ထူးကုမ္ပဏီက မလိခတည်းခိုခန်းကို လွှဲယူဦးမည်

Wednesday, December 17, 2008 ·

သတင်း ဇာနည် မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ ထူးမိသားစုပိုင် ခရီးသွားကုမ္ပဏီက မြန်မာနိုင်ငံမြောက်ဖျားပိုင်း ခရီးသွား အထင်ကရနေရာရှိ ပုဂ္ဂလိကပိုင် ဟိုတယ်တခုကို လွှဲပြောင်းယူပြန်ပြီ ဖြစ်သည်။

ကချင်ပြည်နယ်၊ ပူတာအိုမှ မူလာရှီးဒီးရွာရှိ ပုဂ္ဂလိကပိုင် ဟိုတယ် တခုဖြစ်သည့် မလိခတည်းခိုခန်း (Malikha Lodge)ကို Balloons Over Bagan ၏ ပိုင်ဆိုင်မှုမှ နအဖ ထိပ်တန်းခေါင်းဆောင်များနှင့် နီးစပ်သည်ဟု လူသိများသည့် ဦးတေဇ၏ ထူးလုပ်ငန်းစုများ လက်အောက်ရှိ Myanmar Treasure Resorts အပိုင်အဖြစ် လွှဲပြောင်းဝယ်ယူခဲ့ခြင်း ဖြစ်သည်။

"ဟုတ်ပါတယ်။ ပိုင်ရှင်ပြောင်းပါတယ်။ Management (စီမံခန့်ခွဲမှု) ကလည်း လောလောဆယ်မှာ Myanmar Treasure ကနေ သွားပါမယ်။ ဟိုတယ် Booking (အခန်းကြိုတင် မှာယူမှု)တွေ ငွေပေးချေမှုတွေ ကလည်း Myanmar Treasure ကနေပဲ လုပ်သွားမှာပါ" ဟု Myanmar Treasure အရောင်းမြှင့်တင်ရေးဌာန မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ထူးကုမ္ပဏီ၏ တလအတွင်း သုံးကြိမ်မြောက်ဖြစ်လာသည့် ပိုင်ဆိုင်မှု လွှဲပြောင်းခြင်းသည် ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှ စ၍ အသက်ဝင်မည် ဖြစ်သည်။

လုပ်ငန်းများ လွှဲပြောင်းစဉ်ကာလအတွင်း ဟိုတယ်အခန်းများ ကြိုတင်မှာယူမှုကို လာမည့် ဒီဇင်ဘာ ၂၀ ရက်နေ့ အထိသာ Balloons Over Bagan မှ လက်ခံဆောင်ရွက်မှာ ဖြစ်သည်။

လိခတည်းခိုခန်း မှ တာဝန်ရှိသူတဦးက "ကျနော်တို့ အခုကတည်းက Booking တွေကို Myanmar Treasure ကို လွှဲနေပါပြီ။ နောက်ပိုင်းဆိုရင် သူတို့ကိုပဲ တိုက်ရိုက် ဆက်သွယ်ရပါမယ်" ဟု မဇ္ဈိမကို ပြောပြသည်။

ဟိုတယ်တွင်း စီမံခန့်ခွဲမှုကို လက်ရှိအုပ်ချုပ်နေသော Balloons Over Bagan မှ Myanmar Treasure ၏ အုပ်ချုပ်မှု အသစ်အောက်တွင် မလုပ်လိုသော ၀န်ထမ်းများ အလုပ်နှုတ်ထွက်မှုများ ရှိနေသည်ဟုလည်း သိရသည်။

Balloons Over Bagan သည် မြန်မာ့ ရှေးဟောင်းမြို့တော် တခုဖြစ်သည့် ပုဂံတွင် လူလိုက်ပါ စီးနင်းနိုင်သည့် ဓာတ်ငွေ့သုံး မီးပုံးပျံများ စီးနင်းမှု လုပ်ငန်းကို မြန်မာပြည်တွင်း ပထမဆုံး လုပ်ဆောင်နေသော လုပ်ငန်းစု တခုဖြစ်သည်။

Malikha Lodge ကို အဆင့်မြင့် ဘန်ဂလို ၈လုံးဖြင့် ပူတာအိုလေဆိပ်မှ ၁၅ မိနစ်ခန့် ကားလမ်းဖြင့်သွားရသော မူလာရှီးဒီရွာ မူလာချောင်းဘေးတွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။

ပူတာအိုဒေသသည် ကမ္ဘာလှည့်ခရီးသည်များ အဖို့ တောတောင်တွင်း လမ်းလျှောက် ခရီးလှည့်လည်ခြင်း၊ မူလာချောင်းရိုးတလျှောက် အပျော်တမ်းလှေလှော်ခြင်း၊ သုတေသနလုပ်သူများနှင့် လေ့လာသူများအဖို့ ရှားပါး လိပ်ပြာများ၊ ကျေးငှက်များနှင့် သစ်ခွများကို လာရောက်လေ့လာကြသော ဒေသဖြစ်သည်။

ထူးလုပ်ငန်းစုများ အုပ်ချုပ်မှုအောက်မှ ဟိုတယ်လုပ်ငန်းတခုဖြစ်သည့် Aureum Palace ဟိုတယ်စုများ အောက်မှ Aureum ဟိုတယ်တခုမှာ ပူတာအို ဒေသတွင်ပင် တည်ဆောက်ဆဲ အဆင့်တွင် ရှိနေသည်။

Malikha Lodge ကို လတ်တလောတွင် မူလအမည်ဖြင့်သာ ဆက်လက် လုပ်ဆောင်နေဦးမည်ဟု သိရသည်။

ထူးလုပ်ငန်းစုမှ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း မန္တလေးတိုင်း ပြင်ဦးလွင်ရှိ ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဉ်အတွင်းမှ Kandawgyi Lodge နှင့် ပုပ္ပါးမှ Popa Mountain Resort တို့ကို Woodland Travels မှ ၀ယ်ယူခဲ့သေးသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */