အမေရိကန်သမ္မတအား ပေါက်သည့် ရှူးဖိနပ်ကို ဒေါ်လာ (၁၀) သန်းပေး

Wednesday, December 17, 2008 ·

သတင်း ကိုဝိုင်း မဇ္ဈိမ | အမေရိကန်သမ္မတဘုရှ်အား ပစ်ပေါက်ခဲ့သည့် ရှူးဖိနပ်ကို အမေရိကန်ဒေါ်လာ (၁၀) သန်းပေး ၀ယ်မည်ဟု ဆော်ဒီလူမျိုးတဦးက ကမ်းလှမ်းလိုက်သည်။

ဆော်ဒီအာရေးဘီးယား အနောက်တောင်ဘက်မှ အသက် (၆၀) အရွယ် Hassan Mohammad Makhafa က အီရတ် သတင်းထောက် ပစ်ပေါက်ခဲ့သော ရှူးဖိနပ်ကို ‘လွတ်မြောက်ရေးဆုတံဆိပ်’ အဖြစ် သတ်မှတ်ပြီး ၎င်း၏ ပိုင်ဆိုင်မှုအားလုံးကို ရောင်းချ၍ အမေရိကန် ဒေါ်လာ (၁၀) သန်း ပေးဝယ်မည်ဟုပြောကြောင်း Al Arabiya သတင်းဌာနက ဖော်ပြခဲ့သည်။

သို့သော် အမေရိကန်သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်အနေဖြင့် ၎င်းအား အီရတ်သတင်းထောက်က ရှူးဖိနပ်ဖြင့် ပစ်ပေါက်သည့် လုပ်ရပ်အပေါ် အလေးအနက်မထားကြောင်း အိမ်ဖြူတော်က ပြောသည်။

“သမ္မတအနေနဲ့ကတော့ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး အလေးအနက်မထားပါဘူး” ဟု သမ္မတဘုရှ်၏ ပြောခွင့်ရ အမျိုးသမီး Dana Perino က ပြောသည်။ ထို့အပြင် ယခု စော်ကားမှုနှင့်ပတ်သက်၍ အီရတ်တရားရေး စနစ်က သင့်လျော်သည့် အပြစ်ပေးမှုပြုလုပ်မည်ဟု သမ္မတဘုရှ်က ယုံကြည်ကြောင်းလည်း Dana Perino က ပြောသည်။

မစ္စတာဘုရှ်အနေဖြင့် ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိသော်လည်း ၎င်း၏ပြောခွင့်ရ အမျိုးသမီး Dana Perino မှာမူ ဖိနပ်ဖြင့်ပစ်ပေါက် သူ သတင်းထောက်ကို တားဆီးရန်ကြိုးစားသည့် ရုန်းရင်းဆန်ခတ်မှုအတွင်း ထိခိုက်ပြီး မျက်ကွင်းညိုသွားခဲ့သည်။

ဖိနပ်ဖြင့်ပစ်ပေါက်သူ သတင်းထောက် Muntadar al-Zaidi က ၎င်း၏အပြုအမှုအတွက် ယမန်နေ့၌ တရားသူကြီး ရှေ့တွင် ၀န်ခံ ခဲ့ကြောင်း အီရတ်တရားရုံးချုပ် ပြောခွင့်ရသူ Abdul Satar Birqadr က ပြောသည်။ အဆိုပါ သတင်းထောက်သည် ၀ိုင်းဝန်းဖမ်းဆီးခြင်းခံရမှုကြောင့် လက်မောင်းနှင့် နံရိုးကျိုးသွားပြီး ခန္ဓာကိုယ်တွင်း သွေးယိုစိမ့်မှုခံစားခဲ့ရကြောင်း ၎င်း၏ အစ်ကိုတော်သူ Dargham က ဘီဘီစီသို့ပြောခဲ့သော်လည်း ယင်းကိစ္စကို အီရတ်စစ်တပ်က ငြင်းဆိုခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */