ဧရာဝတီတိုင်းတွင် နာဂစ်ကြောင့် ဘုန်းကြီးကျောင်း (၂,၀၀၀) နီးပါးပျက်စီး (၇) လကြာသည်ထိ ပြုပြင်မှု နှေးကွေး

Thursday, December 11, 2008 ·

သတင်း NEJ ခေတ်ပြိုင် | နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး (၇) လကြာပြီဖြစ်သော်လည်း မုန်တိုင်းသင့် ဒေသများ ဖြစ်သည့် ဧရာဝတီတိုင်းရှိ နာဂစ်သင့်မြို့နယ်များအတွင်း မြို့ပေါ်နေထိုင်သူများနှင့် ကျေးရွာနေပြည်သူများ အစိုးရအကူအညီမရသည့်အ တွက် နေထိုင်ရန် အခက်အခဲများ ရှိနေဆဲဖြစ်သည်။

အဆိုပါအခက်အခဲများကို အစိုးရက ဖြေရှင်းမပေးသော်လည်း စေတနာရှင်များက ဧရာဝတီတိုင်းသို့ ကိုယ်တိုင် ဆင်း၍ နေအိမ်အခက်အခဲရှိသူများအတွက် နေအိမ်ဆောက်လုပ် လှူဒါန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ဖျာပုံ၊ ဒေးဒရဲ မြို့နယ်များအတွင်း ဘုန်းကြီးကျောင်းများသာမက ဘုရားပုထိုးစေတီးများပါ ပျက်စီးခဲ့ရသည်များ ရှိကြောင်း၊ ဘုရားပုထိုး စေတီများ ပြန်လည်ပြုပြင်ရန်ထက် ဘုန်းတော်ကြီးကျောင်းများမှာ အရေးကြီးကြောင်း၊ လာမည့် ၁၃၇၁ ခုနှစ်အတွက် ၀ါဆိုကြမည့် ရဟန်းသံဃာများ၏ ဘုန်းကြီးကျောင်းများ အမိုးအကာ လိုအပ် ချက်များ ရှိနေသေးကြောင်း သိရှိရသည်။

“ဒေးဒရဲမြို့နယ်မှာ ဘုန်းကြီးကျောင်းတွေ (၂၅၀) ကျော်ရှိမယ်။ အချို့ကျောင်းတွေက မုန်တိုင်းကြောင့် အားလုံး ပြိုတယ်။ အချို့က အမိုးအကာ လန်တယ်။ အချို့က အောက်ခြေကပဲ ယိုင်သွားတာရှိတယ်” ဟု ဒေးဒရဲမြို့နယ်ရှိ သာသနာရေးဆိုင်ရာ တာဝန်ရှိသူက ပြောသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၏ တရားဝင်ထုတ်ပြန်သော စာရင်းများအရ ဧရာဝတီ တိုင်းတွင် ဘုရား စေတီ (၃,၀၇၄) ဆူ၊ ဘုန်းကြီးကျောင်း (၁,၉၃၈) ကျောင်း၊ သီလရှင်ကျောင်း (၇၃) ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း (၁၈၂) ကျောင်း၊ မွတ်စလင်ဝတ်ပြုကျောင်း (၂၅) ကျောင်း၊ ဟိန္ဒူ ဘုရားကျောင်း (၂၂) ကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။

ဒေးဒရဲတွင် ကျေးရွာအုပ်စုပေါင်း (၉၃) အုပ်စုရှိသည့်အနက် မူလတန်းကျောင်း (၁၉၀) ကျော် ပျက်စီးသွားသည်။ ယခု ပြန်လည် တည်ဆောက်ပြီးစီးသည်မှာ ကျောင်း (၃၀) ကျော်ခန့်သာရှိသေးသည်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး၏ စာရင်းများအရ ပညာရေးကဏ္ဍအတွက် သုံးစွဲရန် ငွေကြေး သီးသန့် မထားရှိကြောင်း၊ ဧရာဝတီတိုင်းတွင် မူလတန်းကျောင်း (၁,၅၀၄) ကျောင်း၊ အလယ်တန်းကျောင်း (၁၃၉) ကျောင်း၊ အထက်တန်းကျောင်း (၆၉) ကျောင်း ပျက်စီးခဲ့ပြီး ပြန်လည်တည်ဆောက်မှုမှာ (၉၅) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နာဂစ်မုန်တိုင်းတိုက်ပြီး (၂) လခန့်ကြာမှ စိုက်ပျိုးခဲ့ရသော ဧရာဝတီတိုင်းမှ လယ်သမားများ ပြီးခဲ့သည့် မိုးစပါးများ ရိတ်သိမ်းပြီးစီးလု ဖြစ်နေကြရာ အထွက်နှုန်းများ ပြီးခဲ့သည့်နှစ်ကထက် ထက်ဝက်ခန့် လျော့ကျကြောင်း သိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */