပြီး မယက ၊ ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ ရုံးဖွင့်ဖို့ဆိုတဲ့စာ တင်ရအောင် မနက်ဖြန် သွားမယ်" ဟု ရေနံချောင်း မြို့နယ်စည်း အဖွဲ့ဝင် ကိုသန်းအောင်က ပြောသည်။

ရပ်ကွက် အေးချမ်းသာယာရေး ကောင်စီ - ရယက ဥက္ကဋ္ဌ ဦးလှိုင်မြင့်ဦးက မြို့နယ် မယက ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်းက တားမြစ်ခိုင်းသဖြင့် လာရောက်ရခြင်းဖြစ်ကြောင်း ပြောပြသလို၊ အစည်းအဝေး ကျင်းပချိန်တွင် အိမ်ပတ်ဝန်းကျင်၌ ရဲတပ်သား ၈ ဦးခန့် စောင့်ကြည့်နေခဲ့သည်ဟု သူက ပြောသည်။

ကိုသန်းအောင်က "'ကျနော်တို့က တရားဝင် ပါတီဖြစ်တယ်။ တရားဝင် လုပ်ငန်းတွေကို ဆွေးနွေးတိုင်ပင်တာတွေ ဆက်ပြီး လုပ်သွားမယ်" ဟု ပြောသည်။

အန်အယ်ဒီ မြို့နယ်စည်းများက ပါတီ ရှေ့လုပ်ငန်းစဉ်၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ အဖွဲ့ချုပ် အားနည်းချက် / အားနည်းချက်များကို ဆွေးနွေးခဲ့ကြသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */